Part 19

1.8K 179 5
                                    

"ဟာ ကိုနေ့ခန့်မောင် ဒီည Chief က dinnerကျွေးမယ်လို့ပြောထားတယ်လေဗျာ ပြန်တော့မလို့လား"

"ဟုတ်ကဲ့ ကိုမင်းမင်း ကျွန်တော် မလိုက်တော့ဘူးဗျာ အေးဆေးပျော်ခဲ့ကြနော်"

"အာာ မရပါဘူးလိုက်ခဲ့ပါဗျ ဒီလိုပွဲမျိုးက လူစုံမှကောင်းတာကို ပျော်ပျော်ပျော်ပါးပါးပေါ့ဗျာ လိုက်ခဲ့စမ်းပါ"

"ကျွန်တော် ဒီနေ့ကျိန်းသေတွေ့ရမယ့်လူတစ်ယောက်ရှိလို့ပါဗျာ အားနာပါတယ် ကျွန်တော်မလိုက်တော့ဘူးအစ်ကိုရာ chiefကိုလည်းသေချာပြောလိုက်ပါဦး
နော် "

"ဘာလဲ ကိုလူအေးကြီးမဟုတ်မလွဲရော စွံသွားပြီလားဗျ အေးပေါ့လေ ကောင်မလေးနဲ့တွေ့မှာဆိုတော့လည်း ခေါ်မနေတော့ပါဘူးဗျာ ကျွန်တော်တို့နဲ့လည်းတစ်ခါလောက်တော့မိတ်ဆက်ပေးဦးနော် ဟဟ"

"အာ့လိုမဟုတ်ပါဘူးကိုမင်းမင်းရာ
ကဲအားလုံးပဲ ကျွန်တော်ပြန်ပြီနော်"

အားလုံးကိုကောင်းကောင်းမွန်မွန်နှုတ်ဆက်ပြီးနောက် companyထဲကတက်ကြွသော ခြေလှမ်းတွေနဲ့ ထွက်လာခဲ့သူက သော်သော့်ရဲ့ ချစ်လှစွာသော ခင်ပွန်း နေခန့်မောင်ပင်...  ဘယ်လောက်တောင်ပျော်နေသလဲဆို မျက်နှာချောချောကပြုံးလို့ချိုလို့ ထိုသဘာဝဆန်သောအပြုံးတွေကြောင့်ပဲလူ‌ချောကြီးနေခန့်မောင် ပိုတောင်မှပင်ချောမောခန့်ညားနေတော့သည်။ FMက လွှင့်နေသော Westlife ရဲ့ My love သီချင်းသံလေးလွှမ်းနေတဲ့ အဖြူရောင် ပရာဒိုလေးကတော့ အချစ်ရှိရာအရပ်သို့ ဦးတည်လာခဲ့တော့သည်။

Partnersတွေနဲ့တူတူ Dinnerစားဖို့ထက် နှစ်ရက်တာမျှဝေးကွာနေသောချစ်ရသူလေးနဲ့တွေ့ရဖို့က နေ့ခန့်မောင်အတွက်ပိုအရေးကြီးကြောင်း အများသိအောင်ပြောနေစရာတော့မလို။ 'နေပါစေလူတွေသိလေပိုကောင်းလေ'ဆိုတာ သီချင်းထဲမှာပဲရှိတာ
တကယ့် realityမှာတော့ ကိုယ့်ထက်သာမနာလို ပုံကြီးချဲ့ ကဲ့ရဲ့ချင်သော လူတွေမသိသင့်မသိထိုက်သောအကြောင်းတွေအများကြီးရှိပါ‌သည်။ ထို့ကြောင့် သူတို့သတ်မှတ်သလို  နေခန့်မောင်ရဲ့ ချစ်သူဟာ မိန်းကလေးတစ်ယောက်မဟုတ်ကြောင်းသူတို့သိစရာမလို သလိုရှင်းလည်းမပြချင်ပါ။
ဒီအချိန်ဆို သူ့ရဲ့ချစ်လှစွာသော သော်သော်ပြန်ရောက်နေမှာသူသိ‌တာကြောင့် အိမ်ကိုမြန်မြန်ပြန်ရတာပဲဖြစ်သည်။
မတွေ့ရတဲ့နှစ်ရက်နဲ့ နေ့တစ်ဝက် အတွင်းဘယ်လောက်တောင်မှသူလွမ်းဆွတ်နေရကြောင်းကို‌တော့ချစ်သူသိစေဖို့ ကားလေးကိုအရှိန်တင်လို့ မေတ္တာအိမ်ကလေးဆီ မောင်းနှင်လာခဲ့သည်။ သို့သော် အချစ်ရှိရာအရပ်မှ ချစ်သူက သူ့အတွက် ထူးခြားသောလက်ဆောင်လေးနဲ့ကြိုနေတာကိုတော့ နေခန့်မောင် မသိသေးပါ....

နှလုံးသားဖြင့်ရစ်နှောင်သော{Complete}Where stories live. Discover now