ပြဿနာရှာခြင်း၏ နောက်ဆက်တွဲ

Start from the beginning
                                    

_စားသောက်ဆိုင် တစ်နေရာ၌_

"သူငယ်ချင်းတွေက အရမ်းဂရုစိုက်ကြတယ် မှန်တယ်ဟုတ် အားကျင်း ငါမင်းနဲ့မိတ်ဆွေဖြစ်တာ မမှားဘူး"
အသားဖြူဖြူနှင့်လူရွယ်တစ်ဦးသည် ကြက်ကြော်ကို
အငမ်းမရပယ်ပယ်နယ်နယ် ဆွဲနေသည် သူ့စကားများ
ကတော့ သူ့ရှေ့ကလူကိုညွှန်နေသည်

အားကျင်းဆိုတဲ့သူက သူ့ထင်မြင်ချက်ကို ချက်ချင်းဆို
သလိုငြင်းဖို့ကြိုးစားတယ် သူ့လက်တွေယမ်းခါရင်း
"အဲ့လိုမပြောပါနဲ့ချင်းချင်း ငါ့ကိုကျေးဇူးမတင်လိုက်ပါနဲ့ မင်းရဲ့သခင်လေးသာသိရင်သူ ငါ့နောက်လိုက်လာ
လိမ့်မယ် အဲ့လိုသာဖြစ်ရင် ငါ့မျက်နှာပျက်သွားလိမ့်
မယ်"

"မင်းဘာကြောက်နေတာလဲ မင်းရဲ့ ရှောက်ကျွဲ လဲရှိ
နေတာပဲ ယန်ကွမ်နင် မင်းကိုဘာလုပ်နိုင်မှာလဲ အဆိုးဆုံးဆိုလည်း ငါဒီမှာမင်းကိုထောက်ခံပေးမှာပေါ့"
ကုယွဲ့ချင်းက မကြောက်မရွံ့နဲ့ ပြောလိုက်သည်

အခန်းထဲတွင်အခြားတစ်ယောက်ရှိခဲ့သည် ခုနက
အပြန်အလှန်စကားပြောနေစဉ် တိတ်ဆိတ်နေသော်
လည်း သူ၏နောက်စကားများသည် မထီမဲ့မြင်
ပြုခြင်းများနှင့် ပြည့်နှက်နေသည်
"မင်းသာ သူ့ဇနီးဖြစ်ကြောင်းအသိအမှတ်ပြုရင်
ယန်ကွမ်နင်က မင်းစကားနားထောင်နေတုန်းဖြစ်မှာ ဒါပေမယ့်မင်းက သူနဲ့မျက်နှာချင်းဆိုင်တွေ့ရင်
မင်းအခွင့်အရေးမပေးနိုင်ဘူးလား"
စကားလုံးတစ်လုံးစီက ကုယွဲ့ချင်းရင်ထဲ မြှားတစ်စင်းလိုပဲ

ကုယွဲ့ချင်း၏မျက်လုံးများ ချက်ချင်းကျယ်လာသည်
ကျန်းမော့က သူ့ငယ်သူချင်းဆိုတဲ့အချက်ကြောင့်သာ
မဟုတ်ရင် သူ့ရှေ့ကတဝက်စားလက်စကြက်ကြော်နဲ့
အဲ့ကောင်ကို ပစ်မိလိမ့်မည်

"ကျန်းမော့ ငါမင်းကိုရိုက်ရအောင် လာမလုပ်နဲ့"

"ရန်ဖြစ်တာတော်တော့ ရပ်ကြတော့ ခုတစ်လော ငါတို့တွေ့ရဖို့က ရှားမှရှားတာကို ငါတို့တူတူ အစားအ
သောက်အေးအေးဆေးဆေးစားလို့ရမလား "
ဆက်မပြောခင် အားကျင်းကစိတ်ဆိုးစွာနဲ့ သူ့မျက်လုံးတွေလှန်ရင်း "မင်းတို့ပျော်စရာတွေလုပ်ဖို့ game cityသွားချင်ကြလား"

ချိုချိုဆွိဆွိBL OneshotများWhere stories live. Discover now