"ဒါကိုကျ မင်းက ဖုံးကွယ်ထားပေးသေး။"

"ထားကတော့ သားနဲ့ပက်သက်ရင် အဲ့လိုမျိုးလုပ်တာ ဘာဖြစ်လို့လဲရှင်။"

လွန်းတစ်ယောက် အိပ်ယာအမြန်ထကာ
အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးနေရပြီ
မဟုတ်ရင် ဒယ်ဒီရဲ့ဒေါသတွေ သူ့ပေါ်ပုံကျလာမှာစိုးတဲ့အတွက် အိမ်ကိုအမြန်ပြန်လာခဲ့တော့သည်။

  ရောက်ရောက်ခြင်း မီးတောက်နေတဲ့မျက်လုံးတွေနဲ့ လွန်းကို ကြည့်နေတဲ့
ဉီးကျော်နိုင်။
  "နာရီပြန်ကြည့်အုံး..လွန်းခေတ်."

"ဒယ်..ဒယ်ဒီ သား.. သား..လေ"

"စကားပလ္လင်ခံမနေနဲ့..သွားပို့စရာရှိတာသွားပို့..ငါဖုန်းဆက်အကြောင်းကြားထားလိုက်မယ် တွဲဖက်ရုံးကို။"

"ဟုတ်..ဒယ်ဒီ."
စားပွဲခုံပေါ်က ဖိုင်တွဲကို ယူပြီး ဘာလမ်းကရုံးခွဲကို ထွက်လာတော့တယ်။

ကားပေါ်ရောက်တာနဲ့ သက်ပျင်းချရင်း
'ဟူးးး..တော်ပါသေးရဲ့. ဒယ်ဒီ ငါ့ကိုအရေမဆုတ်တာ။'

စစ်မဟာ..စောင့်ရင်း အိပ်မောကျနေသည်မှာ တစ်နာရီမကတော့ပေ..အတွင်းရေးမှူး
မလေး လွန်းကိုလာပို့ပေးသည်အထိ မနိုးသေး။

  "ဆရာ..ဆရာ..ဧည့်သည်ရောက်နေတယ်
ဆရာ။"
  စစ်မဟာကိုနှိုးပေးပြီး အတွင်းရေးမှူးမလေးလည်း အခန်းပြင်ပြန်ထွက်လာတော့တယ်။

ရုံးခန်းထဲ စစ်မဟာနဲ့ လွန်းတို့ နှစ်ယောက်တည်းရှိတော့တယ်။

စစ်မဟာဘက်မှ.."ကဲ ဘယ်လိုဖြစ်ရတာလဲ
တွဲဖက်ကြီးရေ..စောင့်ရင်းတောင်အိပ်ပျော်ရတဲ့အထိပဲ။"

လွန်းကိုသေချာကြည့်မိတော့မှ 'ဟိုနေ့ညက
တိုက်မိခဲ့တဲ့ ကောင်လေးပါလား။'
စစ်မဟာ သေချာကြည့်မိမှ သတိရသွားတာမို့..

"လွန်းတောင်းပန်ပါတယ်.. ကားလမ်းတွေပိတ်နေလို့ နည်းနည်းနောက်ကျသွားတာပါ။"
အပြုံးလေးနဲ့ တောင်းပန်နေတဲ့ လွန်းကိုကြည့်ရင်း စစ်မဟာ ရင်ထဲငလျင်တစ်ခုအစပျိုးသွားတော့တယ်။
  'ဒီမျက်နှာလေး..အဲညကသေချာမမြင်လိုက်ရဘူး..ဒါပေမဲ့ လွန်းဆိုတဲ့နာမ်စားလေးကြောင့် သူမှတ်မိသွားရခြင်းပါ။'

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now