Second is not Second

49 7 11
                                        

ဒုတိယလူ တဲ့။

မရယ်ရတဲ့ပြက်လုံးတခုပါလား။
တကယ်ဆိုကိုယ်ဟာ
ပထမရဲ့လက်တကမ်းအလိုမှာကတည်းက
မင်းကိုချစ်နေခဲ့တာ။

ဆိုးရွားလွန်းတဲ့အတိတ်မှာ
မင်းနာမည်ခေါ်သံတွေကြားရ
အပြာရောင်နေ့ရက်တွေမှောင်မိုက်ခဲ့သလို
အသည်းကွဲခြင်းခေါင်းစဉ်အောက်မှာ
ငါသည်လည်းဗလာနတ္ထိ။

အချစ်‌ဟာအက်စစ်ဖြစ်ခဲ့ရင်
ကိုယ်သာကြေမွပျက်စီးခံချင်တာ။
၀မ်းနည်းခြင်းတဖက်ကမ်းက
အရှုံးသမားတယောက်ရဲ့
ပျော်ရွှင်ချင်တဲ့ရင်ဖွင့်စာ။

~~~~~~~~~~~~~~~~~~~~~~~~~~

ဒုတိယလူ တဲ့။

တကယ်ဆိုကိုယ်ဟာ
မင်းကိုချစ်နေခဲ့တာ။

ငါသည်လည်းဗလာနတ္ထိ။

အရှုံးသမားတယောက်ရဲ့





Ugliness Random ThoughtsWhere stories live. Discover now