အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)

Start from the beginning
                                    

ကံကောင်းထောက်မ၍ ကလေးငယ်လည်း အပြင်းမဖျားတော့ဘဲ၊ ရက်အနည်းငယ် ဆေးသောက်ဆေးစားလိုက်ရုံနှင့် သက်သာပျောက်ကင်းသွားသည်ဟုဆိုသည်။ နန်မော်ယဲ့လည်း မြင်းလှည်းနောက်တစ်စီးထပ်၀ယ်ရန် စေခိုင်းလိုက်ကာ ထိုသားအမိကို  ရှီးနန်သို့ အတူခေါ်ဆောင်သွားလေသည်။

လမ်းခရီးတစ်လျှောက် ကုသိုလ်ကောင်းမှုများများပြုထားမှ တော်ကာကျမည်၊ ဤကောင်းမှုများက တပည့်အကြီး၏ ဝေဒနာပျောက်ကင်းအောင်ကုသရေး၌ အထောက်အပံ့ ဖြစ်ကောင်းဖြစ်ပါစေလေ။

*******

နွေဥတုကုန်ဆုံးသွားတော့ ရာသီဥတုမှာ အနည်းငယ် ချမ်းအေးစပြုလာသည်။ သွမ့်ယောင်မှာ စားပွဲနားထိုင်ရင်း ထပ်ခါထပ်ခါ နှာချေနေရာ နှာဖျားများပင် ရဲတွတ်နေလျက်ရှိ၏။

ချူယွမ်က သမားတော်အား သွမ့်ယောင်အတွက် ဆေးညွှန်းရေးပေးခိုင်းသည့်အပြင် ၊ အခြွေအရံများကိုပါ နွေးထွေးသော အဝတ်သစ်များရှာခဲ့ပေးရန် မှာကြားလိုက်သေးသည်။ သို့နှင့် တစ်နေ့တစ်နေ့စားသော ထမင်းသုံးနပ်တိုင်းမှာ ယန်ဓာတ်ကိုအားဖြစ်စေသောဟင်းများဖြစ်သွားကာ ဆီဆားငရုတ် ဘာမှမပါတော့ ။ " အသားစားချင်ပါတယ်ဗျို့" ဟု အော်ငိုရလောက်သည့်အထိ အရသာမှာပေါ့ပျက်လွန်းနေသည်။ သို့သော် တစ်ဖက်ကလည်း ပီတိကိုနင့်နေအောင်ပင် ခံစားနေရ၏။

နောက်ဆုံးတော့ ငါ့မရီးတော်ကပဲ သဘောအကောင်းဆုံး။

*******

မြို့တော်သို့ အပြန်လမ်းတွင် ရွှမ်ထျဲန်းနှင့် သွမ့်ယောင်တို့က မြင်းလှည်းတစ်ခုတည်းတွင် အတူလိုက်ပါလာကြသည်။ မှူးမတ်အရာရှိများကတော့ လုံးဝနားမလည်နိုင်တော့။ သွမ့်ရှောင်ဝမ်ရယ်အား အတူခေါ်လာသည်ကို နားလည်ပေးနိုင်သေးပေမင့် အဘယ်ကြောင့်များ ထိုအဘိုးအိုကိုပါ ခေါ်လာခဲ့သနည်း။ ​မြောက်ဘက်ယာယီနန်းဆောင်တွင် ဆယ်နှစ်ကျော်နေထိုင်လာခဲ့ပြီး ကရုဏာသက်ဖွယ်ကောင်းလွန်းသည်မှန်သော်လည်း အဘယ်ကြောင့်များ ထိုအဘိုးအိုကို နန်းတော်ထိခေါ်ဆောင်သွားရသနည်း။

"လောင်ထောင်ရေ"

လျိုတာ့ကျုံ့က ဆိုလာ၏။

ဧကရာဇ်ဗျူဟာWhere stories live. Discover now