My Senior Crush(Unicode)

163 14 0
                                    

Yixing တစ်ယောက် ဒီနေ့ တက်ရောက်ရမည့် တက္ကသိုလ် တွင် ကျောင်းအပ်သွားရမည်။ JongIn တို့ Tao တို့ Yifan တို့နဲ့အတူ သွားအပ်ရမည်ဖြစ်လို့ စိတ်မပူမိပေမယ့် တ်လှုပ်ရှားမှုတော့ဖြစ်မိသည်။ ကိုယ်ဘဝမှာ အမှတ်တရတွေ ကျန်ရစ်ခဲ့မည့် နောက်ဆုံးကျောင်းကြီး။ ၄နှစ်လုံးလုံးတက်ရောက်ခိုနားရမည့်ကျောင်းကြီးကို ပထမဆုံးသွားရမည်မဟုတ်လား။ JongIn ကားဟွန်းတီးသံကြောင့် ဒေါ်လေးကိုနှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်သည်။ ကားပေါ်ရောက်တော့ စိတ်ကောက်နေဟန်ရှိသော Tao ကို အစ်ကိုဝမ်းကွဲဖြစ်သူ Yifan မှ လိုက်ချော့နေသည်ကို မျက်စောင်းခဲနေသော JongIn။

"JongIn ဘာဖြစ်နေတာလဲကွ"

"ငါနော် သူငယ်ချင်းအရင်းကြီးတွေမို့လို့ သည်းခံနေတာ ငါတော်တော်ကြီးသည်းခံနေတာကွ Yixing ရ။ အလိုက်ကမ်းဆိုးမသိဘူးဘဲပြောပြောကွာ။ အဲ့လောက်အဖြစ်သည်းနေတဲ့နှစ်ကောင်ကို ငါကန်ချချင်နေတာ။ မင်းကြည့်ပြောဦး။ ငါတကယ်...... ဟူး......"

ထွက်လာသောဒေါသကို လျော့ချလိုက်ဟန် သက်ပြင်းချလိုက်ကာ အနောက်ခန်းက အချစ်ငှက်နှစ်ကောင်ကို မျက်စောင်းကြီးနဲ့ကြည့်ပြီး ကားမောင်းဖို့ပြန်အာရုံစိုက်သွားသော JongIn ကိုကြည့်ကာ Yixing ရယ်ချင်စိတ်ကိုထိန်းလိုက်ရသည်။ JongIn ကြည့်ရတာ တကယ်စိတ်တိုနေပုံပင်။ ဟိုနှစ်ယောက်ကလည်း သူ့အိမ်လာတဲ့လမ်းတစ်လျှောက်မှာ ဘယ်လောက်တောင် ချစ်ကြည်နူးပြီးတစ်တစ်တူး လာသည်မသိ။ တစ်ယောက်မှာသူငယ်ချင်းအရင်းကြီး နောက်တစ်ယောက်မှာ သူငယ်ချင်းပေါင်း ပေါင်းတဲ့ အစ်ကိုဝမ်းကွဲ။ သူတို့နှစ်ယောက်တွဲနေပြီဆိုတဲ့အကြောင်းပြောတော့ သူနဲ့ JongIn နဲ့အတော်ပင်အံသြ သွားရသည်။ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်လျှင်ပင် ၁၀မိနစ်မပြည့်ခင် ထသတ်တတ်ကြသော နှစ်ယောက်မှာ တစ်ယောက်ကမျက်နှာလေးရဲလျက် တစ်ယောက်က ဂုဏ်ယူဝံကြွားသည့်အပြုံးနှင့် တစ်ယောက်လက်တစ်ယောက်ဆွဲကာ သူတို့ကို တွဲနေပါပြီ လာပြောတော့ မအံသြဘဲနေမည်လား။ တွဲနေပြီဟု တရားဝင်သူငယ်ချင်းတွေကို ချပြပြီးသည်နှင့် သူငယ်ချင်းများနဲ့အတူရှိချိန်မှာတောင် နှစ်ကိုယ်တည်းတစ်ကမ္ဘာတည် နေတတ်တဲ့ သူတို့နှစ်ဦးမှာ JongIn ရဲ့မျက်စိနောက်စရာ ဖြစ်လာခဲ့သည်မှာကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် JongIn သည် ဒီအချစ်ငှက်နှစ်ကောင်နဲ့ သူတစ်ယောက်တည်းသွားရမည့်နေရာများ၊ လုပ်ရမည့်အလုပ်များကို တတ်နိုင်သလောက်ဝေးဝေးကရှောင်သည်။ ယခုတော့ မိမိကိုလာခေါ်ရမည်ဖြစ်သောကြောင့် မလွှဲမရှောင်သာ ခေါ်တင်လာရဟန်ရှိသည်။

My Senior Crush {Complete}Where stories live. Discover now