'ကိုကို့နှလုံးသားထဲမှာ သွန်းတစ်ယောက်အတွက်ပဲ နေရာ ရှိတယ်...အဲ့ဒါ သွန်း ယုံပေးနော်...ကိုကို့ ဘဝရဲ့ အစမှာတည်းက သွန်းလေးက ပါဝင်နေခဲ့တာ...သွန်းနေရာကို ကိုကို ဘယ်သူ့ကိုမှလဲ အစားထိုးနိုင်မှာ မဟုတ်ဘူး...သွန်းလေးနဲ့ပဲ တဘဝလုံး လက်တွဲသွားမှာ...'

သွန်း ကိုကို့ကို စကားတွေကို ကြားရတာ အရမ်းဝမ်းသာမိပါတယ်...သွန်းက ကိုကို့အတွက် ဘယ်လောက်အရေးပါလဲ ဆိုတာ သိလိုက်ရလို့ပေါ့...သွန်းလဲ ကိုကို့ရင်ခွင်ထဲကို ခေါင်းလေး တိုးဝှေ့ဝင်လိုက်ပြီး

'သွန်း ဘဝရဲ့ အချစ်ရဆုံးသူကလဲ ကိုကိုပါပဲနော်...'

လင်းလဲ ဘာမှပြန်မပြောပဲ သွန်းလေးကိုသာ တင်းကျပ်စွာ ပြန်လည်ဖက်ထားလိုက်တော့သည်။

💍💍💍

မြဖူးပွင့် လေဆိပ်ကို ဧည့်သည်ကြိုစရာရှိလို့ ရောက်နေလေသည်။ စင်ကာပူမှ လာမယ့် ဧည့်ငည်ဖြစ်ပြီး အရေးကြီးသောကြောင့် ခြေဖျားတစ်ဒေါက်ဒေါက်ဖြင့် ရှာနေရလေသည်။ အတူပါလာသော driver ကောင်လေး ညီညီက

'မမြဖူးရယ်...လေယာဉ်မစိုက်သေးပါဘူးဗျ...ထိုင်နေပါ...'

'ငါ စိတ်ပူလို့ပါဟယ်...တော်ကြာ ဧည့်သည်နဲ့ လွှဲသွားမှဖြင့်...'

'ဒုတ်...အင့်...'

'Sorry, are u ok?'

မြဖူးပွင့် အနောက်က လူကို ဝင်တိုက်မိတာကြောင့် တောင်းပန်ရန် နောက်လှည့်လိုက်တော့ ခုနက English လေယူလေသိမ်းတော်တော်ကောင်းတာမို့ foreigner တစ်ယောက်ဖြစ်မယ်ဟု ထင်လိုက်သော်လည်း အရပ်မြင့်မြင့် နဲ့ အသားဖြူဖြူ ခပ်ချောချော မြန်မာတစ်ယောက် ဖြစ်နေတာကြောင့်

'ဟုတ် ရပါတယ်ရှင့်...မြဖူးက တိုက်မိတာပါ...မြဖူး တောင်းပန်ရမှာ...'

'အော်...ရပါတယ်ဗျာ...သွားခွင့်ပြုပါဦး...'

'ဟုတ်ကဲ့...'

💍💍💍

စစ်သွေးခန့် ဒီနေ့ မြန်မာနိုင်ငံကို ပြန်ရောက်တာ ဖြစ်သည်။ ဖေဖေကတော့ ထားဝယ်မှာ တာဝန်ကျနေတာမို့ လာမကြိုဖြစ်...ဒါကြောင့် သူ ရန်ကုန်မှာ ခဏနေပြီး ထားဝယ်ကို လေယာဉ်နဲ့ ပြန်ဖို့ ဆုံးဖြတ်ထားလေသည်။ မြန်မာနိုင်ငံ ပြန်ရောက်ရောက်ချင်း အရင်ဆုံးတွေ့ချင်မိတာက သွန်းကိုပါ...သွန်းရော ဘာတွေလုပ်နေမလဲ မသိဘူး...ကိုလင်းနန္ဒရော အဆင်ပြေရဲ့လား...

"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎जहाँ कहानियाँ रहती हैं। अभी खोजें