အပိုင်း🍓၃၀🍓

Start from the beginning
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၃၀)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
    အခုရက်ပိုင်း  လွန်းနဲ့ခါးသက်တို့၏  ဆက်‌ဆံရေးက တင်းမာမနေတော့ဘဲ အဆင်ပြေနေခဲ့လေသည်။
""ခါးသက်...မနက်ဖြန်အမေအေး ရောက်လာတော့မယ်တဲ့ ""
""ဟင်..ချက်ချင်းကြီးပါလား...မင်း‌‌ပြောတော့  မင်းပြန်သွားမှ
အမေအေးကလာမှာဆို ""
""ဟီး....ဟုတ်တယ်... ဒါပေမယ့်...မင်းနဲ့ ကိုရိပ် တို့နှစ်ယောက်က အရမ်းလိုက်ဖက်ညီပြီး ... ချစ်စရာကောင်းနေတော့ လေ..ငါ Vedo လေး ရိုက်ပြီး..အမေ အေး ဆီ ပို့လိုက်တာ အမေ အေးက ..ကိုရိပ်ကို အပြင်မှာ တွေ့ချင်လာလို့တဲ့..""
နန်းဦးက ဆိုလာလေသည်။ထပ်ဆင့်ပြောလာသည်က...
""ဒါနဲ့လေ မင်းတို့က  တစ်ခန်းတည်းအတူမနေဘဲ ဘာဖြစ်လို့ခွဲနေရတာလဲ ""
ဆိုင်းမဆင့်ဗုံမဆင့် မေးလိုက်သည့် နန်းဦး စကားကြောင့် ခါးသက်အနည်းထိတ်လန့်လို့သွားလေသည်။
"" ဪ...အဲဒါက လေ ငါတို့နှစ်ယောက်က လွပ်လွပ်လပ်လပ် ဘဲ နေချင်ကြတဲ့သူတွေဆိုတော့ အခန်း ခွဲပြီး နေဖြစ်သွားတာပါ""
ဟု ခါးသက်က ... ကပျာကယာ ရှင်းပြလိုက်လေသည်။
"" အေးပါ...ဒါပေမဲ့ မင်းတို့နှစ်ယောက်က...လင်မယားတွေ လေ ..အခန်း ခွဲပြီးနေတယ်ဆိုတော့..အများမြင်မှာ တစ်မျိုးကြီး ဖြစ်နေမှာပေါ့..အထူးသဖြင့်..အမေ အေး သိသွားရင် မကောင်းဘူး""
ဟုနန်းဦးက တွေးတွေးဆဆလေးဆိုလာလေသည်။
""အင်း....""
""အင်း..မနေနဲ့ ကွ..မင်းတို့နှစ်ယောက် တစ်ခန်းထဲမှာ...အတူတူပေါင်းနေတော့..""
နန်းဦး စကားကြောင့် ခါးသက် အနည်းငယ်..ရှက်သွားကာ..မျက်နှာတစ်ခုလုံး ထူပူသွားရလေသည်။
❤️❤️❤️
  ""ဒီနေ့ညက စပြီး ခင်ဗျား ကျွန်တော်.အခန်းမှာအတူတူ လာအိပ်ရမယ် ""
အစမရှိ အဆုံးမရှိနဲ့ ..ရုတ်တရက်ပြောလာသည့် ခါးသက်ကိုလွန်းအူကြောင်ကြားလေးနဲ့ငေးကြည့်လိုက်မိ၏။
""ဟမ်..ဘာဖြစ်လို့လဲ..ဘာဖြစ်လို့ငါက မင်းနဲ့အတူအိပ်ရမှာလဲ ...""
""ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန် အမေ အေးရောက်လာတော့မှာ..""
