( ၃ ) ( Unicode )

9.4K 685 15
                                    

အိမ်နီးချင်း မမ

အပိုင်း(၃)

x x x x x x x

"ဒါနဲ့ကွယ် သမီးနဲ့ခုရက်ပိုင်း တွဲသွားတွဲလာလုပ်ဖြစ်နေတဲ့ ကောင်မလေးအကြောင်းလည်း ဖေဖေ့ကိုပြောပြပါဦး ငါ့သမီးရဲ့"

ရှေ့ခန်းတွင်ကားမောင်းနေသည့် အဖေဖြစ်သူက ကားနောက်ခန်းတွင်ထိုင်နေသော အိမ့်ကို မေးလိုက်ခြင်းဖြစ်ပါသည်။

"သူ့နာမည်က နွေဦးခင် တဲ့ ဖေဖေရဲ့။ ဘေးအိမ်ကိုအသစ်ပြောင်းလာတဲ့ မမပေါ့။ ဘွဲ့တော့ရပြီးပြီဆိုပေမဲ့ သူဘာအလုပ်လုပ်လည်းတော့ သမီးလည်းမသိသေးဘူး ဖေဖေ"

"သြော်... ဒါဆို အသက်ကြီးပြီပေါ့"

"ဖေဖေကလည်း မမနွေက သမီးထက် မဆိုစလောက်လေးပဲ အသက်ကြီးမဲ့ပုံပါ။ အလွန်ဆုံးမှ ၂၅ - ၂၆ ပေါ့။ ပြီးတော့ သမီးလည်းအခုဆို အသက်ပြည့်ပြီးပါပြီနော်"

"အေးပါကွယ်။ ခုလိုကြားရတာပဲ ဝမ်းသာပါတယ်။ ငါ့သမီးတို့အဆင်ပြေရင် ပြီးတာပါပဲ"

ထို့နောက် အိမ့်လည်း ဘာစကားမှ ဆက်မပြောတော့ဘဲ ကားမှန်ချကာ ပြတင်းပေါက်ပေါ်သို့ လက်ကလေးတင်ပြီး ဘေးသို့ကြည့်နေလိုက်သည်။ အဖေဖြစ်သူ၏ နောက်ထပ်ပြောမည့်စကားကို အိမ့် သိသည်။ ဘာအကြောင်းမေးတော့မလဲဆိုတာ တန်းရိပ်မိ၍ စကားဆက်မပြောတော့ဘဲ အပြင်ဘက်ကိုသာ ပေတေတေနဲ့ ငေးကြည့်နေခြင်းဖြစ်သည်။

သို့သော်လည်း...

"ဒါနဲ့... သမီး ရည်းစားတွေဘာတွေကော ရနေပြီလား"

အိမ့် ဒေါသတကြီးဖြင့် အဖေဖြစ်သူကိုကြည့်လိုက်ပြီး

"ဖေဖေကလည်း အမြဲဒါပဲမေးနေတယ်။ မရသေးပါဘူးဆို"

"စိတ်ဝင်စားနေတဲ့သူတော့ ရှိတယ်မလား"

အဖေဖြစ်သူ၏စကားကို ကြားပြီးပြီးချင်း အိမ့် စိတ်ထဲမှာ သူ့မမရဲ့မျက်နှာလေးကို ပြေးမြင်မိတာကြောင့် ခပ်တည်တည်နေရန်ကြိုးစားသော်လည်း နှုတ်ခမ်းတွေက အနည်းငယ်ပြုံးမိသွားပြန်ပါသည်။
ဒါကို ကားနောက်ကြည့်မှန်မှကြည့်နေတဲ့ အဖေဖြစ်သူကတော့

အိမ်နီးချင်း မမWhere stories live. Discover now