Luhan လေးမှာတော့ စောင့်နေရှာတာ နေ့လည်ထမင်းမစားရသေးဘဲနဲ့ပေါ့ ဗိုက်ဆာလို့ ဗိုက်ကလဲအောင့်လာတာ ဗိုက်အောင့်တာကို ကြိတ်မှိတ်ခံရင်း သူ့ရဲ့ ဒါလင်လေးကို စောင့်ရင်းနဲ့အိပ်ပျော်သွားလေရဲ့


Se က အစည်းအဝေးကို ခဏပဲထင်ထားတာ ဒါပေမဲ့ ထင်ထားတဲ့အချိန်ထက် ကြာသွားခဲ့တယ် အစည်းအဝေးပြီးလို့ နာရီကြည့်လိုက်တော့ ၆နာရီ ထိုးခါနီး မှောင်နေပြီလေ လက်စသတ်ပြီးတော့ ရုံးခန်းဆီသို့ ဦးတည်သွားတာပေါ့

ဆိုဖာပေါ်မှာ လှဲနေတဲ့ ကိုယ့်ရဲ့ ဟန်လေး ကိုတွေ့လိုက်ရတာပေါ့ နဖူးပေါ်ကဆံပင်လေးကို သပ်တင်ပေးလိုက်ပြီးတော့ အမြတ်တနိုးလေး နမ်းလိုက်တယ် ပြီးတော့ မျက်နှာလေးကို ထိုင်ကြည့်ရင်းနဲ့ အချိန်နောက်ကျမှာစိုးတာကြောင့် နှိုးလိုက်တယ်






Se သူ့ရဲ့ နှာခေါင်းလေးတွေကို ဟန်ရဲ့ပါးပြင်ထက်မှာ နမ်းရှိုက်ပြီးတော့ ခေါ်နှိုးလိုက်တယ်

Se '' ဟန်လေး ထတော့...... ''

ဟိုက လှုပ်တောင်မလှုပ်ဘူး

Se'' ဟန်လေးရေ ကိုယ့်ကိုစိတ်ပြန်ကောက်နေတာလား မကောက်နဲ့လေ ပြန်ချော့မယ်နော် ကိုယ်ချော့မယ် ''

Se လဲ ဘာလို့မနှိုးတာလဲပေါ့ နောက်တော့မှ သူ့ရဲ့ဟန်လေး အစာအိမ်ရောဂါရှိတာကိုသတိထားမိပြီးတော့ ဟန်လေးကိုသေသေချာချာပြန်ကြည့်လိုက်တဲအခါ လည်ပင်းနားမှာ ချွေးစေးလေးတွေကိုတွေ့လိုက်ရတယ်

Se'' ဟန်လေး ဟန်လေး......မဖြစ်ဘူး ဆေးရုံသွားရမယ် ''

Se စိုးရိမ်တကြီးနဲ့ lu ကို ချီကာ ဆေးရုံကို မောင်းချလာခဲ့တယ်

လမ်းမှာဖြတ်ခဲ့တဲ့ မီးနီတွေ မော်တော်ပီကယ်တွေ ဂရုမစိုက်နိုင်တော့ဘူး

သူသိတာက သူ့ရဲ့ဟန်လေး အမြန်နိုးလာဖို့နဲ့ ရောဂါသက်သာသွားဖို့ပဲ



Se ကားကို မြန်ဆန်စွာမောင်းရင်းနဲ့ပဲ ရေရွတ်နေမိတာက

Se'' ဟန်လေး အားတင်းထားနော် ကိုယ်ပစ်ထားသလိုဖြစ်မိသွားတယ် တောင်းပန်ရဦးမယ်လေနော် ကိုယ့်ကိုမထားခဲ့ပါနဲ့နော်...... အားတင်းထားနော် ဟန်လေး ''

အမြဲတမ်းမင်းအနားမှာ (Completed) Where stories live. Discover now