Episode 23 (Unicode)

Comenzar desde el principio
                                    

"ခေါင်းကိုက်နေလို့လား"

"အင်း"

"မောင် နှိပ်ပေးရမလား"

"ရပါတယ် မလုပ်နဲ့"

Jaemin , Renjun ခေါင်းကို ကိုင်ကာ အသာအယာ နှိပ်ပေးရင်း စကားလည်း ပြောလိုက်သည်။

"ဆောရီးပါ မောင် တကယ် တောင်းပန်ပါတယ် အူကြူးရယ် မောင် ..."

"အင်းပါ ထားလိုက်ပါတော့"

Jaemin လည်း Renjun ကိုယ်လေးကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။

"မောင့်ကို ခွင့်လွှတ်ပေးပါ အူကြူးရယ် .. မင်း ဒေါသထွက်လွန်းရင် တစ်ခုခုလုပ်လိုက်ပါ ဒါပေမယ့် ကိုယ့်ကို လမ်းခွဲတာနဲ့ ကိုယ့်အနားက ထွက်သွားဖို့တော့ မလုပ်ပါနဲ့ မောင် တောင်းပန်ပါတယ် မောင့်မှာ မင်း တစ်ယောက်တည်း ရှိတာပါကွာ"

"နောက် ငါ ရှင်းပြရင် သေချာ လက်ခံပေးပါ Jaemin ။ ရှင်းပြတာ နားထောင်ပြီးမှ မင်း ကြိုက်ရာ ဆုံးဖြတ်ပါ။ ခုနက ကိစ္စအတွက် ငါ မတောင်းပန်ချင်ဘူး။ မင်းကို ခွင့်လွှတ်ပေးထားပြီးသား ဆိုပေမယ့် နောက်တစ်ခါ ထပ်မဖြစ်စေဖို့တော့ သတိထားပေးပါ Jaemin"

"အင်း မောင် သတိထားပါ့မယ်။ မောင့်ကို ခွင့်လွှတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။"

အပိုင်း (ခ)

မီးရောင်စုံ ကြားထဲ ကနေကြသူများ။ ထ်ုကနေသူများထဲတွင် မိမိကိုယ်တိုင် အပါအဝင်ဖြစ်သည်။ စည်းချက်နဲ့အတူ ခန္ဓာကိုယ်ကို လှုပ်ရှားနေစဥ် ခါးကို လာ​ရောက် ပွေ့ဖက်တဲ့ အထိအတွေ့ကြောင့် Injun ရုတ်တရက် လန့်သွားမိသည်။ နောက်လှည့်ကြည့်တော့ သူ့၏ နှစ်ယောက်မရှိပါသော Lee Jeno ပင်။

"Jeno ???"

"အင်း ဒီမှာ ဘာလုပ်နေတာလဲ"

"ငါ့သူငယ်ချင်းတစ်ယောက် မွေးနေ့မလို့ ခေါ်လို့လာတာလေ"

"အော် အဲ့လိုလား ထားတော့ လာ လိုက်ခဲ့"

"ဘယ်ကို ... ဖြေးဖြေးဆွဲစမ်းပါ လက်နာတယ်"

လူအုပ်ကြီးကြားထဲ တိုးထွက်ပြီးတဲ့နောက် ဝိုင်းတစ်နေရာကို ရှာပြီး ဝင်ထိုင်လိုက်သည့် Jeno။ Injun ကို ဆုပ်ကိုင်ထားသည့် လက်ကတော့ ခုထိ မဖြုတ်သေး။ Injun လည်း Jeno တွဲထားသည့် လက်ကို နောက်လက်တစ်ဖက်ဖြင့် ဆွဲခွာဖို့ လုပ်လိုက်သည်။

Photographer & Guitarist [JaemRen+NoRen]Donde viven las historias. Descúbrelo ahora