""အမေအေး ဆိုတာက ...ဘယ်သူလဲ"" "
လွန်း အူကြောင်ကြောင်လေး မေးလိုက်သည်။
""အမေအေး ဆိုတာက..ကျွန်တော်ရဲ့ကျေးဇူးရှင်ပါ..ကျွန်တော် ဒီလိုအခြေနေထိ ဖြစ်လာအောင် ကူညီပေးခဲ့တဲ့သူပါ""
ခါးသက် ပြောသမျှတွေကို လွန်း ခေါင်းလေး တညိမ့်ညိမ့်နဲ့ နားထောင်နေရှာ၏။
"" ဘာဘဲဖြစ်ဖြစ်...ခင်ဗျားနဲ့ ကျွန်တော်ကလင်မယားတွေလေ..အဲ့တော့ အများအမြင်မှာ..လင်မယားနဲ့ တူအောင် နေပြရမှာပေါ့"
""အင်း..မင်းဆို လိုချင်တာက မင်းနဲ့ငါကလင်မယားလုပ်တမ်း ကစားဖို့ပြောနေတာလား ""
"" လင်မယားလုပ်တမ်း..
ဟုတ်လား..ခင်ဗျားထင်ချင်သလိုထင်နိုင်ပါတယ်..အမေ အေး ရှေ့မှာတော့.. တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်နေတဲ့ပုစံမျိုး..ကျွန်တော်တို့သရုပ်ဆောင်ပြရမယ်..ကျွန်တော် အမေအေးကို..စိတ်မဆင်းရဲစေချင်ဘူး..""
ဟုခါးသက်က ပြတ်သားစွာ ဆိုလိုက်လေသည်။
""အင်းပါ  မင်းစိတ်ချပါ..ငါ အတတ်နိုင်ဆုံးကူညီပေးပါ့မယ်..""
ကြည့်ရတာ အမေအေး ဆိုတဲ့ အမျိုးသမီးကြီးကခါးသက်အတွက်..တော်တော်အရေးပါတယ်နဲ့တူသည် ဟုလွန်း စိတ်ထဲ တွေးလိုက်၏။
❤️❤️❤️
     လွန်း .ခါးသက် အခန်းထဲပြောင်းလာခဲ့ရလေသည်။လွန်း ကုတင်ပေါ်မှာထိုင်နေသည့် ခါးသက်ကို ..စိတ်မသက်သာစွာနဲ့ လှမ်းကြည့်လိုက်ပြီး...
"" ငါ ..ကြမ်းပြင်ပေါ်မှာဘဲအိပ်လိုက်မယ် ..""
လွန်းစကားများကြောင့်..ခါးသက် မျက်မှောင်ကြုပ်လိုက်မိ၏။
""ဟာ..ဘယ်ဖြစ်မလဲဗျ.. အမေအေးက ..မထင်ရင်မထင်သလို အခန်းထဲ..၀င်လာတတ်တယ်ဗျ ..တော်ကြာ ခင်ဗျား ကြမ်းပြင်မှာအိပ်တယ်ဆိုတာကိုသာသိသွားရင် ဘယ်လိုလုပ်မလဲ..""
ဟုခါးသက်က ဆိုလိုက်တော့လွန်း နုတ်ခမ်းလေး မသိမသာစူလိုက်မိသည်။
"" အဟက် ဘာလဲ ခင်ဗျားကိုကျွန်တော်က အသားယူမှာကို ကြောက်နေတာလား..ဝေးသေး ခင်ဗျားလို မထုံတတေး ပုံစံမျိုးကိုများ အသားယူစရာလား..""
ခနဲ့တဲ့တဲ့ဆိုလာသည့် ခါးသက် စကားများကြောင်းလွန်း ရူးရူးရှဲရှဲ ဖြစ်သွားလေသည်။
"" ဘာ..ဘာပြောတယ်""
"" မှန်တာကို ပြောနေတာလေ...ခင်ဗျား ပုံစံက..ချစ်ချင်စရာအရမ်းကောင်းနေရှာတော့လေ ...ဟား...ဟား""
ခါးသက်ကလွန်းကိုကြည့်ပြီးလှောင်ပြောင်ရယ်မောလေသည်။
"" ခါးသက်...မင်းနော် ငါကိုလာပြီးမလှောင်နဲ့..""
