ဘယ်နေ့ဘယ်ရက်လဲမသိပေမဲ့
သေဆုံးသွားဖို့ကို စောင့်နေရင်းရှင်သန်နေရသလိုမျိုး
သူနဲ့ဝေးသွားရမဲ့ နေ့တွေကို ကျွန်တော်တကယ်ကြောက်မိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Seok jin အပင်တွေ စိုက်တဲ့နေရာမှာ ဝင်ကူဖို့ မနက်စောစော ထ လိုက်သည်။ကြည့်ပါဦး..ဘေးက ကိုယ်တော်ချောလေးကတော့ အိပ်လို့ကောင်းဆဲ။နဖူးလေးကို ဖွဖွနမ်းရှိုက်မိလိုက်သည်။ပြီးတော့ ခြေသံမကြားအောင် ဖြည်းဖြည်းလေး ထ ပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ခြံထဲဆင်းဖို့ပြင်လိုက်သည်။

အကျီ အကွက်လက်ရှည်လေးကို ဂျင်းဘောင်းဘီ ခပ်နွမ်းနွမ်းနဲ့တွဲဖက်ဝတ်လိုက်ကာ ဦးထုပ်လေးကို ဆောင်းလိုက်သည်။

Jungkook အမေမှာ စောစောစီးစီး ခြံထဲဆင်းဖို့ပြင်နေတဲ့ ကောင်လေးကို နံနက်စာစားဖို့ အတင်းခေါ်လိုက်သည်။ဒီကလေးနှယ်...နံနက်စာမစားဘဲ အလုပ်လုပ်ဖို့ ကြံနေတယ်။လာကာစက နုနုဖတ်ဖတ်အသားလေးတွေဟာ..နည်းနည်းတော့ ညိုချင်နေပြီ။ဒါပေမဲ့ နဂိုက ချောမောလွန်းတဲ့မျက်နှာလေးကတော့ ပြောင်းလဲမသွား။သူတို့လင်မယားနှစ်ယောက်လည်း စိတ်မကောင်းဖြစ်ရမိပါတယ်။ဒီကောင်လေးက သူဌေးသားမြို့ ဘာမှကြမ်းကြမ်းတမ်းတမ်းလုပ်နိုင်မည် မဟုတ်ဟု ထင်ခဲ့မိတာ။အခုတော့ ခြံထဲဆင်းလည်း သူ။ချက်ပြုတ်တာလည်း သူ။jungkookဆို ဒီကောင်လေး လက်ရာမှ ခံတွင်းမြိန်သတဲ့လေ။အဝတ်တွေမလျှော်ပါနဲ့ဆိုလည်း ပြောမရ။အနေကြာတော့လည်း သားအရင်းလေးလို သံယောဇဉ်တွယ်မိပါရဲ့။သူသာ သာမာန်မိသားစုကနေ မွေးဖွားလာတဲ့ကလေးသာဆို သားလေးနဲ့သဘောမတူစရာမရှိပါဘူးလေ။

"အမေ...ကျွန်တော့်ကိုကြည့်နေတာ ကြာပြီနော်..အဟမ်း"

"မဟုတ်...မဟုတ်ဘူး..ဒီနေ့ခြံထဲမဆင်းဘဲ...နားနားနေနေ နေပါလားကွယ်..သားအလုပ်လုပ်နေတာမြင်ရင် အမေတို့က အားနာနေလို့ပါ"

Seok jin သူ့ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်သွားမှာစိုးလို့်..ပေါ့ပေါ့ပါးပါး သဘောထားကာ ရီလိုက်သည်။

"အမေကလည်း...ဘာမှမဖြစ်ပါဘူးဗျ...ကျွန်တော်ကတောင်အားနာနေတာ..အမေတို့အိမ်မှာနေပြီး ဘာအလုပ်မှကူမလုပ်ဘဲ ထမင်းစားနေလို့ဘယ်ဖြစ်မလဲဗျ"

မြတ်နိုးမိသည်မှ.. အပ /မြတ်နိုးမိသည်မှ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓Where stories live. Discover now