"ဆွေမျိုးတစ်ချို့လောက်ပဲ သားရှိမှန်း သိကြတာလေ မဟုတ်လို့လား"

"မင်း မသိပဲနဲ့ လျှောက်ပြောမနေနဲ့"

"ကျွန်တော်က မသိပဲ လျှောက်ပြောတာလား ဥက္ကဌကြီးကပဲ မသိချင်ယောင်ဆောင်နေတာလား"

အဖေဖြစ်သူသည် ဘာမှပြန်မပြောဘဲ သားဖြစ်သူအား စူးစိုက်ကာသာ ကြည့်နေလေသည်။

သို့သော် ထပ်မံပြောလာသော သားဖြစ်သူ၏ စကားများကြောင့် သားအဖနှစ်ယောက် အချင်းများလေတော့သည်။

Jaemin တိုက်ခန်းကို ပြန်ရောက်တော့ ည ၁၁ နာရီ ရှိပြီ။ တံခါးဖွင့်ပြီး ဝင်ချိန် ဖိနပ်ချွတ်မှာ Renjun ဖိနပ်ကို တွေ့သည်မို့ ရောက်နေသည် ဖြစ်မည်။ ဒါကြောင့်မို့ ခုနက သူ ကားမောင်းနေရင်း ဖုန်းခေါ်တော့ မကိုင်တာနေမည်။

Renjun ပါးပါးနဲ့ မားမားက အိမ်မှာ လာပြန်နေရန် ပြောထားသည်မို့ Jaemin ခု တိုက်ခန်းမှာ တစ်ယောက်တည်း ဖြစ်နေသည်။ Jaemin ဧည့်ခန်းထဲ ကြည့်လိုက်တော့ Renjun ကို မတွေ့။ မီးဖိုခန်းထဲ လှမ်းကြည့်တော့လည်း မတွေ့သည်မို့ အိပ်ခန်းထဲသို့ ဝင်ကြည့်လိုက်သည်။

ရေချိုးခန်းထဲက ရေသံတချို့ကြားရသည်မို့ Renjun အထဲမှာ ရှိကြောင်း သိရပြီးနောက် Jaemin အဝတ်အစားလဲလိုက်သည်။

အပိုင်း (ခ)

Jaemin အိပ်ရာပေါ် ထိုင်ပြီး ဖုန်းသုံးနေတုန်းမှ Renjun ရေချိုးခန်းထဲက ထွက်လာလေသည်။
Renjun ကိုယ်လေးဟာ သူ့ရဲ့ ညအိပ်ဝတ်စုံကြား နစ်မြုပ်လို့ နေသည်။

"အူကြူးက သူများ ညအိပ်ဝတ်စုံတွေ ယူဝတ်ထားပြန်ပြီ"

"မောင်က သူများမို့လို့လား"

Renjun တဘက်ကို Jaeminဆီ ပစ်ရင်း ပြောလိုက်သည်။

"ဟား စတာပါ ဒီကို လာပါဦး ဘယ်ချိန်တည်းက ရောက်နေတာလဲ"

"နည်းနည်းကြာပြီ ဒါနဲ့ ဘယ်သွားနေလို့ အိမ်ပြန်နောက်ကျနေရတာလဲ"

Renjun , Jaemin ထိုင်နေသည့် နေရာကို သွားရင်း မေးလိုက်သည်။

"အိမ်က တွေ့ချင်တယ်ဆိုလို့ သွားတာပါ"

Jaemin သူရှေ့မှာ လာထိုင်တဲ့ Renjun ကို ဖက်ဖို့ ရွယ်လိုက်ရင်း ပြောလိုက်သည်။

Photographer & Guitarist [JaemRen+NoRen]Место, где живут истории. Откройте их для себя