""အဟက် ခင်ဗျားကိုကျွန်တော် မလှောင်ပါဘူးဗျာ့ဒီအတိုင်းမှန်ရာကို ပြောလိုက်တာပါ..ခင်ဗျား ဒီလိုပုံစံမျိုးနဲ့..ဘယ်လိုများသရုပ်ဆောင်မလဲဗျ..""
"" ဘာလဲ..မင်းက ငါကို အထင်သေးတာလား.ဟွန့်..ငါဆီမှာရှိတဲ့..မူယာတွေ မာယာတွေကို ထုတ်မသုံးရသေးလို့ပါ..""
"" အို..ခင်ဗျားဆီမှာ မူယာမာယာတွေ ရှိသေးတယ်ပေါ့..ဟုတ်လား.အဟက် အဟား..ဟား...ဟား""
ခါးသက်ကလွန်းကိုနောက်ထပ်တစ်ခါလှောင်ရယ်ပြန်လေသည်။
    ဒီတစ်ခါတော့ လွန်း စိတ်မဆိုးသွားပေ။ ရွှန်းလဲ့တောက်ပနေသည့် မျက်၀န်းများနှင့် ခါးသက်ကို စိုက်ကြည့်လာလေသည်။
     ရုတ်တရက် အမူယာပြောင်းသွားတဲ့လွန်းပုံစံကြောင့် ခါးသက် မျက်နှာတည်သွားရလေသည်။
လွန်းက ခါးသက်ဆီကို ရွေ့ရွေ့နဲ့ ချဉ်းကပ်လာလေသည်။
""မောင် ""
လွန်းနုတ်ကနေ တိုးတိုးဖွဖွလေး ထွက်ကျလာသည့် မောင်ဆိုသော နာမ်စားလေးကြောင့် ခါးသက်ရင်တွေ ဒုန်းခနဲ့ ခုန်တက်သွားလေသည်။
လွန်းက ခါးသက်ကို ရွှန်းရွှန်းစားစားကြီး စိုက်ကြည့်ရင်း ခါးသက်ရဲ့ဘေးနား ၀င်ထိုင်လာလေသည်။
,""မောင်..""
ဒုတိယအကြိမ်မြောက် ထွက်ကျလာသည် မောင်ဟူသော အသုံးနှုန်းလေး။ ခါးသက်ရင်တွေ ထိန်းချုပ်လို့မရအောင် အဆမတန် ခုန်လာလေသည်။ထိုအချိန် လွန်းက ခါးသက်ပုခုံးပေါ် မေးလေးတင်လာတာကြောင့်  ခါးသက် ..အသက်ရှုဖို့တောင်မေ့လျော့သွားလေသည်။
""မောင် ..ကိုတို့တွေ အိပ်ကြရအောင်လေကွာ ""
နူးညံ့တိုးလျစွာ နားထဲ၀င်ရောက်လာသည့် လွန်းစကားသံ‌တွေက ပျားသကာအလား ချိုမြိန်လွန်းလှ၏။
   ခါးသက်တစ်ယောက် တစ်ခဏတာမျှ မိန်းမောသာယာလို့သွားလေသည်။
လွန်းက ခပ်ထေ့ထေ့အပြုံးလေးတစ်ပွင့်ကိုဆင်မြန်းထားရင်း ခါးသက်ကို တမင် ကျီစယ်ကလူဟန်နဲ့ခါးသက်ရဲ့  ခါးကို ဖက်လိုက်လေသည်။
""မောင်လို့..  ကိုခေါ်နေတယ်လေကွာ
ဘာလို့ပြန်မထူးရတာလဲလို့ ""
အရမ်းကြီးလဲမနွဲ့သောအသံလေးနဲ့ လွန်းက ခပ်ချွဲချွဲလေးဆိုလိုက်တော့။ ခါးသက်တစ်ယောက် လုံး၀ကို အသက်ရှုဖို့ကိုတောင် မေ့လျော့သွားရလေသည်။လွန်းကိုအသာ စောင်းငဲ့ကြည့်လိုက်တော့ သူ့ကို  ရွှန်းလဲ့နေသည့် မျက်၀န်းတစ်စုံနဲ့ ငေးစိုက်ကြည့်နေလေသည်။လွန်း မျက်၀န်းတို့နှင့် ခဏတာမျှ ခါးသက်အကြည့်ချင်းဆုံသွားတော့ ရင်ခုန်သံများကဆူညံ‌နေ
လျှက်။ နောက်ပြီး မပွင့်တပွင့် ခပ်ဟဟလေးဖြစ်နေသည့် လွန်းရဲ့ နီဖူးဖူးနုတ်ခမ်းလေးရဲ့ ညှို့ယူမှုများကလဲ မသေး ။ခါးသက် ၏ စူးရဲရဲအကြည့်များက မူမမှန်တော့မှန်း လွန်းရိပ်မိလိုက်လေပြီ။ ဒီထက်ပိုပြီး ခါးသက်ကို ကျီစာ်လိုစိတ် မရှိတော့တာကြောင့် လွန်းအသာခပ်ဖွဖွပြုံးလိုက်ပြီး...
