Zawgyi......
>>>>>December<<<<<
မြန်မာစာ ဆရာကြီးအချိန်ဆို ကျောင်းသားများ သက်သာသည်။ မျက်လုံးမှိတ်၍ စာသင်တတ်သော ဆရာကြောင့် လေပေါတဲ့လူတွေပေါ၊ ငိုက်တဲ့လူတွေကငိုက်၊ တခြားစာလုပ်သူများကလုပ်နဲ့ စည်းကမ်းမဲ့ကြသည်။ ဦးအောင်ထွဋ်အချိန်သာ သွားလုပ်ကြည့် အားလုံးတန်းစီရိုက်ခံရမှာ။ စာသင်ရာတွင်အနှောင့်ယှက်ဖြစ်မှာစိုး၍ လျစ်လျစ်ရှူ မျက်လုံးမှိတ်စာသင်သည်ကို ကျောင်းသားများက လုပ်ချင်သလိုလုပ်ခွင့်ပြုသည့်အလား အခွင့်ရေးယူကြသည်။
နောက်ဆုံးချိန်ဖြစ်၍လားပင်မသိ စာစိတ်ဝင်စားသူသိပ်မရှိ။ ထိုကျောင်းသားများထဲ အိပ်ငိုက်နေသော ခန့်ညားနှင့် နောက်လှည့်လှည့်စကားပြောနေသော ညီညီနိုင်တို့ အပါဝင်ဖြစ်သည်။ ရဲမာန်ကတော့ ရိုးရှင်းနဲ့ပေါင်းပြီး တော်တော်လိမ္မာနေပြီ။ ရိုးရှင်းနှင့်အတူ စာကိုအာရုံစိုက်လျှက်။
စာသင်ချိန်ပြီးချိန် ဆရာ့အားနှုတ်ဆက်ပြီး ကိုယ့်အခန်းကို ကိုယ်ပြန်ကြချိန် ညီညီနိုင်တစ်ယောက် ဂိုက်ဆရာအလစ်မှာ သက်ထွန်းဆွေနှင့် အချိတ်ဆက်လုပ်နေလေသည်။
ကိစ္စပြီးမှ ညီညီနိုင် အခန်းထဲသို့အမြန်ပြန်လာပြီး တစ်ယောက်တစ်နေရာစီ နေ၍ ကိုယ့်လုပ်စရာများလုပ်နေကြသော အခန်းဖော်သုံးယောက်အား လက်ယက်ခေါ်၍ သူက ကြမ်းပြင်ပေါ်ထိုင်ချသည်။ သုံးယောက်လုံး အနားယောက်လာမှ ခပ်တိုးတိုးဆိုသည်။
"ငါတို့ ညကျ အပြင်ခိုးထွက်ရအောင်"
"ဘာ!! အပြင်ကိုခိုးထွက်....အွတ်..."
အလန့်တကြား ထအော်သော ရိုးရှင်းကို ညီညီနိုင် လက်နှင့် ပါးစပ်ကို အမြန်ပိတ်ရသည်။ ပြီး လက်ညိုးကို ပါးစပ်နှင့်ထိပြီး ရှူးတိုးတိုးလုပ်သည်။"တိုးတိုးပြောကွ...။ မင်းအဖေကြားသွားမှ"
"ဘယ်လို ထွက်မှာလဲ"
ခန့်ညားက စိတ်ဝင်တစားနားထောင်သည်။ ရဲမာန်က ဂရုတစိုက် နားစွင့်သည်။"ဂိုက်ဆရာအိပ်တဲ့ချိန်ကျ မြတ်မောင်တို့ အခန်းပြတင်းပေါက်ကနေ ထွက်မှာ။ သက်ထွန်းဆွေနဲ့ အကုန်ပြောပြီးပြီ။ သူကလှေကားလာထောင်ပေးမယ်တဲ့။ မြတ်မောင်တို့ကိုလည်းပြောပြီးပြီ။ သူတို့ကအေးဆေး"
ČTEŠ
Romanceမိဘတွေလက်ထပ်လိုက်တာကြောင့် ညီအကိုတွေဖြစ်လာတဲ့ ကောင်လေးနှစ်ယောက် အကြောင်းကို ရေးထားတာပါ....။ ပထမဆုံးစရေးတာမို့ လိုအပ်ချက်တွေအများကြီးရှိပေမဲ့ ကြိုးစားရေးထားပါတယ်ရှင့်။ မိဘတွေလက်ထပ်လိုက်တာကြောင့် ညီအကိုတွေဖြစ်လာတဲ့ ကောင်လေးနှစ်ယောက် အကြောင်းကို ရေးထ...