" ဟားဟား ဟုတ်ပါပြီ ... ဒီကလေးလေးနဲ့ကတော့ မနိုင်ပါဘူး "

" ချစ်လား baby "

" အဆိုးလေးကို ချစ်ပါ့ဗျာ ... မချစ်ပဲမနေနိုင်ပါဘူး ... ချွဲမနေနဲ့တော့ ... လာတော့ . ဖုန်းပိတ်ခဲ့ ... ခေါက်ဆွဲပြုတ်ကျွေးမယ် . ရွှတ် ~ "

Daniel ကို ခေါ်ရင်း နားသယ်စပ်လေးကိုပဲ အသံမြည်အောင် ထပ်ဖိနမ်းပြီး စစ်မင်းက မီးဖိုခန်းထဲဝင်ခဲ့တော့ နောက်ကနေ လူသားငယ်လေးရဲ့ သဘောတကျ ရယ်သံခပ်သဲ့သဲ့လေးကို ကြားရသေးသည်။ ရေခဲသေတ္တာထဲက ခေါက်ဆွဲထုပ်လေးကိုယူပြီး ကျန်နေသေးတဲ့ အရွက်တွေနဲ့ ကြက်ဥလေးရောကာ ခေါက်ဆွဲတစ်ပွဲပြုတ်ပေးရသည်။ ခေါက်ဆွဲပြုတ်ပြီးလို့ ပန်းကန်လေးထဲထည့်ကာ ဧည့်ခန်းထဲ ပြန်သယ်လာပြီး ခေါက်စားပွဲလေး ချပြီးသည့်တိုင် Daniel က ဂိမ်းအဆော့မပျက်သေး။

" ဟော . ကြည့် ... ဖုန်းပိတ်ပါတော့ဆို ... အဲ့ဂိမ်းက အရမ်းအာရုံစိုက်ရတယ် ကလေးလေးရ ... မျက်စိညောင်းပြီး ခေါင်းတွေကိုက်နေမယ် "

" ခဏ ခဏလေးပဲ baby ... အချိန်ပြည့်တော့မှာ ... ခဏလေးရယ် ... အာ shit "

" Daniel !!! "

" ဟင် baby ... အာ ... ခုနကလေ ခုနက baby ကို ဆဲတာ မဟုတ်ဘူးလေ ... အချိန်ပြည့်သွားတော့ စိတ်လှုပ်ရှားပြီးဆဲမိတာ "

ဂိမ်းဆော့နေရင်း ရှုံးတော့မှာမလို့ အသဲအသန်ဆော့နေတုန်း အချိန်ပြည့်သွားတာကြောင့် စိတ်လှုပ်ရှားပြီး ဆဲမိတော့ ဆောင့်ခနဲထွက်လာတဲ့ အသေးလုံးလေးရဲ့အသံကြောင့် လန့်ပြီး လက်ထဲကိုဖုန်းကိုချကာ ကြည့်မိသည်။ အရယ်အပြုံးမရှိပဲ ခပ်တည်တည်ကြည့်နေတဲ့ အသေးလုံးလေးကြောင့် ဆဲလိုက်လို့ စိတ်ဆိုးသွားပုံရပါသည်။ Daniel တို့ကတော့ အသဲအသန်ကို ချော့ရပေတော့မည်။

" Baby baby ... ယုံနော် ကိုယ်က baby ကို ဆဲတာမဟုတ်ပါဘူး တကယ် တကယ် "

" ဆဲလို့ စိတ်ဆိုးတာလို့ ပြောမိလို့လား ... ခေါက်ဆွဲတွေက ပွကုန်မှာစိုးလို့ ... ဂိမ်းက ဘယ်အချိန်ဆော့ဆော့ ရတယ်လေ ... ပွသွားတဲ့ ခေါက်ဆွဲတွေစားရင် ဗိုက်ပွသွားမှာစိုးလို့လေ "

" ဟုတ်ပါပြီ ... ကိုယ့်အချစ်စကားကို နားထောင်မယ်နော် ... စားမယ် စားမယ် "

Love Me Like The Way [Completed]Onde histórias criam vida. Descubra agora