""ငါအိပ်တော့မယ်ကွာ ဘယ်လိုလဲ ငါသရုပ်ဆောင်ပြတာ ပီပြင်တယ်မလား ""
လွန်းက  ခါးသက်ရဲ့ပုခုံးကို ခပ်ဖွဖွလေး
ပုတ်ပြီး ဆိုလိုက်သည်။ နောက်တော့ ခါးသက်ဘေးကနေ ထသွားဖို့ ဟန်ပြင်လိုက်စဉ် ခါးသက်က လွန်းရဲ့လက်ကို ဖမ်းကိုင်ပြီး ဆွဲချလိုက်လေသည်။ ရုတ်တရက် ကြီး လက်ကို ဖမ်းဆွဲခြင်းခံလိုက်ရတာကြောင့် အရှိန်မထိန်းနိုင်ဘဲ ခါးသက်ပေါင်ပေါ်သို့ လွန်းထိုင်မိလျှက်သားဖြစ်သွားလေသည်။
   လွန်း ထိတ်လန့်တုန်လှုပ်စွာ ခါးသက်ကို ငေးစိုက်ကြည့်နေမိသည်။ ခါးသက်က လွန်းရဲ့ ခါးလေးကို လက်တစ်ဖက်နဲ့ တင်းကြပ်နေအောင် ရစ်ပတ်ပြီး ဖက်ထားလိုက်သလို ကျန်လက်တစ်ဖက်က လွန်းရဲ့ မေးကိုချုပ်ကိုင်လိုက်သည်။
    နောက်တော့ လွန်းမျက်နှာနားကို တစ်ဖြေးဖြေးနဲ့ တိုးကပ်လာလိုက်တာ လွန်းရဲ့နုတ်ခမ်းနဲ့ ခါးသက်နုတ်ခမ်းတို့ ထိကပ်လုနီးပါးကို ဖြစ်သွားလေသည်။
""ခါး ခါးသက်...မင်းဒါဘာလုပ်မလို့လဲ...""
လွန်းထိတ်လန့်တကြားနဲ့ ခါးသက်ရဲ့ရင်ဘတ်ကိုတွန်းလိုက်ပြီးတော့ မေးလိုက်သည်။ ထိုအခါကျမှ ခါးသက်က ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး..
""အဟက်..ဘယ်လိုလဲ ကျွန်တော် သရုပ်ဆောင်တာ တကယ်အသက်ပါတယ်နော် ခင်ဗျားတကယ်ထင်သွားတာမလား...အဟား ဟား ""
ခါးသက်က ပြောလဲပြော..ရယ်လဲရယ်နှင့် လွန်းရဲ့ခါးကိုဖက်ထားသည့် လက်နှင့် မေးကိုချုပ်ကိုင်ထားသည့် လက်များကို ဖယ်ပေးလိုက်လေသည်။
သဘောကျစွာ ရယ်မောနေသည့် ခါးသက်ကို လွန်း မကျေမချမ်းနဲ့ မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး...အသံတိတ်ကျိန်ဆဲလိုက်လေသည်။
ခါးသက်ပေါင်ပေါ်ကနေလွန်း ဆတ်ခနဲ့ ထလိုက်ပြီး။
""ဖယ်...ဖယ်...ငါအိပ်ချင်လာပြီ..""
