Ringtone သံကြားပေမယ့် မုန်းတမင်မကိုင်ဘဲ နေလိုက်တယ်။ တစ်နာရီခွဲအလင်း ငါမင်းကိုဖုန်းခေါ်နေတာ တစ်နာရီခွဲ။ ဘယ်သူနဲ့မို့ အဲ့လောက်အချိန်အကြာကြီး ဖုန်းပြောနေရတာလဲ။ ခေါ်လေ မင်းဘယ်လောက်ထိ ငါ့ကိုခေါ်နိုင်မလဲလို့။ ခုနစ်ခါ၊ ရှစ်ခါ၊ ကိုးခါ၊ ဆယ်ခါ ဟုတ်ပြီခေါ်စမ်းပါ။ ခေါ်လိုက် လုံးဝမကိုင်ဘူးဆိုတာယုံ။

‘ကလောင်’ message သံကြားလိုက်ရတာမို့ ဖုန်းကိုကြည့်လိုက်တော့ အလင်းဆီကပို့လာတာပါ။ ဆယ်ခါလေးပဲခေါ်ရသေးတယ် ဆက်မခေါ်ဘဲ message ပို့တယ်တဲ့လား။ လုံးဝပဲ လုံးဝ လုံးဝကို မကိုင်ဘူး။ ပို့လာတဲ့ message ကိုတော့ ဖွင့်ဖတ်လိုက်ပါတယ်။ ဒါတောင် သနားလွန်းလို့ ဖတ်တာနော်။

“မုန်း ဖုန်းကိုင်နော်။ လိမ္မာတယ် ကိုကို့ မုန်းလေးက။ ကိုကို့ကို စိတ်ဆိုးသွားတာလား။ ကိုကို့ကို သူငယ်ချင်းတစ်ယောက်က စာလှမ်းမေးနေတာမို့ စာရှင်းပြနေတာပါ။ မုန်းဖုန်းခေါ်တာကို ကိုင်ချင်ပေမယ့် စာရှင်းနေတဲ့ လက်စကြီးမို့ အားနာလို့ပါ စိတ်မဆိုးနဲ့နော်။ မုန်း ကိုကို့ကို ဖုန်းခေါ်တာ ဘာပြောမလို့လဲဟင်။ လိမ္မာတယ်နော် ကိုကို့ကလေးလေးက စိတ်မဆိုးနဲ့နော် နော်လို့။ ကိုကို ခုဖုန်းခေါ်မယ်နော် ကိုင်ပေးနော်ကလေးလေး”

မုန်းကို အဲ့လောက်လေးနဲ့ ‌ချော့လိုရပြီလို့ထင်နေရင် မှားသွားမှာပေါ့ မောင်အလင်းရောင်ရဲ့။ ခေါ်လိုက်လေ လုံးဝမကိုင်ဘူး။

အလင်းဘယ်လောက်ပဲ ဖုန်းခေါ်ဖုန်းခေါ် message ပို့ပို့ ကျွန်တော့်‌ကောင်လေးက ဖုန်းမကိုင်တော့ပါဘူး။ ဒါဆို သူတော်တော်လေး စိတ်ဆိုးသွားလို့ဆိုတာကို ကျွန်တော်သိလိုက်ပါပြီ။ ကျွန်တော့်မုန်းလေးက ဖုန်းဆက်ရင် တစ်ဖက်လူကို အားနာသလို လေးစားသမှုနဲ့ ဖုန်းကိုင်တတ်တဲ့ကလေးပါ။ ဘယ်သူပဲခေါ်ခေါ် ဘယ်သောအခါမှ ဖုန်းမကိုင်ဘဲ မနေခဲ့ဘူးတဲ့ကောင်လေးက ခုလုံးဝမကိုင်ဘူးဆိုတော့ စိတ်ဆိုးတဲ့ဒီဂရီက လယ်ဗယ်စိုးဟိုက် နေပြီဆိုတာ သိလိုက်ပါပြီ။

မတတ်နိုင်ဘူးလေ ကိုယ့်ဘက်ကအမှားဆိုတော့ အိမ်ကိုလိုက်ပြီး ချော့ရတော့မှာပေါ့။ သူဖုန်းခေါ်တာ အခါနှစ်ဆယ်မှမကတာ။ တစ်နာရီခွဲနီးပါ ဖုန်းပြောနေခဲ့တဲ့ ကိုယ်သာအမှားမို့ သူ့ဆီကို သွားရတော့မှာပေါ့။ ကိုယ်တော်လေးစိတ်ဆိုးပြေဖို့ ကျွန်တော်မျိုး မုန့်လိုက်ကျွေးရမယ်။ စိတ်ဆိုးပြေအောင်ချော့ဖို့ထက် ကျွန်တော်လည်းလွမ်းနေပြီမို့ တွေ့ချင်တာလည်းပါတာပေါ့ အဟက်။

မုန်းရဲ့အလင်းရောင်Место, где живут истории. Откройте их для себя