အပိုင်း (၆၉)

Start from the beginning
                                    

မို့ရန် ဖြေနိုင်ဖို့ဝေးစွ။ သူဘာကိုပြောချင်နေသည်ကို မသိသော်လည်း တစ်ခုခုနဲ့မှားပြီး စွပ်စွဲနေသည်ကိုတော့ နားလည်လိုက်သည်။ လောလောဆယ် သူမပြန်မဖြေနိုင်သေး။ လေမရသည့်အတွက် ရုန်းကန်အားလည်း နည်းလာသည်။ ဟွာရှန့်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားသောလက်လည်း ပြေလျော့သွားတော့မှ လွှတ်ပေးလေသည်။ ကြမ်းပြင်ပေါ် အဝတ်စတစ်စလို ပုံကျသွားပြီး အသက်ကိုလုရှူသည်။

"စစ်သူကြီး… အထင်လွဲနေပြီထင်တယ်… ကျနော် သူလျှိုမဟုတ်ဘူး…"

"မင်းလို လူစားမျိုးက အမှန်ပြောဖို့ ဘယ်လွယ်လိမ့်မလဲ… ပြောပါဦး… ငါ့စစ်သည်တွေ ကျသွားတာကို မြင်ရတော့ မင်း မပျော်ဘူးလား… ပြီးတော့ အကျဉ်းစခန်းထဲက တစ်ယောက်က မင်းနဲ့ အပေါင်းအပါတွေ ဟုတ်လား… သူ့ကိုကယ်ဖို့ မင်းကြိုးစားနေတယ်ပေါ့… တယ်လည်း သတ္တိကောင်းနေပါလား…"

"မဟုတ်ဘူး…. ကျနော် သူလျှို မလုပ်ခဲ့ဘူး… စစ်သူကြီး… သတင်းမှားတာပါ… မှားနေပြီ…"

မုဆိုးဒူးထောက်ထိုင်ချလိုက်ပြီး မို့ရန်ကို ရွံ့ရှာသလိုကြည့်ကာ သတ်ဖြတ်လိုသော အရောင်အဝါတို့သည် ပတ်ဝန်းကျင်ကိုပါ ဖိအားသက်ရောက်စေသည်။ သူ ဒီမိန်းမကို အရမ်းကြီးယုံကြည်မှု မထားခဲ့သော်လည်း ထိုကဲ့သို့ လုပ်လိုက်မည်ဟု မထင်ထား။ တိုက်ပွဲတွင်အောင်နိုင်သော်လည်း ဆုံးရှုံးသွားသော စစ်သည်တို့က အရုပ်မှ မဟုတ်လေဘဲ။ လေထုသည် လည်ပင်းညှစ်ခံရစဉ်ကထက် ပိုပြီးအသက်ရှူရခက်လာသည်ဟု မို့ရန် ထင်မှတ်မိသည်။ မည်သူက သူမကို ချောက်ချသလဲ။ ဘာအကြောင်းကြောင့် သူမကို သူလျှိုဟု ထင်ရသလဲ။ သူ စမ်းသပ်နေတာလား။ ဒါတော့ သိပ်မဟုတ်သေး။ ထုံကျဉ်စွာ ကိုက်ခဲလာသော ဦးခေါင်းကြောင့် ကြမ်းပြင်ကိုသာ ငုံ့ကြည့်မိသည်။ ထိုခဏ အေးစက်သောအရာတစ်ခုက သူမမေးရိုးနား လာထောက်လေသည်။

င့ါ ဆံထိုးလေး…. ဘာလို့ သူ့ဆီမှာရှိနေရတာလဲ…. ကိုယ်နဲ့မကွာ သိမ်းထားတာကို သူဘယ်တုန်းက ရသွားတာလဲ… !!!

"မင်း အလိမ်အညာတွေ ထပ်ပြောကြည့်စမ်း… ဘာလဲ… မင်း မှတ်မိသွားပြီလား…. မင်းမပြောလည်း ပြောမယ့်သူကို ငါ စစ်လိုက်ရုံပဲ… ဒီ ဆံထိုးကိုမြင်ရင် သူ ဘာပြောမလဲ ကြည့်ကြသေးတာပေါ့…"

ကြင်ယာတော် "မို့ရန်"Where stories live. Discover now