Omma စကားအဆုံးမှာတော့ သူ့ခြေထောက်တွေ ညွှတ်ခွေကျကာ တစ်ကိုယ်လုံးက အင်အားတွေစုပ်ယူခံလိုက်ရသလို နေရာမှာတင်ပုံကျသွားသည်။တန်ဖိုးကြီးအရာတစ်ခု ဆုံးရှုံးလိုက်ရတဲ့သူလို ရင်ထဲမှာ ယောက်ယက်ခတ်နေသည်။

"ကျွန်တော်...ဘာတစ်ခုမှ နားမလည်ဘူး...hyungကြောင့် ကျွန်တော်က ဘာကိုထိခိုက်ရမှာလဲ..."

Ommaက သူ့ခေါင်းလေးကိုပွတ်ကာ ကျောပြင်လေးကိုဖွဖွပွတ်ပေးနေသည်။

"သား...အတိတ်ကို သတိရလာတဲ့အခါ..သူဟာ သားအတွက် အန္တရာယ်ရှိတယ်ဆိုတာ...သား..သဘောပေါက်လာမှာပါကွယ်"

ဟင့်အင်း။ကျွန်တော်ယုံကြည်တယ်။hyungကြောင့် ကျွန်တော်က ဘာလို့အန္တရာယ်ရှိရမှာလဲ။တကယ်လို့အန္တရာယ်ရှိခဲ့မယ်ဆိုရင်တောင် အဲ့ဒီ အန္တရာယ်တွင်းထဲ ကျွန်တော်ကိုယ်တိုင်ခုန်ချပစ်မှာ..။ကျွန်တော် သူ ထားခဲ့အတိုင်း ကျန်ရစ်ခဲ့ရမှာလား။လုံးဝပဲ...ကျွန်တော် လိုက်သွားမယ်။

"သူ...ဘယ်အချိန်ထွက်သွားတာလဲ...ကျွန်တော် ခုလိုက်သွားမယ်"

သူ့ အမေမှာလည်း မျက်ရည်တွေကြားမှ သူ့လက်တွေကိုဆွဲထားသည်။သံယောဇဥ်တွေ ချုပ်နှောင်ထားတော့ ကျွန်တော် တကယ်နာကျင်ရပါတယ်။

"Jeon Jung Kook...မင်း သွားချင်ရင် ငါ့ကို အရင်သတ်ပြီးမှသွား..."

"ဟင်!!!...."

အိမ်ပေါ်တက်လာတဲ့အဖေက မျက်ရည်လည်ရွှဲနဲ့ ကရုဏာဒေါသ​ကြောင့်ပြောလိုက်တာကြောင့် သူ....အဖေ့ကို မမှိတ်မသုန်ကြည့်လိုက်သည်။ဘာလို့လဲ..။ဘာလို့အဲ့လောက်တောင် ကျွန်တော့်ကိုတားနေရတာလဲ။လူသားအချင်းချင်း ချစ်မိတာက အဲ့လောက်တောင် အန္တရာယ်များ သတဲ့လား။

"သားရယ်...အဖေတို့ကို သနားပါဦးကွယ်...ငါ့သားလေးတစ်ခုခု ထပ်ဖြစ်သွားရင် အဖေနဲ့အမေလည်း ဒီလူ့လောကထဲ ဆက်ရှင်သန်နိုင်မှာမဟုတ်တော့ဘူး...သား သိရဲ့လား..သားအခုလိုဖြစ်ရတာ..Kim Seok Jinကြောင့်...သား..အတိတ်မေ့နေတာ သူကြောင့်..ပေါင်းစပ်လို့မရမဲ့ ဘဝတွေကို နီးစပ်ဖို့်မကြိုးစားပါနဲ့တော့ကွယ်.."

အဖေ့ရဲ့စကားတွေကြောင့် သူ နားကို သူ မယုံနိုင်ဖြစ်ရသည်။သူ အခုလိုဖြစ်နေတာ Hyungကြောင့်တဲ့လား။မျက်ရည်လည်ရွှဲ ဖြစ်နေသည့် အဖေနဲ့အမေ့မျက်နှာကို ဆက်မကြည့်နိုင်တော့တာကြောင့် သူ့အခန်းထဲဝင်ပြီး တံခါးကို အထဲကနေ ဂျက်ချထားလိုက်သည်။ကျေးဇူးပြုပြီး...ကျွန်တော့်ကို ဥပေက္ခာ ပြုထားကြပါလားဗျာ။ကျွန်တော်တစ်ယောက်တည်းနေပါရစေ။လက်မောင်းထဲခေါင်းဖွက်​ပြီးကျောပြင်တွေတသိမ့်သိမ့်လှုပ်သည့်အထိ ငိုနေတဲ့ကောင်လေးကို မိဘနှစ်ပါးမှာလည်း..သက်ပြင်းချယုံမှတစ်ပါး...။

မြတ်နိုးမိသည်မှ.. အပ /မြတ်နိုးမိသည်မှ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓Where stories live. Discover now