"အမေ...ကျွန်တော်က Kim Seok Jin လို့ခေါ်ပါတယ် Seoulကလာခဲ့တာပါ..Jungkookရဲ့..ချစ်....အဲ...အခန်းဖော်အစ်ကိုပါ..jungkookသတင်းကြားပြီးလိုက်လာတာပါ"

"အို..ဟုတ်လား..သားလေး..လာ..လာ..အထဲဝင်"

သူ့သားရဲ့ မိတ်ဆွေဆိုသည်နှင့် အပြုံးပန်းတွေဝေကာ ချက်ချင်းအိမ်ထဲခေါ်လိုက်သော jungkookအမေရဲ့ ရိုးသားမှုကို မြင်လေလေ..သူ့ရင်ထဲပိုနာကျင်ရလေလေ။

"ဖေကြီးရေ...ဒီမှာ..jungkookသူငယ်ချင်းတဲ့..မြို့ကလိုက်လာတာ..ကြည့်ပါဦး "

ခြံထဲမှာ အပင်တွေစိုက်လက်စ နဲ့ထွက်လာတာက jungkookရဲ့ အဖေ။

"ဟုတ်လား...အဝေးကြီးက လိုက်လာခဲ့တာပဲ...အိမ်ပေါ်တက်လေ..သား"

သူ အိမ်ပေါ်ရောက်ရောက်ချင်း...jungkookရဲ့ အဖေနဲ့အမေ့ရှေ့မှာ ဒူးထောက်လိုက်ကာ ခေါင်းကို ငိုက်စိုက်ချလိုက်မိသည်။

"ဟဲ့...လူငယ်လေး...ဘယ်လိုလုပ်တာလဲကွဲ့...အပေါ်တက်ထိုင်ပါ"

"ကျွန်တော်ရှင်းပြတာလေး..နားထောင်ပေးပါနော်"

Jungkook အဖေနဲ့အမေမှာတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးဘာများလဲဆိုသည့် စိတ်လှုပ်ရှားမှုတွေနှင့်။

သူဖြစ်ကြောင်းကုန်စင် အကုန်ရှင်းပြ အပြီးမှာတော့...jungkook အမေမှာ ကြူကြူပါအောင် ငိုချလိုက်သလို jungkookအဖေကြီးမှာလည်း မျက်ရည်မကျပေမဲ့ မျက်နှာတွေနီရဲနေသည်။

"အမယ်လေး....ငါ့သားလေး...အဖြစ်ဆိုးလှချည်လား..အဲ့တာကြောင့် သူအခုလိုဖြစ်တာ သွေးရိုးသားရိုးတော့ မဖြစ်နိုင်ပါဘူးလို့ ထင်ခဲ့တာ...အဟင့်..ဟင့်....အမယ်လေး..သားလေးရယ်..ရင်ကျိုးရပါပြီ"

"ကျွန်တော်ကိုယ်တိုင်လည်း ရင်နာရပါတယ် အမေနဲ့အဖေရယ်....အဲ့တာကြောင့် ကျွန်တော် ဒီနေရာထိ လိုက်လာတာပါ..ခွင့်လွှတ်ပေးပါလို့ မတောင်းဆိုချင်တော့ပါဘူး...ကျွန်တော်က ခွင့်လွှတ်မှုနဲ့မထိုက်တန်တာပါ"

"ကျွန်တော့်ကိုလေ...ကျေးဇူးပြုပြီး ပြန်မလွှတ်လိုက်ပါနဲ့နော်....ဒီပတ်ဝန်းကျင်မှာလည်း jungkookချစ်သူလို့် အသိမပေးလည်းရပါတယ်..ကျွန်တော်kookieပြန်ကောင်းလာတဲ့အထိ သူ့ဘေးနားမှာပဲ ပြုစုပါရစေနော်..သူပြန်ကောင်းတာနဲ့ ကျွန်တော်ထွက်သွားပေးပါ့မယ်..အမေနဲ့အဖေတို့် ပေးသမျှအ​​ပြစ်လည်း ကျေကျေနပ်နပ်ခံယူပါ့မယ်။ကျွန်တော့်ကို တရားစွဲချင်ရင်စွဲပါ။ကျွန်တော်ထောင်ကျခံဖို့အသင့်ပါ...နော်..jungkookဘေးနား နေခွင့်လေးတော့ပေးပါနော်"

မြတ်နိုးမိသည်မှ.. အပ /မြတ်နိုးမိသည်မှ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓Where stories live. Discover now