"ကိုယ်​ကြိုက်​တာပဲမှာလိုက်​တာ မင်းအဆင်​​ပြေမလား"

"ရတယ်​..​ပြေတယ်​လူကြီး"

"​နေပါဦး..မင်းအဲဒီလူကြီး...လူကြီးဆိုတာကြီးကပြင်​ဖို့စိတ်​ကူးမရှိ​တော့ဘူးလား"

"ဗျာ..အဲဒါဆိုကျွန်​​တော်​ကဘယ်​လို​ခေါ်ရမလဲ"

ချန်း​ယောလ်​​ကောင်​​လေးအ​​မေး​ကြောင့်​​တွေးလိုက်​မိ​တော့လည်း...ကိုယ့်​ကိုဘယ်​လို​ခေါ်​စေချင်​တာဆိုတာ​တွေးမရ...ခုလူကြီးဆိုတဲ့​နေရာကိုတခြားနာမ်​စား​တွေထည့်​ကြည့်​​တော့လဲအဆင်​မ​ပြေ..ဒါဒီ​ကောင်​​လေး​ကြောင့်​နားယဉ်​သွားလို့ပဲ​နေမယ်​..

"ထားပါကြိုက်​သလို​သာ​ခေါ်​တော့"

"ဟုတ်​ကဲ့လူကြီး"

"ရွဲ့တာလား"

"မရွဲ့ရဲပါဘူးခင်​ဗျာ အိမ်​ဦးနတ်​ကြီးကို"

"အဟက်​...မင်းက​တော့တကယ်​"

ခုကလူကြီး..ကျွန်​​တော်​​ကြောင့်​အသက်​ဝင်​​အောင်​ပြုံးရယ်​လိုက်​သည်​တဲ့လား..​​​ပေါ်ေ​​နတဲ့ပါးချိုင့်ထင်း​​​ထင်း​လေးကိုအမှတ်​ရ​နေ​အောင်​​ငေးကြည့်​​နေခဲ့မိတာ​တော့အမှန်​ပဲ...

"ဟိုမှာထားတာ​တွေရပါပြီ"

"​ကျေးဇူးပါဗျ"

.**
"ဘာလို့ခုလိုလိုက်​​ကျွေးတာလဲဟင်​လူကြီး"

အစားတဖက်​နဲ့​ပြော​နေတဲ့​ပေါက်​စ

"ဒီအတိုင်း..စိတ်​ကူးရလို့"

တကယ်​​တော့ဒီအ​တောအတွင်း​​​​တော်​​တော်​ပိန်​ကျသွားတဲ့ က​လေး​ကြောင့်​စိတ်​မ​ကောင်းလို့​သေချာစား​စေချင်​တဲ့စိတ်​နဲ့ခုလိုစီစဉ်​ခဲ့လိုက်​တာ...

"ဘာလို့ပဲဖြစ်​ဖြစ်​ဒီ​နေ့အတွက်​ ​ကျေးဇူး​နော်​လူကြီး"

"အင်း"....

"ဟင်​..ဘာလို့လဲ"

ပါးကိုထိမလိုပြင်လာ​သောလူကြီး​ကြောင့်​​မေးလိုက်​မိသည်

"အာ...ဒီ..မှာ တစ်​ရှူးယူ​ပေးမလို့.​ရော့​ပေ​နေတယ်​သုတ်​လိုက်​"

Heart-Searching [Completed] Where stories live. Discover now