ဒီတစ်ခါ..ကင်မရာချိန်လိုက်ချိန်မှာတော့ ပန်းခင်းအစပ်မှာ လူတစ်ယောက်က မြင်ကွင်းထဲဝင်လာသည်။သူ့လိုပဲ ပန်းတွေလာကြည့်တယ် ထင်ပါရဲ့။သူရှိတဲ့ဘက် လှည့်ကြည့်တဲ့အချိန်မှာတော့...
"ဘုန်း...."
လက်ထဲက ကင်မရာတောင်လွတ်ကျတဲ့အထိ။သူ့ပါးစပ်ကလေးမှာအံသြလွန်း၍ ဝ လုံးပုံဝိုင်းဝိုင်းလေးဖြစ်သွားသည်။ရင်ခုန်သံတွေ ကမောက်ကမ ဖြစ်ကာ အသက်ရှုဖို့တောင် မေ့နေခဲ့သည်။
"Hyung........."
ပါးစပ်ကလေးဟကာ...ကြောင်ရပ်နေတဲ့ ကောင်လေးကို Seok Jin ပြုံးကာ ရင်ခွင်ထဲဝင်ဖို့ လက်နှစ်ဖက်ကို အဆင့်သင့်ကားထားလိုက်သည်။
ရုတ်တရက်အိုင်ထွန်းလာသော မျက်ရည်တွေကို မသုတ်နိုင်သေးပဲ...Seok Jinရှိရာကို အပြေးသွားလိုက်ကာ...hyungရင်ဘတ်ကြီးကို တဗုန်းဗုန်းထုမိသည်။
"ခင်ဗျား....ခင်ဗျား....အရမ်းရက်စက်...တယ်"
Hyungက သူ့ကို နားလည်အပြည့်မျက်ဝန်းတွေနဲ့ ထုရိုက်နေတဲ့လက်တွေကို ယူကာ နမ်းရှိုက်နေသည်။
ကြည့်ပါဦး.. ။အရင်ကထက် ပိုပြီးဖြူနုနေသော မျက်နှာလေး...ဆံပင်တွေကို နဖူးပေါ်လှန်တင်ထားတဲ့ နဖူးပြေပြေလေး...အေးလွန်း၍ထင်..ပန်းရောင်ပြေပြေ နှုတ်ခမ်းလေးတို့က ပြောင်းလဲမသွားပေ။
Jungkookထု လို့ ရိုက်လို့ ဝ ပြီဆိုမှ...Seok Jinကိုယ်လေးကို ရင်ခွင်နစ်ဝင်နေအောင် ဖက်ထားလိုက်သည်။"ဒီအတိုင်းလေးပဲ... ခဏနေပေးပါနော်..."
အတန်ကြာတော့မှ...Jungkook မျက်နှာလေးကို Seokjinလက်နှစ်ဖက်ဖြင့် ထိန်း၍ ကိုင်လိုက်သည်။မျက်ဝန်းတို့မှာ..မျက်ရည်တွေအပြည့်။
တို့kookieလေး အရွယ်ရောက်လာပြီပဲ။အရင် ပါးဖောင်းဖောင်းလေးနေရာ..ယောကျ်ားပီသသော မေးရိုးကားကားတို့က နေရာယူလာလေပြီ။အရပ်ကလည်း သူနဲ့လက်တစ်လုံးလောက်ကွာနေသည်။Blue grayရောင် ကုတ်အကျီနဲ့ တကယ့်ကို ယောကျာ်းပီသ လာပြီပဲ။ကောင်းကောင်းကြီးပြင်းခဲ့လို့ကျေးဇူးပါ..Kookie ရယ်။Jungkook စကားတစ်လုံးမှမဆိုနိုင်သေး အခုဖြစ်နေတာ အိမ်မက်လား??တကယ်လား???အရမ်းကြီးမျှော်လင့်မထားပေမဲ့ ခုလို ကိုယ့်မျက်စိရှေ့တွေ့လိုက်ရတော့ ပျောက်ဆုံးနေတဲ့ တန်ဖိုးထား ရတဲ့ အရာတစ်ခုကို ပြန်တွေ့ရသလို ဝမ်းသာ ဝမ်းနည်းခံစားချက်က မျက်လုံးထဲမှာ မျက်ရည်အဖြစ်ပျော်ဝင်သွားသည်။
YOU ARE READING
မြတ်နိုးမိသည်မှ.. အပ /ျမတ္ႏိုးမိသည္မွ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓
Romanceတစ်ခြားလူတွေ ယုံ မယုံမသိပေမဲ့ ကျွန်တော့်အချစ်က မြတ်နိုးမိရုံလေးပါ ဘာကိုမှ မပိုင်ဆိုင်ရလည်း ကျေနပ်နေမဲ့ ကောင်ပါဗျာ
Ending
Start from the beginning