ရှောင်းကျန့် ရေသောက်နေရင်းက ခေါင်းညိတ်ပြလိုက်တယ်။

"ခုနကလေ ဒီvideo ကိုကြည့်ပြီးတော့ ဝမ်ရိပေါ်ပြောတဲ့ မိန်းကလေးပုံကို စဥ်းစားလိုက်တာ ရှောင်းကျန့်ကောကောကို ပြေးမြင်မိတယ်သိလား....ဟားဟား"

"ဖူး...အဟွတ်...အဟွတ်"

ရှောင်းကျန့် လန့်ပြီးရေတွေတောင်သီးကုန်တယ်။ နဂိုထဲက မလုံမလဲဖြစ်နေတာကို သူပြောလိုက်တော့ ပိိုဆိုးသွားတယ်။

"ကောကလဲ စတာပါ...စိတ်မဆိုးနဲ့နော်...တကယ်ဆို...သူပြောတဲ့ ယုန်သွားလေးနဲ့ မှဲ့လေးက ကောကောမှာ ရှိတာပဲဟာ...ဒါပေမဲ့ကောကယောကျ်ားလေး...ဟဲဟဲ..."

"တော်ပါတော့ဟာ...boss မြင်ရင်အလုပ်မလုပ်ဘဲ စကား​ပြောနေရင် ဆူနေလိမ့်မယ် အလုပ်သွားလုပ်တော့"

"ဟုတ်ပါပြီ ကောကလဲ"

ဝမ်ရိပေါ်...ဝမ်ရိပေါ်...တော်​တော်မလွယ်တဲ့ကောင်လေးပဲ ငါ့ပါလက်ဆွဲပြီးခေါ်မသွားတာကံကောင်း......ရှောင်းကျန့်မင်းကလဲ ဘာဖြစ်နေတာလဲ ကျေနပ်နေတာလား...မင်းရူးနေလားမင်း....။
_______________________
ရှောင်းကျန့် အိမ်ပြန်လာတော့ အရှေ့မှာ ရိပေါ်က ရပ်စောင့်နေတယ်။

"ရိပေါ်"

"ကျန့်ကော..."

"လာအိမ်ထဲလိုက်ခဲ့"

အိမ်ထဲလိုက်ခဲ့တဲ့ ကျန့်ကောကတော့ လူကိုရင်ခုန်အောင်သိပ်လုပ်တယ်။

"ရိပေါ် ငါမင်းရဲ့ interview ကြည့်ပြီးပြီ။"

"ဟုတ်လားကောင်းတာပေါ့"

"မင်းကအဲ့လိုကြီးပြောတော့ လူတွေတစ်မျိုးထင်မှာပေါ့ကွ။"

"ထင်လဲကျွန်တော်ဂရုမစိုက်ပါဘူး။"

"မင်းကတော့ကွာ....."

"ကျန့်ကောအဲ့တာထက် ကျွန်တော်ပြောစရာရှိတယ် မနက်ဖြန်ကျွန်တော်ဆိုင်ကယ်ပြိုင်ပွဲဝင်ရမှာ"

"ဟုတ်လား ဘယ်ကပွဲလဲ"

"YAMAHA ကပွဲပါ။ ကျွန်တော့်idol Rossieတောင် ကျွန်တော့အတွက် ဆုတောင်းပေးထားတယ်။ ကောလဲ ကျွန်တော့အတွက်ဆုတောင်းပေး"

"အင်း...ပထမဆုရပါစေ။ တကယ်တော့ ဆုမရလဲ ကိစ္စမရှိပါဘူး ဂရုစိုက်ပါ ဒဏ်ရာမရစေနဲ့"

Have You Ever Been In Love?Tempat cerita menjadi hidup. Temukan sekarang