ကျေးဇူးတင်လွှာ & ရည်ရွယ်ချက်

Start from the beginning
                                    

နောက်ဆုံးပိုင်းလေးမှာထည့်ရေးထားတဲ့ အကြောင်းအရာလေးကို ရှင်းပြပါရစေ။ စင်္ကာပူမှာအလုပ်လျှောက်ချင်တဲ့အခါ ဟိုအထိသွားစရာမလိုပဲ Online Interview နဲ့ အင်တာဗျူးတာမျိုးတကယ်ရှိပါတယ်။ သူငယ်ချင်းတစ်ယောက်က Web Developer ပါ။ သူ စင်္ကာပူမှာအလုပ်လျှောက်တော့ Online Interview နဲ့လျှောက်ခဲ့တာပါ တကယ်လည်း အလုပ်ရခဲ့ပါတယ်။ ဒါပေမဲ့ သူအလုပ်ကို သွားမလုပ်ပါဘူး။ ဘာ့ကြောင့်ဆို Web Developer ကို J2EE ခေါ်တာမို့ပါ။ သူက Web Developer ပေမယ့် PHP နဲ့ပဲရေးချင်တာမို့ စင်္ကာပူကအလုပ်ကို လက်လွှတ်ခဲ့ပါတယ်။

မုန်းကို ဆံပင်အရှည်ကြီးဘာလို့ထားပေးခဲ့လည်းဆိုတော့ ကိုယ့်ရဲ့ Web Developer သူငယ်ချင်းကြီးက ဆံပင်က ကျောလယ်ရောက်နေပါပြီ။ အမြဲဆံထုံးထုံးထားတတ်ပါတယ်။ သူ့ဆံပင်လေးတွေက အဖြောင့်မဟုတ်ပဲ လှိုင်းတွန့်ကောက်လေးပါ။ ပင်ကိုယ်ကောက်ပေါ့။ မုန်းလိုတော့ သူကမချောပါဘူး ရုပ်အရမ်းဆိုးပါတယ်😂😂😂

ခုရှင်းပြတဲ့ အကြောင်းအရာတွေက စိတ်ကူးယဉ်ရေးသားထားတာမဟုတ်ပါဘူးနော်။ သူငယ်ချင်းကို reference ယူပြီး ရေးထားတာပါ။

ခလေးလေးတွေ ဘာလို့ ထည့်ပေးထားလည်းဆိုတော့ ကိုယ်က ခလေးရဖို့မသေချာတဲ့ ခလေးမရနိုင်တဲ့ ခလေးလေးရူးရူးပြီး အမေအရမ်းဖြစ်ချင်နေတဲ့သူမို့ ထည့်ရေးထားတာပါ။ ဒါကတော့ စိတ်ကူးယဉ်ပါ။

ရည်ရွယ်ချက်

ဒီFic လေးကို ရေးရတဲ့ရည်ရွယ်ချက်ကတော့ Boy Love Couple လေးတွေကို မိဘနဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လက်မခံခဲ့ရင် အရင်ဆုံးကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားပါ။ သူ့ကိုချစ်ရင် သူနဲ့ပဲ အသက်ထက်ဆုံး တူတူနေထိုင်ချင်တယ်ဆိုရင် ဘယ်သူ့ကိုမှ အောက်ကျို့စရာမလိုအောင် ဘယ်သူ့ကိုမှအားစရာမလိုအောင်ကြိုးစားပါ။

မုန်းရဲ့အလင်းရောင်Where stories live. Discover now