ကျေးဇူးတင်လွှာ & ရည်ရွယ်ချက်

Start from the beginning
                                    

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အခါ ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုသလို မိဘသဘောမတူရင်တောင် ကိုယ်ချစ်တဲ့သူကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ အောင်မြင်လာတဲ့အခါ လူတွေက မေးမငေါ့ရဲပါဘူး။ အဲ့တော့အောင်မြင်အောင်အရင်လုပ်ပါ။ နှစ်ယောက်တစ်ဘဝထူထောင်နိုင်ဖို့ကြိုးစားပါ။

ကိုယ့်သူငယ်ချင်းကောင်လေးရှိတယ်။ သူက Uke လေးပါ။ သူ့မိဘတွေက ရှေးလူကြီးတွေမို့ အစ်မတွေကြားထဲက တစ်ဦးတည်းသောသားလေးမို့ သူ့ရဲ့ဖြစ်တည်မှုကို လက်မခံပေးခဲ့ကြပါဘူး။ သူ့ကောင်လေးနဲ့လည်း သဘောမတူပါဘူး။ သူခု ဒီဇိုင်နာသင်တန်းတက်နေပါတယ်။ ဂျပန်IT Company တစ်ခုမှာ Animation တွေ 3D ပုံတွေဆွဲနေပါတယ်။ ဂျပန် Animation ဇာတ်ကားတွေအတွက် ကာတွန်းဇာတ်ကောင်လေးတွေဆွဲပါတယ်။ တစ်ဖက်က သူဝါသနာပါတဲ့ ပုံတူပန်းချီတွေဆွဲပါတယ်။ နောက်ထပ်သူဝါသနာပါတဲ့ ဒီဇိုင်နာသင်တန်းကို တက်နေပါတယ်။ သူ့ကောင်လေးက စင်္ကာပူမှာ အလုပ်လုပ်နေပါတယ်။ သူတို့ဘဝကို သူတို့ရပ်တည်နိုင်တဲ့အခါ သူတို့နှစ်ယောက်ဘဝတစ်ခုကိုတည်ထောင်မှာပါ။ အဲ့တော့ တစ်သက်လုံးအတူတူနေဖို့ ခုအချိန်မှာသူတို့ခွဲနေကြရပါတယ်။ သူတို့နှစ်ယောက်လုံး ကိုယ်ပိုင်ရပ်တည်လာနိုင်တဲ့အခါ မိဘ မောင်နှစ်မ ပတ်ဝန်းကျင် ဘယ်သူမှလာခွဲခို့မရတော့ပါဘူး။ ဘယ်သူ့ကိုမှလည်း ဂရုစိုက်ဖို့မလိုတော့ပါဘူး။

ဒါ့ကြောင့် ကျနော့်ရဲ့ရည်ရွယ်ချက်က BL Couple လေးတွေ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတဲ့ဘဝမျိုးကိုရအောင်ကြိုးစား‌စေချင်တယ်။ ကိုယ့်ဘဝကို ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားစေချင်တယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါနဲ့ ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ပါဘူး။ ဒါကြောင့် ခလေးတို့ကို အားပေးချင်လို့ ဒီFicလေးကိုရေးခဲ့တာပါ။ အဓိက ပြောချင်တာက ကိုယ်ချစ်တဲ့သူနဲ့မခွဲနိုရင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နာ‌လည်းပေးပါ။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပေးပါ။ နှစ်ယောက်လုံးရဲ့ Relationship ကို အချစ်တွေ၊ သံယောဇဉ်တွေ၊ နားလည်မှုတွေနဲ့တည်ဆောက်ကြပါ ခလေးတို့ရေ။

မုန်းရဲ့အလင်းရောင်Where stories live. Discover now