အလင်းရေမိုးချိုး ဖီးလိမ်းပြင်ဆင်ပြီးတော့ မုန်းတို့အိမ်ကို ထွက်လာခဲ့လိုက်တယ်။ မုန်းတို့တိုက်ခန်းအောက်ကိုရောက်တော့ ကျွန်တော့်ရဲ့မုန်းကို ဖုန်း‌ဆက်ခေါ်ရတယ်။ ပထမတစ်ခါခေါ်တယ် မကိုင်ပါဘူးခဗျာ။ ဒုတိယတစ်ခါထပ်ခေါ်တယ် မကိုင်ဘူး။ ဟုတ်ပါတယ် ကျွန်တော့်ကလေးလေး စိတ်ဆိုးနေတုန်းပါပဲ။ အိမ်အောက်ကို ရောက်နေတယ်ဆိုတဲ့အကြောင်း Message ပဲပို့ရတော့မှာပေါ့။

‘ကလောင်’ message ဝင်လာသံကြားတာမို့ မုန်းကြည့်လိုက်တော့ အသဲပုံလေးနှစ်ခုကြားက ကိုကိုဆိုတဲ့ nickname လေး။

“မုန်းလေး ကိုကို မုန်းတို့တိုက်ခန်းအောက်မှာ စောင့်နေတယ်နော်။ စိတ်ဆိုးမပြေသေးရင်တောင် ကိုကို့ကိုသနားရင် ခဏလေးဖြစ်ဖြစ် ဆင်းလာခဲ့ပေးနော်”

သနားရင်ဆင်းလာခဲ့ပါဆိုတော့ မသနားလို့ မဆင်းဘဲနေလိုက်ရ မကောင်းရှိတော့မယ်။ မုန်းလည်းရေချိုးပြီးသားမို့ အင်္ကျီလေးလဲပြီး အောက်ကို ဆင်းလာခဲ့လိုက်တယ်။ အိမ်အောက်ကိုရောက်တော့ သွားသုံးဆယ့်နှစ်ချောင်း မိုင်ကုန်ဖြဲပြီး စောင့်နေတဲ့အလင်းကို တွေ့ရပါတယ်။

“ပြော ဘာလာလုပ်တာလဲ”

“ဘာလာလုပ်ရမှာလဲ။ ကိုကို့မုန်းလေးကို လွမ်းလို့လာတာပေါ့”

ပါးကိုဖျစ်ညှစ်ပြီးပြောတာမို့ မုန်းပါလေးတွေ ရဲတွတ်လာပြီး နာလွန်းလို့ မျက်ရည်လေးတွေပါ ဝိုင်းလာတယ်။

“အလင်း နာတယ်ကွ။ အသားချင်း ကိုယ်ချင်းမစာမနာ”

“စိတ်ဆိုးပြေမှာလားပြော”

“ပြေရအောင် မင်းက အခုငါ့ကိုချော့နေတာလား သတ်နေတာလားပြော”

“ဟုတ်ပါပြီကွာ စိတ်မဆိုးနဲ့တော့နော် လိမ္မာတယ်။ ကိုကိုကမုန်းကို မုန့်လိုက်ဝယ်ကျွေးမလို့ လာတာ။ မုန်းကြိုက်တာစား Ok”

“မုန့်ကျွေးပြီးချော့လို့ရအောင် မင်းလုပ်တဲ့အပြစ်က သေးသေးလေးလားအလင်း။ မင်းကိုငါဖုန်းခေါ်တဲ့ အကြိမ်ရေကို ပြန်ကြည့်ဦး။ မင်းဖုန်းပြောနေတဲ့နာရီကို ပြန်ကြည့်လေ။ တကယ်ဆို မင်းဖုန်းပြောနေရင်း စာရှင်းနေတယ်ဆိုတဲ့အကြောင်းကို message ပို့လို့ရတာပဲကို။ Message မပို့နိုင်လောက်အောင်ကို အားနာနေရအောင် မင်းစာရှင်းပြနေတဲ့သူက ဘယ်သူမို့လို့လဲပြော။ Message ပို့ဖို့ အချိန်ခဏလေး မပေးနိုင်ရအောင် သူကအရေးကြီးလား။ ငါ့ထက် ပိုအရေးကြီးလားပြော။ ခုမင်းငါ့ကို တောင်းပန်တာ ကလေးကို မုန့်ကျွေးပြီး ချော့လိုက်ရင် ရတဲ့အထာနဲ့ ပေါ့ပျက်ပျက် လာချော့နေတာ။ ငါကအဲ့လောက်‌တောင် အပေါစားဆန်နေလားအလင်း။ ငါကအရင် မင်းကိုဖွင့်ပြောခဲ့တဲ့သူဆိုပြီး အထင်သေးနေတာလား။ ငါဘာလုပ်လုပ်ရတယ်။ ငါဘယ်လိုချော့ချော့ရတယ်လို့ မင်းထင်နေတာလား ဟုတ်လားအလင်း”

မုန်းရဲ့အလင်းရောင်Where stories live. Discover now