Daddy (7)

6.6K 506 35
                                    

Unicode

"Sean (နှင်းနတ်ဘုရား)သည်

အခြားလူတွေအပေါ်
သြဇာဘယ်လောက်ညောင်းညောင်း၊
အာဏာဘယ်လောက်ကြီးကြီး

စွဲညို့ရှင်နတ်ဘုရားလေးနဲ့
တွေ့ရင်တော့ သူဟာ အမိန့်ကို
နာခံရသူပါပဲ"

_______________________________

"ငယ်လေး"

"ဆို"

ခုနက သူ့စကားကြောင့် တစ်လမ်းလုံး
တိတ်ဆိတ်လာတဲ့လူက အိမ်ထဲဝင်ခါနီး
သူ့ကို ခေါ် လိုက်တာမို့ ရိပေါ်
တစ်လုံးတည်းပဲပြောလိုက်သည်။

"ခုနက တကယ်ပြောနေတာလား"

နက်ကတိုင်ကိုအနည်းငယ်ဖြေလျှော့ပြီး
သူ့ကိုခပ်တည်တည်မေးလာတဲ့အနှီလူသား
ကြောင့် ရိပေါ် ပြုံးလိုက်သည်။

"စိတ်ကူးတွေယဥ်ပြီး ထောင်မနေနဲ့၊ဒါက
ခင်ဗျားအတွက်မဟုတ်ဘူး"

သူ့ဖင်တစ်ချက်ပုတ်ပြကာအိမ်ထဲဝင်သွားတဲ့ငယ်လေးကြောင့် Seanနှုတ်ခမ်းတစ်ဖက်ကွေးညွှတ်သွားသည်။မနိုင်ဘူးဆိုတဲ့ အပြုံးမျိုးနဲ့ ခေါင်းခါရမ်းပြီး သူပါ
အိမ်ထဲလိုက်ဝင်လာသည်။

ဧည့်ခန်းဘက်သို့ ရိပေါ် ဦးတည်သွားပေမယ့် Seanခြေလှမ်းကတော့ အပေါ် ထပ်ကိုသာဦးတည်နေသည်။

"ခင်ဗျား ဘယ်သွားမလို့လဲ ၊ဒီကိုလား
ပျင်းလို့ tvအတူကြည့်ရအောင်"

လှေကားပေါ် လှမ်းနေတဲ့ခြေထောက်တစ်ဖက်ကို Seanအောက်ပြန်ချကာ
ဧည့်ခန်းဘက်သို့ ဦးတည်လိုက်သည်။
ဆိုဖာပေါ် Seanထိုင်ချလိုက်တာနဲ့
ရိပေါ် အိပ်ချပြီး သူ့ခြေထောက်နှစ်ဖက်ကို
Seanပေါင်ပေါ် တင်ထားလိုက်သည်။

ဇာတ်လမ်းတွဲပြီးသွားတဲ့အချိန်မှာ သတင်း
လာတော့ ရိပေါ် တစ်ချက်ကလေးသာကြည့်ပြီး ခြေထောက်တစ်ဖက်ကို Seanပခုံးပေါ် တင်ထားလိုက်သည်။ လက်ကလည်း
ဂိမ်းအဆော့မပြတ်ပေ။Seanကလည်း
ဘာမှမဖြစ်သလို လက်ပိုက်ကာ သတင်းကြည့်နေသည်။

ဂိမ်းဆော့နေရင်း ရိပေါ် က ခြေချောင်းတွေနဲ့ Seanနားရွက်ကိုညှပ်လိုက်ပြီး

"အိုးဟို ခင်ဗျားနားရွက်က အရမ်းပျော့တာပဲ၊နူးနူးညံ့ညံ့လေး"
ဟုဆိုကာ ခြေညိုးနဲ့ နားထဲသို့တစ်ချက်ထိုးကလော်လိုက်သည်။

Daddy Sean Xiao ✔Where stories live. Discover now