Episode 17 (Zawgyi)

Start from the beginning
                                    

"သား တောင်းပန်ပါတယ် ပါး သားက ပါးတို့ ဒီလောက်ထိ တွေးပေးထားတာကို နားမလည်ခဲ့တာပါ"

Renjun က ပါးပါးနဲ့ မားမားကို ကြည့်ရင်း ပြောလိုက်သည်။

"ပါပါးလည်း အဲ့တုန်းက ရုတ်တရက်ဆိုတော့ စိတ်တိုသွားတယ် ဒါနဲ့ ဒီအတောအတွင်း အပြင်မှာ နေရတာ အဆင်ပြေရဲ့လား ပိုက်ဆံကရော"

"ဟုတ် သား Jaemin တိုက်ခန်းမှာ နေနေတယ် ပိုက်ဆံကတော့ part time job တချို့ online က လုပ်ဖြစ်တော့ အဆင်ပြေတယ် ပါပါး"

"Jaemin ဆိုတာ သားကောင်လေးလား"

"ဟုတ်တယ် ပါး"

"အင်း နောက်နေ့ တွေ့ချင်တယ် သား"

"သား သူ့ကို ပြောလိုက်မယ် ပါပါး"

"အင်း ဒါနဲ့ သားငယ်ကရော ဒီမှာ အဆင်ပြေရဲ့လား"

"ဟုတ် ပြေတယ် ပါး"

"အင်း တစ်ခုခု အဆင်မပြေတာရှိရင် ပါးတို့ကို ပြောနော်"

"ဟုတ် ဒါနဲ့ သား ပါးနဲ့မားကို ပြောစရာရှိတယ်"

"ဘာများလဲ သားငယ်။ သားကရော မားမား တို့ကို ကောင်လေးရနေပြီလို့ ပြောမလို့လား"

"ဟမ် မား ဘယ်လိုသိတာလဲ"

"တကယ်ပဲလား သားငယ်။ မားက ဒီတိုင်း စလိုက်တာ"

"ဟုတ် ဟုတ်တယ်"

"ပါး သိတယ် Injun"

"ဗျာ"

"သားတို့နှစ်ယောက်လုံးရဲ့ ကောင်လေးတွေကို ပါးတို့နဲ့ တွေ့ဖို့ စီစဉ်ပေးကြဦး။ ဒါဆို ပါး အခန်းထဲ ဝင်နားတော့မယ်"

"ဟုတ်ကဲ့ ပါး"

"ယောကျာ်း ရှင်သိရဲ့သားနဲ့ ကျွန်မကို ဘာလို့ မပြောတာလဲ"

မာမားဟာ ပါပါးနောက်ကို လိုက်သွားရင်း တတွတ်တွတ် မေးနေလေသည်။

သားနှစ်ယောက်ကတော့ စားပွဲမှာပဲ ထိုင်ကျန်ခဲ့သည်။

အပိုင်း (ခ)

Flash backkkk

မနက်ပိုင်း အလုပ်လုပ်နေရင်း ပါပါးဆီက ဖုန်းဝင်လာ​တော့ Renjun ကိုင်ရနိုးနိုး မကိုင်ရနိုးနိုး ဖြစ်နေမိသည်။ စဉ်းစားနေမိတုန်းမှာ ပထမတစ်ခါ ခေါ်ဆိုမှုဟာ ရပ်တန့် သွားခဲ့ပြီး ဒုတိယတစ်ခါ ခေါ်ဆိုမှု ထပ်မံဝင်လာခဲ့သည်။ ဒီတစ်ခါတော့ တွေဝေမနေတော့ဘဲ ကိုင်လိုက်သည်။

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now