အပိုင်း(1)unicode

48K 2.2K 21
                                    

"မင်းတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ မေမေတို့ စီစဥ်ထားတယ်။ "

"ဗျာ ....
ဗျာ ...."

အံ့သြသွားသည့်အမူအရာနှင့်အတူ ထိန့်လန့်ဖွယ် အသံနှစ်စုံဟာ စားသောက်ဆိုင်၏ သီးသန့်အခန်းထဲ၌ ကျယ်လောင်စွာမြည်ဟီးသွားသည်။
သီးသန့်ယူထားသည့် (vip room) အခန်းထဲ၌မို့သာတော်သေးသည်။ သို့မဟုတ်ပါက တခြားစားသုံးသူများပါ လန့်ဖျပ်သွားကုန်လိမ့်မည်။

သူတို့နှစ်ဦးစလုံး မိဘတွေကိုသာတအံ့တသြကြည့်နေမိကြသည်။ ယခုထိတိုင် အခြေနေတွေကိုသူတို့ နားမလည်နိုင်သေးပေ။

" မေမေ အတည်ပြောနေတာလား "

လွန်းခတ်ပိုင် အမေးကို ဒေါ်မြင့်သူဇာက ပြုံး၍ခေါင်းညိမ့်ပြသည်။

ရှိုင်းဆက်အာဏာသည်လည်း သူ့၏မိဘနှစ်ပါးကို အဓိပ်ပါယျပါသော မျက်ဝန်းတစ်စုံဖြင့်ကြည့်လာသည်။ ထိုကိစ္စဟာ အမှန်တကယ်ပဲလားဆိုသည့်သဘော။

ဦးအာဏာနဲ့ ဒေါ်နုယဥ် တို့၏ အဖြေဟာလည်း ထိုနည်း၎င်းပင်။

လက်ရှိအခြေနေကို ဘယ်လိုမှလက်သင့်မခံနိုင်သေးသည့် သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်မိကြ၏။ ရိုးရိုးညစာစားပွဲလေးက ဘယ်လိုကနေ ဘယ်လိုသူတို့နှစ်ယောက်လက်ထပ်ပေးမည့်အကြောင်းအရင်းဖြစ်လာမှန်းကိုနားမလည်နိုင်ကြတော့ပေ။
.
.
.

လွန်ခဲ့သော သံုးနာရီခန့်က..........

" သားရေ အဆင်သင့်ဖြစ်ပြီလား။ မေမေတို့နောက်ကျရင်မကောင်းဘူးကွယ် ။နုတို့ကို အားနာစရာကြီး။"

အောက်ထပ်မှ မေမေ၏ အော်ခေါ်သံကြောင့် လွန်းခတ်ပိုင်တစ်ယောက်သည် Alexandre Christie နာရီကို ဘယ်ဘက်လောက်ကောက်ဝတ်တွင်ပတ်နေရင်းမှ အောက်ထပ်သို့ အမြန်ပြေးဆင်းလာလိုက်သည်။

" လာပါပြီဗျာ။ "

"သားပြီးပြီဆိုတော့ သွားကြရအောင် "

" မာလာရေ အိမ်တံခါးသေချာပိတ်ထားအုန်းနော်။ "

အိမ်အပြင်ထွက်ခါနီး မေမေက မာလာကို အမှာတမ်းခြွေ နေသေးတာကြောင့် သူကားပေါ်ကနေသာထိုင်စောင့်နေလိုက်သည်။

𝙁𝙖𝙡𝙡𝙞𝙣𝙜 𝙄𝙣 𝙇𝙤𝙫𝙚 (Complete )Where stories live. Discover now