Beginning...

13.3K 1.3K 7
                                    

#Unicode

သွင်ခန့် ကျောင်းကနေ ပြန်လာတဲ့အချိန်၊ အလုပ်ကနေ ပြန်လာတဲ့အချိန်ပဲဖြစ်ဖြစ် ရွိုင်းက သူ့ကို အိမ်ကနေ စောင့်ကြိုနေခဲ့သည်။ ရွိုင်းနဲ့သူနဲ့ အတူရှိနေခဲ့တာဆိုရင် ၆နှစ်တောင် ရှိနေခဲ့ပြီဖြစ်သည်။ ဒီနှစ်တွေအတွင်းမှာ သူ့ဘဝကြီးက ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေသလို အဓိပ်ပါယျလဲ ရှိလာသည်။ အခုဆိုရင် သူက တက္ကသိုလ်ကျောင်းသားတစ်ယောက်တောင် ဖြစ်နေပြီဖြစ်သည်။ အရင်နဲ့မတူတော့တာဆိုလို့ အရပ်ရှည်လာတာပြီး ပိုမိုပြီး ချောမောလာသည်။ ဒီနေ့ သွင်ခန့် အချိန်ပိုင်းအလုပ်ဆင်းတော့ ရွိုင်းအတွက် ချိစ်ကိတ်မုန့် ဝင်ဝယ်ပြီး အိမ်ပြန်လာသည်။ သွင်ခန့် အိမ်ပြန်ရောက်တော့ တံခါးဖွင့်ပြီး ဖိနပ်ချွတ်ကာ ရွိုင်းကို အော်ခေါ်မိသည်။
"ရွိုင်း..ရွိုင်းရေ..ချစ်စရာအကောင်လေးရေ"
ခေါ်နေရင်းနဲ့ အခန်းထဲကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ရွိင်းရဲ့ ပြန်ထူးသံလဲ မကြားသလို ရွိုင်းရဲ့အရိပ်အယောင်လဲ မတွေ့ပေ။ ပုံမှန်ဆို တံခါးဖွင့်သံကြားတာနဲ့ ရွိုင်းက သူ့ဆီကို ပြေးလာပြီး သူ့ကို ဖက်လေ့ရှိသည်။ အခုက ဘာကြောင့် ရွိုင်းကို မတွေ့ရသလဲ? သူ စိုးရိမ်ပူပန်စ ပြုလာပြီ ဖြစ်သည်။ ရွိုင်းနာမည်ကို ခေါ်နေရင်းနဲ့ပဲ အခန်းတွေထဲကို လိုက်ကြည့်နေမိသည်။ ရွိုင်းကို ဘယ်မှာမှ မတွေ့တော့ သွင်ခန့်ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး မျက်ရည်တွေတောင် ဝဲလာသည်။ ရွိုင်းမရှိတော့ဘူးလား? ရွိုင်းက သူ့ကို ထားသွားတော့မှာလား? ရွိုင်းက ဒီနေရာက မဟုတ်ဘူးဆိုတာ သိပေမယ့် ရွိုင်းရဲ့ပုံစံအစစ်အမှန်က ချစ်စရာအကောင်လေးပုံစံမဟုတ်တာ သိပေမယ့် ရွိုင်းကို မဆုံးရှုံးချင်ပေ။ ရွိုင်းက သူ့အရာရာဖြစ်သည်။ သွင်ခန့် ဧည့်ခန်းမှာ ဒူးထောက်ထိုင်ချလိုက်ပြီး ခေါင်းငုံ့ထားမိသည်။

"သွင်လေး"
သွင်ခန့် ခေါင်းပြန်မော့ကြည့်လိုက်တော့ တကယ်ပင် ရွိုင်းဖြစ်နေပါ၏။ သူ့ဘဝမှာ ရွိုင်းမရှိပဲ နေနိုင်တော့မည် မဟုတ်ချေ။ ရွိုင်းမရှိတော့ရင် ဆိုတဲ့အတွေးက သူ့ကို ခြောက်ခြားစေသည်။ သွင်ခန့် ထလိုက်ကာရွိုင်းကို ဖက်လိုက်ပါ၏။
"ရွိုင်း..မင်း ဘယ်ရောက်နေတာလဲ..ငါမင်းကို ဒီလောက်အော်ခေါ်နေတာ မကြားဘူးလား?"

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now