အဲဒီ့ကနေစပြီး ထယ်ထယ်လေးရဲ့ကွန်ဖီးဒင့်လယ်ဗယ်တွေ တဖြည်းဖြည်းနဲ့ကျလာလိုက်တာ...။ ခုဆိုရင် စားစားသွားသွား ဒီသစ်တော်သီးဗိုက်လေးအကြောင်းပဲ တွေးနေမိတယ်...။ စိတ်တွေဆင်းရဲနေလို့်ထင်တယ် ဘာစားစားအရသာကိုရှိနေတာပဲ...။ အရသာရှိတော့ပိုစား... ပိုစားတော့ဗိုက်လေးကပိုထွက်...။ ထယ်ထယ်လေး သိပ်စိတ်ညစ်တာပဲ...။

ဘယ်နှခါမြောက်မှန်းမသိတဲ့ သက်ပြင်းကိုချလိုက်ရင်း ကျောပိုးအိတ်ကိုကောက်လွယ်ကာ ကျောင်းသွားဖို့ပြင်ရတော့တယ်...။ စိတ်ညစ်နေလို့်လဲ ဘာမှမထူးပဲ... ချစ်သူလေးကိုတွေ့ရဖို့ ကျောင်းသွားရဦးမယ်လေ...။ အိပ်ယာပေါ်ကဖုန်းကို ကောက်ယူရင်း screen ပေါ်က သူ့ပုံလေးကို အလွမ်းပြေနမ်းလိုက်ရသေးတယ်...။

"လွမ်းလိုက်တာ.. ထယ်ထယ့်ကြောင်ပေါက်လေး"

ကျောင်းပိတ်ရက်ခံနေတာကြောင့် မတွေ့ဖြစ်တဲ့အတွက် မဟားဒရားကိုလွမ်းလို့နေပါပြီ...။ ကြောင်ပေါက်ရောဂါသည် သူနဲ့ချစ်သူတွေဖြစ်ပြီးရင် ပျောက်သွားမှာပဲလို့တွေးထင်ခဲ့မိပေမယ့် တကယ်တမ်းကျတော့ ပိုအခြေအနေဆိုးလာတာလေ...။ နာကျင်ရတာနဲ့ ပျော်ရွှင်ရတာပဲကွာတယ်...။ ရောဂါတက်လာတာနဲ့အမျှ ပျော်ရွှင်ရတာကြောင့် တန်ပါတယ်လေ...။

နောက်ဆုံးအနေနဲ့ သစ်တော်သီးဗိုက်လေးကို ခဏမေ့ကာ မှန်ကိုကြည့်လိုက်ပြီးနောက် နဖူးပေါ်မှာဝေ့ဝဲကျနေတဲ့ဆံပင်တွေကို လက်နဲ့သပ်တင်ရင်း ထယ်ယောင်းပြုံးလိုက်မိတယ်...။

"သိပ်ချောတဲ့ငါပါလား"

ကြောင်ပေါက်လေးနဲ့တွေ့ရမှာမို့ ခြေလှမ်းတွေကနဂိုထက် တက်ကြွနေတယ်...။ တကယ်ဆိုထယ်ယောင်း ၂နှစ်လောက်စောမွေးခဲ့ရမှာ...။ ဒါမှကြောင်ပေါက်လေးနဲ့အတူတူ တစ်တန်းတည်းတက်ရမှာကို...။ မေမေကလည်း အိမ်ထောင်ပြုနောက်ကျလိုက်တာ...။

နေ့ရက်တိုင်းမှာကြောင်ပေါက်လေး ပါဝင်နေတာမို့ သိပ်ပျော်ဖို့ကောင်းတယ်...။ အပြင်မှာလူချင်း မတွေ့ရရင်တောင်မှ video call ခေါ်ကာစကားပြောဖြစ်တယ်...။ ဘယ်ရည်းစားနဲ့မှမတွေးဖူးတဲ့ အနာဂတ်အစီအစဉ်တွေကိုလည်း ကြောင်ပေါက်လေးနဲ့မှချဖြစ်တယ်...။ သေချာတယ် ကြောင်ပေါက်လေးနဲ့ အမြဲတမ်းမခွဲပဲ လက်တွဲသွားဖြစ်မယ်ဆိုတာ...။

My Naughty Kitten (Completed) Where stories live. Discover now