''အာ..Sorry လွန်း ကိုယ့်ဘက်က တောင်းပန်ပါတယ်.. လွန်းနေရခက်စေမဲ့ စကားတွေ ပြောမိလို့။''

''ရပါတယ်..လွန်းအဆင်ပြေပါတယ်။''

အဲ့ဒီလိုနဲ့ပဲ ဆိုင်တစ်ဆိုင်ထဲဝင်ပြီး ဒီည party ပွဲအတွက် သူတို့နှစ်ယောက်အတွက်
ဆင်တူ ဝတ်စုံတူလေး ဝယ်ခဲ့ကြပါတယ်။
အရောင်လေးကတော့..အဖြူရောင်လေးပါ။

စစ်မဟာ ပွဲအတွက် လိုအပ်တာတွေပြင်ဆင်နေရတာနဲ့ party ပွဲတတ်ဖို့မေ့နေခဲ့တယ်။
အချိန်အားဖြင့်ဆိုရင်တော့ ည ၁၀ နာရီနား
ကပ်နေပြီ။
Party ပွဲကလည်း အဲ့ဒီအရောင်းဖွင့်ပွဲနဲ့ မလှမ်းမကမ်းခြံကျယ်ကြီးထဲမှာ။

စစ်မဟာရဲ့ အတွင်းရေးမှူးမလေး မေသူ
အနားရောက်လာပြီး..''boss ဒီည party ရှိသေးတယ်လေ..ဘာလို့ခုထိ မပြင်ဆင်ရသေးတာလဲ။''

မေသူရဲ့ သတိပေးသံကြားတော့မှ လုပ်လက်စ စားရင်းတွေကို ချပြီး ''ဟုတ်သား
ငါကမေ့နေလိုက်တာ ငါသွားရမှာငါမေ့ရတယ်လို့ တော်သေးတယ် မင်းသတိပေးလို့
ကျေးဇူးပဲမေသူရေ လုပ်လက်စအလုပ်တွေကို မင်းပဲရှင်းလိုက်တော့ ငါသွားပြီ။''

''ဟုတ်ကဲ့..boss..''

Party ပွဲက ည ၁၁နာရီ အတိမှ စမှာ..
Party ပွဲကို စီစဥ်သူကတော့ စစ်မဟာပါ..
ကိုယ်လုပ်တဲ့ပွဲ ကိုယ်မေ့ရတယ်ဆိုတော့
ဗရုတ်ကျတယ်ခေါ်ရမလား။
ဒါကတော့ စိတ်တွေမတည်ငြိမ်ခြင်းအကြောင်းတရားပဲ။

ည ၁၁ နာရီ အတိရောက်တော့ ခြံကျယ်ကြီးထဲက party ပွဲလေး စတင်ကျင်းပခဲ့လေပြီ။

''ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျာ..ခုချိန်ကစလို့..ကျွန်တော်တို့ ဟိန်း company  ရဲ့ night party ပွဲလေးကျင်းပတဲ့ အချိန်ရောက်လို့လာပါပြီ။''

''အခုလိုကြွရောက်ပေးကြတဲ့အတွက် လူကြီးမင်းအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။''

Party ကိုတက်ရောက် လာသူတွေထဲမှာ
စစ်မဟာရဲ့ မိတ်ဆွေဟောင်းများလည်းပါဝင်ပါတယ်။အဆက်ဟောင်းတွေဆိုရင် ပိုမှန်ပါလိမ့်မယ်။

ဝတီထိုက်နဲ့ သက့်ပါ ပါပါတယ်ရှင် တခြားသူတွေလည်း ပါဝင်ကောင်းပါဝင်နိုင်သေးတယ်။ ဆိုတော့ စစ်မဟာအဖို့ကံဆိုးခြင်းလား ကံကောင်းခြင်းလားဆိုတာ ကံတရား
တိုင်းသာ။

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now