လင်းယုတုန်က အဲဒီလူကို ကြည့်လိုက်တော့ သူကခရမ်းရောင်ဆံပင်နှင့် အနက်ရောင်ဂျင်းပန်နှင့် ဖျော့တော့တဲ့ ဂျက်ကတ်ကို ဝတ်ဆင်ထားပြီး သူ့ကိုကြည့်ရတာ နည်းနည်းတော့ ရက်စက်ပုံပေါ်နေပေမဲ့ သူ့အပေါ်ကို မကောင်းတဲ့ရည်ရွယ်ချက်ရှိမပေါ်တာကြောင့် သူက ဖြည်းဖြည်းချင်းစိတ်လျော့လိုက်ပြီး"မင်းဘာကိုဆိုလိုချင်တာလဲ?"

ဒီလူက ပြောလိုက်တယ်"မင်းအပြင်ထွက်လာတော့ ဖုန်းမယူလာဘူးလား?"

လင်းယုတုန်က သူ့အိပ်ကပ်ကိုစမ်းကြည့်လိုက်ပြီး ဖုန်းက သူနှင့်အတူမပါလာတာကို တွေ့လိုပ်ရတယ်။သူက အောက်ဆင်းလာတဲ့အချိန်တုန်းက စာချုပ်ကိုဘဲ လာယူတာဖြစ်ပြီး အဆင့်သင့်နေတာနှင့် သကြားကို ထွက်ဝယ်လိုက်တာဖြစ်တယ်။ဒါ့ကြောင့် သူက ဖုန်းမယူလာခဲ့တာက သာမန်သာဖြစ်တယ်။

အဲဒီလူက"ငါပြောတာမှန်တယ်မလား?"ဆိုတဲ့အမူအရာကို ပြလိုက်ပြီး နောက်တော့ သူက လမ်းတစ်ဖက်ကနေမောင်းလာတဲ့ အနက်ရောင်မာစီးဒီးကားကို ပြလိုက်ပြီး"အထဲမှာ ဝမ်ပင်ယန်ရှိတယ်။သူမက ကျန်းရီဖေးရဲ့မိထွေးဘဲ။သူမက ဘယ်ကနေ သတင်းကြားလာပြီး ရောက်လာလဲမသိဘူး။ဒါပေမဲ့ ကျန်းရီဖေးနဲ့မင်းနဲ့လက်ထပ်ထားတာကို သိသွားပြီး အကျိုးအမြတ်ရယူဖို့ သူမက ကျန်းရီဖေးကို သွားမရှာဘဲ မင်းကိုလာရှာတယ်။ဒါပေမဲ့ အခုချိန်မှာ မင်းက သူမနဲ့တစ်ယောက်ထဲ မတွေ့သင့်ဘူး"

ကျန်းရီဖေးက သူ့မိသားစုကို သူတို့လက်ထပ်ထားတဲ့အကြောင်းကို မပြောရသေးဆိုတာ လင်းယုတုန်သိတယ်။သူက နည်းနည်းတော့ ထူးဆန်းတယ်လို့ ခံစားရသော်လည်းဘဲ သူ့အတွက်တော့ ကျန်းဟန်တုနှင့်ဝမ်းပင်းယန်ကို မတွေ့ရတာက ဆိုးတာတော့မဟုတ်ဘူး။ဒါပေမဲ့ သူက ကျန်းရီဖေးကို အစတုန်းက အကြောင်းပြချက်ကို မေးဖို့လုပ်ခဲ့ပေမဲ သူက အရမ်းကြီးစိတ်ထက်လှတာမဟုတ်တာကြောင့် မေ့နေခဲ့တယ်။ဒါ့ကြောင့် သူက အသံတိတ်နေခဲ့တယ်။

ဒါပေမဲ့ သူက ဝမ်ပင်းယန်က အရင်လာပြီးတော့ သူ့ကိုလာရှာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။

လင်းယုတုန်က အများသုံးဖုန်းပေါ်က ဖုန်တွေကို ပုတ်လိုက်ပြီး"ငါက မင်းပြောတာကို ဘာကြောင့် ယုံကြည်ရမှာလဲ?"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now