ခပ်တိုးတိုးရေရွတ်သံနဲ့အတူ အမှောင်အတိပြီးတဲ့ တဲငယ်ထဲမှာ လက်ခနဲ အလင်းပြန်မှုကြောင့် စဉ်းစားချိန်ပင်မရပဲ ဓားကိုင်ထားတဲ့လက်ကို အမြန်ဆွဲဆုပ်ကာ တားဆီးမိတော့သည်။

'ဘယ်သူလဲ ဖယ်ပါ ကျွန်တော့်လက်ကိုလွှတ်'

အားနဲ့ဆုပ်ကိုင်မှုအောက်မှာ မခံနိုင်တဲ့လက်ကောက်ဝတ်တို့က ဓားကိုလွှတ်ချတော့မှ ထိုခန္တာကိုယ်ကို လရောင်အောက်အလင်းဖြာရာအပြင်ဘက်ကို ဆွဲခေါ်လာလိုက်သည်။

'ဘယ်သူလဲ လွှတ်ပါ'

ငှက်တောင်မွှေးလို ပေါ့ပါးတဲ့ ခန္တာကိုယ်က သူဆွဲရာကိုတရွတ်တိုက်ပါလာလေတယ်။
ဆစ် ခနဲ နာကျင်မှုကြောင့် ငုံ့ကြည့်လိုက်တော့ သူ့လက်ကို အားနဲ့မာန်နဲ့ ကုန်းလို့ကိုက်ခဲနေတဲ့ ခေါင်းလုံးလုံးလေး။

'ဟေ့ မကိုက်နဲ့လေ'

သူ့အသံကြားတာနဲ့ကိုက်နေတာကို လွှတ်ချလိုက်ပြီး မော့ကြည့်လာတဲ့ အကြည့်က ခပ်စူးစူး။
အရင်လို ပြာပြာသလဲ ဒူးထောက်လို့ အရိုအသေပေးခြင်းမပြုပဲ ပေလို့ရပ်နေတဲ့ အပြုအမူကြောင့် မျက်ခုံးပင့်လိုက်မိတယ်။

'အရှင့်သား ဘာကိစ္စရှိလို့လဲ'

နေနှင့်ဦး။
ဒီကိစ္စကိုနောက်မှရှင်းရမည် အခုတော့ အရေးကြီးတာက ဖင်းကော်။
မဟုတ်ရင် သူလုပ်နေတာနဲ့ စခန်းတစ်ခုလုံးနိုးလို့ တရုန်းရုန်းဖြစ်ကုန်လိမ့်မည်။

လက်မောင်းကနေဆွဲလို့ မြင်းဇောင်းဆီခေါ်လာတော့ အထွန့်မတက်သည့်တိုင် သူ့ခြေလှမ်းတွေကို မလိုက်နိုင်သည့်အလား တရွတ်တိုက်ပါလာသည်။

'ဖင်းကော်'

အစက ဖင်းကော်သောင်းကျန်းနေရတဲ့ အကြောင်းရင်းကို မသေချာသေးဘူးဆိုပါက ယခုဆိုရင်ဖြင့် လက်ခတ်မလွဲကို သေချာသွားခဲ့ပြီ။
အနှီသတ္တဝါလေးက ကောင်လေးရဲ့အသံကိုကြားသည်နှင့် ဟီနေတာကိုရပ်လို့ အပြေးအလွှားခေါင်းထိုးပေးလေသည်။
ကောင်လေးကလည်း တိုးတိုးတိုးတိုးနှင့် စကားပြောနေသည်မလို့ ဘေးလူတစ်ဦးမှ ကြည့်လျှင်ဖြင့် သူက လူပိုတစ်ဦးအလား...။

'ကဲ တော်ပြီ'

'မင်းပြောစမ်း စောနက ဘာလုပ်နေတာလဲ'

Side By Side (Hiatus)Where stories live. Discover now