15

6K 686 80
                                    

အခုကျတော့ ငြိမ်နေခဲ့တာသူမဟုတ်တဲ့အတိုင်း..
နှုတ်ခမ်းဆူလိုက်ပွလိုက်နဲ့ အမျိုးမျိုးမှာတမ်းခြွေနေတဲ့ကောင်လေးကိုကြည့်ပြီး ရှောင်ကျန့်ခေါင်းထဲဝင်လာတဲ့မေးခွန်းတွေကအစီအရီ !!!

မချစ်တာလဲမဟုတ်ပဲနဲ့ လက်ထပ်ဖို့ကျ ဘာလို့တွေဝေနေရတာလဲ?

ကားပြတင်းပေါက်ကနေ ပြူ တစ်ပြူ တစ်ဝင်နေတဲ့ ခေါင်းလုံးလုံးလေးကို ဆွဲဖမ်းယူပြီး နှုတ်ခမ်းကိုထိရုံလေးထိကပ်လိုက်တယ်။
ပြန်ခွာလိုက်တဲ့အချိန်မှာ ရုတ်တရက်မို့ လန့်သွားပုံရတဲ့ ချစ်တီးစုတ်လေးက မျက်လုံးလေးပြူးလို့..

"တစ်လမ်းလုံးငြိမ်​နေတာ ကိုယ့်ကိုလက်မထပ်ချင်လို့လား"

သိသိသာသာပျက်ယွင်း​နေတဲ့​ရှောင်ကျန့်မျက်နှာကိုကြည့်၍ ငြိမ်သက်နေရာကနေ တစ်ခွီးခွီးထရယ်ပြန်တဲ့ ရိပေါ်​က တကယ်ပဲ ဘာတွေအရူးထပြန်တာလဲ။

"ခင်များ စိတ်ညစ်နေတယ်ဆိုတာ အဲ့ကိစ္စလား?"

ဟက်ဟက်ပက်ပက်ရယ်လျက် မေးလာတဲ့သူကို မအီမသာခေါင်းငြိမ့်ပြမိတော့ ပြတင်းပေါက်ကနေ ကိုယ်တစ်ပိုင်းလုံး လှစ်ခနဲ တိုးဝင်လာတဲ့ကောင်လေးက ရှောင်ကျန့်ပါးတွေကိုဆွဲညှစ်တယ်။

ညင်ညင်သာသာလေးထိတွေ့နေရာကနေ အသဲယားလာတဲ့ပုံနဲ့ အတင်းဆွဲညှစ်လိုက်ပြီး ဆူထွက်လာတဲ့ ရှောင်ကျန့်နှုတ်ခမ်းကို သူ့နှုတ်ခမ်းလေးနဲ့တေ့ပြီး ဘူးခနဲမြည်အောင်မှုတ်တယ်။

"ခင်များက တကယ့်ပိန်းဥကြီး! ချစ်ဖို့ကောင်းလိုက်တာ "

နှုတ်ခမ်းကိုမှုတ်ခံလိုက်ရပေမဲ့ လွှင့်ထွက်သွားတာက ရှောင်ကျန့်ရင်ဘတ်ထဲက နှလုံးသားကြီးပဲ ဖြစ်မည်ထင်။

နမ်းတာလဲမဟုတ် ထိတာလဲမဟုတ် !!
ဘူးမှုတ်တာတဲ့လား...
ဒီကလေး သက်သက် လူကိုလာဆွနေတာ! !

"ကျနော်ငြိမ်နေတာက လက်ထပ်ပွဲကျရင် ခင်များကို ဘာနဲ့တင်တောင်းခိုင်းရင်ကောင်းမလဲလို့ တွေးနေတာ အထူးသဖြင့် ဈေးနှုန်းတွေတွက်နေတာပေါ့ဗျာ ဟီး "

"အဲ့..အဲ့တာဆို ကိုယ့်ကိုလက်ထပ်မယ်ပေါ့"

"ပိန်းပြန်ပြီဗျာ ကျနော့်မှာခင်များကြီးတစ်ယောက်တည်းရှိတာ ကျိန်းသေ လက်ထပ်ရမှာပေါ့"

Because of himWhere stories live. Discover now