Episode 20 (Unicode)

Start from the beginning
                                    

Injun လည်း အိမ်သာသွားပြီးတဲ့နောက် ထိုဥယျာဥ်ထဲသွားပြီး ခုံတစ်ခုံမှာ ထိုင်လိုက်သည်။ လူကြီးတွေကို အားနာပေမယ့် ချက်ချင်း ပြန်သွားဖို့အတွက်ထိ သူ့စိတ်က အဆင်သင့် ဖြစ်မနေ။

Injun အပေါ်ထပ် ချွတ်ထားတာတောင် ပူနေဆဲမို့ အကျီကြယ်သီးကို သုံး/လေးလုံးလောက် ဖြုတ်ကာ အပူရှိန်ကို လျော့စေသည်။ ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ထားသော ဖုန်းမှာ မြည်လာသောကြောင့် ဆွဲထုတ်ကာ တစ်ဖက်ကို ဖြေလိုက်သည်။

"Injun မင်း ဘယ်နားမှာလဲ အိမ်သာမှာလည်း မရှိဘူး"

"အဲ့နားမရောက်ခင် 'ဥယျာဥ်သို့' လို့ ညွှန်ထားတဲ့ ဆိုင်းဘုတ်လေး တွေ့လား အဲ့ဆိုင်းဘုတ် ညွှန်တဲ့အတိုင်းသာ လျှောက်လာလိုက် ငါရှိနေတယ်"

"အင်းအင်း ပြီးရော အဲ့မှာပဲစောင့် ကိုယ်လာခဲ့မယ်"

Jeno ဆီက ဖုန်းကို ချလိုက်ပြီးတဲ့နောက် Injun ဟာ ဥယျာဥ်ထဲ ဓာတ်ပုံရိုက်နေကြသူတွေကို ငေးကြည့်နေလိုက်သည်။

အပိုင်း (ခ)

"Injun"

သူ့နာမည်ကို ခေါ်ပြီး သူ့ဆီ လျှောက်လာတဲ့ Jeno ကို Injun ငေးနေရာမှ လှည့်ကြည့်လိုက်သည်။

"ဒီမှာ ဘာလုပ်နေတာလဲ အဆင်ပြေရဲ့လား"

စကားတွေ တရစပ် မေးလာတဲ့ Jeno ကို နှာခေါင်းလေး ရှုံ့ကာ ခေါင်းလေး ခါပြလိုက်သည်။

"ငါမင်းအမေကို ကြောက်တယ်"

သူ့ဘေးနား ဝင်ထိုင်တဲ့ Jenoပုခုံးကို မှီရင်း Injun ပြောလိုက်သည်။

"သူမလည်း ရိပ်မိပါတယ် ကိုယ့်ကို လိုက်သွားခိုင်းပြီး ချော့ခိုင်းလိုက်တာ"

Jeno ချွေးစို့နေတဲ့ Injun နဖူးလေးကို အကျီလက်ဖျားလေးနဲ့ သုတ်ပေးရင်း ပြောလိုက်သည်။

(လက်ကိုင်ပုဝါလည်း မဆောင် တစ်ရှူးလည်း မရှိမို့ပါနော့်)

"မင်းအမေက လာခိုင်းတာ"

တအံ့တသြ ပြောလာတဲ့ Injun ကို ငေးရင်း  Jeno ရင်ခွင်ထဲ ဖက်ပြီး သိမ်းထားချင်စိတ်က တဖွားဖွား။

"အင်း စိတ်မပူပါနဲ့တော့ အဲ့တုန်းက ကိုယ့်အမေလည်း ရုတ်တရက်မို့ပါ သူမ မင်းကို သဘောကျပါတယ်"

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now