ရှောင်းကျန့် စကားကို နားထောင်ပြီး ခေါင်းလေးငြိမ့်ပြတဲ့ ကျန်းချန်...။

"ငါ မေးတာ မင်းအကုန် မညာပဲ ဖြေရမယ်နော်.."

ကျန်းချန်ရဲ့ စကားကို ရှောင်းကျန့် ခေါင်းလေးငြိမ့်ပြလိုက်သည်...။

" မင်း ကောင်လေးတွေကို စိတ်ဝင်စားလာတာလား.."

" ..........."

ကျန်းချန်ရဲ့ စကားကို ချက်ချင်း နားမလည်သလို ဖြစ်သွားတဲ့ ရှောင်းကျန့် မျက်လုံးလေး အပြူးသားနဲ့ ကျန်းချန်ကို ပြန်ကြည့်လာခဲ့သည် ။ ကျန်းချန် ခေါင်းလေးခါလိုက်သည်
ငါလိုချင်တာ မင်းရဲ့ ရိုးသားမူ မဟုတ်ဖူး ရှောင်းကျန့် မင်းကိုယ်တိုင် မင်းနှုတ်ခမ်းဖျားက ဝန်ခံလာတာကို လိုချင်တာ...။

" ဒီလိုကွာ ရှောင်းကျန့် မင်း ရဲ့ပြိုင်ဘက် ဝမ်ချောင်းလို ယောကျာ်းလေးတွေကို သဘောကျတက်လာပြီလားလို့..."

ထိုမှ ကျန်းချန်ရဲ့ မေးခွန်းကို နားလည်မိလိုက်တဲ့ ရှောင်းကျန့် ခေါင်းလေးမော့ကာ တစ်ဟားဟား ရယ်သည်..။

"ဟားဟားဟား ကျန်းချန်ငါ မင်း ရူးနေပြီလား...။
ငါမင်းကို ဒီလောက်ထိ ရှင်းပြနေတာ ငါ ယောကျာ်း လေးချင်း စိတ်မဝင်စားဘူးလို့ ဘာလို့ အဲ့ စကားကို ခဏ ခဏ ဘာမေးနေရတာလဲ...."

ရှောင်းကျန့် စကားကို ပြန်မဖြေပဲ ရှောင်းကျန့် မျက်နှာကို ပဲ ငေးကြည့်နေတဲ့ ကျန်းချန်...။ ရှောင်းကျန့် မျက်နှာက ညာနေတဲ့ ရုပ်လည်း မပေါ်ဘူး...။

"ဟေ့ ကျန်းချန် သိချင်တာရှိရင် ဆက်မေးဦးလေ..."

ရှောင်းကျန့်ရဲ့ စကားကို ခေါင်းလေးခါတဲ့ ကျန်းချန် ထိုင်ရာလေးက ထရပ်လိုက်ပြီး

" ရှောင်းကျန့် ငါပြန်တော့မယ်... "

......................

"ရိပေါ် စာတွေရပြီလား.."

ကန်တင်းမှာ မုန့်စားနေရင်းတန်းလန်း ထမေးတဲ့
ယွီးပင်း ရဲ့ စကားကို ခေါင်းလေးငြိမ့်ပြတဲ့ ဝမ်ရိပေါ်....။
ဦးက သူ့ကို လိုအပ်တာဖြည့်စီးပေးပြီး အချိန်တိုင်း စာပဲလုပ်စေတယ်လေ...။

ဦး 💜 ( Completed )Where stories live. Discover now