"ဟုတ်ကဲ့ ကျန့်ကော ကျွန်တော်ကို ဖက်ခွင့်ပြုပါလား"

"အာ..."

"နော်....နော်"

"အင်း"

ရိပေါ်သူ့ကိုကိုရဲ့ ကိုယ်လုံးပိန်ပိန်လေးကို သိမ်းကျုံးပြီးဖက်လိုက်တယ်။

"အားပြည့်သွားပြီ မနက်ဖြန် ပထမဆုယူခဲ့မယ်နော် ကျန့်ကော"

"အင်း...fighting"

ရိပေါ် ပျော်တယ် သူ့ကိုကိုကို ခဏလေးဖက်ခွင့်ရလိုက်တယ်။ စက္ကန့်ပိုင်းလောက်ပဲ ဆိုပေမဲ့ သူ့ကိုကိုရဲ့ ကိုယ်သင်းရနံလေးကို ခိုးရှူခဲ့တယ်။ တကယ့်ကို မနက်ဖြန် အတွက်အင်အားတွေပြည့်သွားပြီ။
______________________
ဒီနေ့ ရှောင်းကျန့် နေမထိထိုင်မသာ ဖြစ်နေတယ်။ သူရိပေါ်ရဲ့ ပြိုင်ပွဲကိုကြည့်ချင်တယ်။ ဒါပေမဲ့ အလုပ်ကိစ္စနဲ့ ကိုးရီးယားကို သွားဖို့ကလဲရှိတယ်။ Seoulမှာ လုပ်မဲ့ဒီဇိုင်းပြပွဲအတွက် boss က သူ့ဒီဇိုင်းကိုရွေးထားတော့ သူမလိုက်လို့ကလဲမရ။

"ရှောင်းကျန့် သွားရအောင်"

"ဟုတ်ကဲ့ boss"

ရှောင်းကျန့် ရိပေါ် အဆင်ပြေပြေနဲ့ ပြိုင်ပွဲပီးသွားအောင်သာ ဆုတောင်းနေလိုက်တယ်။

ရှောင်းကျန့် Seoul ရောက်တဲ့ထိ စိတ်တွေလေးနေတယ်။ သူကိုယ်တိုင်ဘာဖြစ်မှန်းမသိ။ ဒီအချိန်လောက်ဆို ရိပေါ်ရဲ့ ပြိုင်ပွဲလဲပြီးသွားလောက်ပြီ။ သူ့မှာဖုန်းလေးကိုင်ဖို့တောင် အချိန်မပေးနိုင်သေးဘူး။

ဒီလိုနဲ့ပဲ ရှောင်းကျန့်တစ်​ယောက်ကိုးရီးယားမှာ တစ်ပတ်လောက်ကြာသွားတယ်။

ဒီဇိုင်းပြပွဲမှာ ရှောင်းကျန့်ရဲ့ ဒီဇိုင်းက တော်တော်လူကြိုက်များခဲ့တယ်။ ဟိုကဒီက ရှောင်းကျန့်ကို ကမ်းလှမ်းကြတာ အတော်များများပဲ။ ရှောင်းကျန့်ကတော့ ယဥ်ယဥ်ကျေးကျေးပဲ ငြင်းခဲ့တယ်။

ရှောင်းကျန့် Beijing ကိုပြန်ရောက်ရောက်ချင်း ဖုန်းဖွင့်ကြည့်လိုက်တယ်။ ရိပေါ်ရဲ့ ပြိုင်ပွဲမှာ accident ဖြစ်လို့ ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့ သတင်းက ရင်ဝကို​ဆောင့်ကန်လိုက်သလိုပဲ။ ရှောင်းကျန့်အထုပ်တွေတောင် နေရာမချနိုင်ဘဲ ချက်ချင်းပြေးထွက်သွားတယ်။

Have You Ever Been In Love?Onde histórias criam vida. Descubra agora