Could I be your..... ( Unicode)

85 14 0
                                    

" Jun ..*

စိတ်ထဲ အမြတ်တနိုး ခေါ်မိတဲ့နာမည်လေး။ Jun ဟု ရေရွတ်မိလိုက်လျှင်ပင် ရင်ထဲနွေးသွားကာ တငြိမ့်ငြိမ့် လှိုက်ခုန်လာသည်အထိ စွမ်းဆောင်ပေးနိုင်သည်။

Jun တို့ စီနီယာ အုပ်စုနှင့် သူတို့ သူငယ်ချင်းတစ်စု ရင်းနှီးမှု သက်တမ်းကြာလာတာနဲ့ အမျှ စီနီယာလေးအပေါ် ထားတဲ့သူ့စိတ်တွေက ပိုပြီး အတည်တကျဖြစ် လာခဲ့တယ်။ ခင်မင်ရင်းနှီုးမှုကို အခွင့်အရေးယူတယ်လို့ဘဲ ပြောပြော ရင်ထဲက ခံစားချက်တွေကို ဖွင့်ပြောချင်လာသည်။ သူ ကိုယ့်အပေါ် ဘယ်လိုသဘောထားလဲ သိချင်လာသည်။ ထို့ကြောင့်လဲ ဖွင့်ပြောမည်ဟု ဆုံးဖြတ်ချက်ချကာ သွားတွေ့မိတိုင်း မျက်နှာလေးမြင်ကာ ရင်းနှီုးမှု အတိုင်းအတာလေးပါ ကျဉ်းသွားမည် စိုးသောကြောင့် အချည်းနှီး ဖြစ်ခဲ့ရသည့် အကြိမ်ရေ မနည်းတော့ပေ။ 

တစ်ခါက  ကိုယ့်အကို ဝမ်းကွဲ Yifan နဲ့ Tao တို့ နှစ်ပတ်လည်နေ့ကို ဆိုင်တစ်ဆိုင်မှာ  ကျင်းပနေတဲ့အချိန် Jun တို့ သူငယ်ချင်း အုပ်စုသည်လဲ ရောက်နေခဲ့သည်။ အစကတော့ Jun ရဲ့ Homo တွေအပေါ် သဘောထားကို တကယ် စိုးထိတ်မိခဲ့သည်။ ထို့နေ့က jun တို့ စီနီယာ အုပ်စုနှင့် ရင်းနှီုုးမှုလေး ပျောက်ပျက်ခဲ့ပြီ ထင်ခဲ့ကြတာ။ jun တို့က မခွဲခြား မရှုတ်ချတဲ့ အပြင် yifan တို့ကိုပင် ဂုဏ်ပြုခဲ့ကြသေးသည်။ ထို့နေ့က မှတ်မှတ်ရရ homo တွေအပေါ် သူ့ရဲ့ သဘောထားများကို သိခွင့်ရခဲ့သည်။ ထို့ကြောင့်လဲ jun အပေါ် yixing ရဲ့ သဘောထားတွေ ပိုတိုးလာကာ ဖွင့်ပြောဖို့ ဆုံးဖြတ်မိခဲ့သည်။ ဒီနေ့တော့ စီနီယာလေးကို ဖွင့်ပြောဖို့ သေချာ ဆုံးဖြတ်ချက်ချမိသည်။

' Yixing မင်းလုပ်နိုင်ပါတယ်။... '

ကိုယ့်ကိုကိုယ် အားပေးနေရင်း အတန်းဆင်းလာသော Jun တို့ အုပ်စုကို တွေ့လိုက်သည်နှင့် ခန္ဓာကိုယ်က အသင့်အနေထားဖြစ်သွားသည်။

" ဟေး Yixing မပြန်သေးဘူးလားကွ မင်းတို့အတန်းဒီနေ့စောဆင်းတယ်လို့ ဆရာ့စီက ကြားတယ် "

Chanyeol hyung က အရင်ဆုံး ပြုံးရယ်ကာ နှုတ်ဆက်သည်။ နောက်မှပါလာသော Jun ကတော့ သူ့မျက်မှန်ဝိုင်းလေးကို ပင့်တင်ကာ ပြုံးပြလာသည်။ ဒီနေ့မှ ပိုချစ်ဖို့ကောင်းနေသော စီနီယာလေးကို အကြည့်မလွှဲမိဘဲနှင့်

My Senior Crush {Complete}Where stories live. Discover now