Baby's Breath[Part 2]

Zacznij od początku
                                    

ကျွန်တော်လက်ကိုဆွဲဖယ်လိုက်ပြီး
တစ်ချက်လေးတောင်လှည့်မကြည့်ပဲ ကျော
ခိုင်းသွားတဲ့သူ

"hyung ကို လေဆိပ်မှာ လာနှုတ်ဆက်ပေး
မယ်မဟုတ်လား ဒီလောက်တော့ လုပ်ပေး
နိုင်တယ်မဟုတ်လား"

ကျွန်တော်အော်ပြောလိုက်တာမို့ ခပ်လှမ်းလှမ်းရောက်သွားပြီဖြစ်တဲ့ဟွမ်းနုံးရဲ့ခြေလှမ်းတွေကရပ်တန့်သွားတယ်

"hyungကစောင့်နေမှာမို့လို့
ကျိန်းသေ လာခဲ့ရမယ်နော်"

ကျွန်တော့်စကားကိုကြားတယ်ဆိုပေမဲ့
တုံ့ပြန်မှုတစုံတစ်ရာ ရောက်မလာပဲ
ရပ်တန့်နေတဲ့ခြေလှမ်းတွေကနေ ကျွန်တော်နဲ့ဝေးရာတဖြည်းဖြည်းထွက်ခွာသွားတော့တယ်

...................................................................

"တကယ်ကို နှလုံးသားမရှိတဲ့လူပဲ"

အခန်းတံခါးကို ဒုန်းခနဲဆောင့်ပိတ်မိရင်း
လည်ပင်းက နက်တိုင်ကိုဖြည်ကာ ရေရွတ်မိတယ်

လက်ကောက်ဝတ်က ဓားဒဏ်ရာတွေကို
ကြည့်မိတဲ့ အချိန် သူ့ရဲ့စကားက နားထဲ
ကြားယောင်လာမိတယ်

"ကျွန်တော်မရှိရင် အသက်မရှင်နိုင်ပါဘူး
ဆိုတဲ့သူက အခုလို ကျန်းကျန်းမာမာရှိနေလို့
ဝမ်းသာမိတယ်"  တဲ့လေ

ကျွန်တော့်ကိုသေ သွားဖို့ထိ
ေ မျှာ်လင့်နေခဲ့တာလား

ကျွန်တော်ဆိုတဲ့အရူးကတော့ သူကြောင့်
လက်ကောက်ဝတ်ကိုလှီးမိသေးတယ်

ကျွန်တော်ကပဲ ချစ်ခဲ့ရပြီး
ကျွန်တော်ကပဲ နာကျင်ရတယ်
လောကကြီးက မတရားလိုက်တာ

ခံပြင်းမိတယ်

...........................................................

ဘယ်သူမှမရှိသေးတဲ့အခန်းထဲ တစ်ယောက်တည်းထိုင်နေရတာ နဲနဲတော့
ကြောင်စီစီဖြစ်မိတယ်

"ဘာလို့အခုထိမလာသေးတာလဲ အချိန်မလေးစားလိုက်တာ"

ပထမဆုံးအလုပ်စဆင်းရတဲ့ရက်မှာ
ဘာအလုပ်မှမရှိပဲ အထက်လူကြီးကိုပဲ
ထိုင်စောင့်နေရတယ်လေ

ကျွီခနဲပွင့်လာတဲ့ အခန်းတံခါးကြောင့် တံခါး
ဆီအကြည့်ရောက်သွားမိတော့ ကျွန်တော်
စောင့်နေတဲ့သူ ရောက်လာခဲ့ပြီလေ

Baby's breath Opowieści tętniące życiem. Odkryj je teraz