‌လွန်းပြောပြောဆိုဆိုနဲ့ ခါးသက်ကို ဘေးသို့တွန်းဖယ်လိုက်သည်။
""ဟ.ဟ..ဖြေးဖြေးလုပ်ပါ ဖယ်ပေးလိမ့်မယ်ပေါ့ဗျ  ခင်ဗျားဘယ်လိုဖြစ်...ဖြစ်....ဟာ...ကိုလွန်းပုံရိပ်...""
ခါးသက်စကားတောင်မဆုံးလိုက်..။
လွန်းက ခါးသက်ကို ကုတင်ပေါ်ကနေပြုတ်ကျသွားအောင်ထိကို တွန်းချပစ်လိုက်လေသည်။
""ဟာ ..ကိုလွန်းပုံရိပ် ခင်ဗျား..အကျင့်မပုတ်နဲ့....အား....""
ခါးသက်တစ်ယောက် လွန်းလက်ချက်နဲ့ ကြမ်း‌ပြင်ပေါ် ဗုန်းခနဲ့ဆိုပြီး ခြေပစ်လက်ပစ် ပြုတ်ကျသွားလေတော့သည်။
""ဟီး...ဟီး...sorry.နော် ဘယ်နားနာသွားလဲမသိဘူး...""
လွန်းက ပြောင်စပ်စပ် မျက်နှာပေးလေးနှင့်ပေးလိုက်လေသည်။
""ကိုလွန်းပုံရိပ်..ခင်ဗျားနော်..
အကြီးဖြစ်ပြီး အနိုင်မကျင့်နဲ့နော်""
""အမယ်...မတော်တဆဖြစ်သွားတာလေ...ဘယ်သူကမင်းကိုအနိုင်ကျင့်နေလို့လဲ""
လွန်းက ပက်ခနဲ့ပြန်ပြောလိုက်လေသည်။
""ဪ..ခင်ဗျားနော် နာတော့မယ်..""
ခါးသက်က ပြောပြောဆိုဆိုနဲ့ လွန်း အနားကို တိုးအလာ ခြေချော်ပြီး..
လွန်းပေါ် ထပ်လျက်နဲ့ ကုတင်ပေါ် လဲကျသွားလေသည်။
    ရုတ်တရက် ဖြစ်သွားတာကြောင့် လွန်းရော ခါးသက်ပါ နှစ်ယောက်စလုံး ကြောင်အသွားရလေသည်။
နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက်ကို ခဏတာမျှ စိုက်ကြည့်နေမိကြလေသည်။
""ဟေ့ကောင် ဖယ်..ငါအသက်ရှုကြပ်တယ်ကွ.."
ပထမဦးဆုံး လွန်းအသိစိတ်၀င်လာတာ သူအပေါ်က ခါးသက်ကိုယ်ကို ဘေးသို့ တွန်းချလိုက်ပြီး ဆိုလိုက်‌လေသည်။ခါးသက်လဲ အလိုက်သင့်လေး ဘေးသို့လဲချလိုက်သည်။
""ငါ...ငါအိပ်ပြီ..""
လွန်း အထစ်ထစ်အငေါ့ငေါ့နဲ့ဆိုပြီး ခါးသက်ကိုကျောခိုင်းပြီး တစ်ဖက်သို့ လှည့်သွားလေသည်။
ခါးသက်လဲ လွန်းရဲ့ကျောပြင်ကိုအသာငဲ့စောင်းပြီးကြည့်လိုက်လေသည်။ နောက်တော့ ခါးသက် နူးညံ့စွာ ပြုံးလိုက်ပြီး အဆမတန်ခုန်ပေါက်နေသည့် ရင်ခုန်သံတွေကို ထိန်းချုပ်ဖို့ရန်အတွက် ဘယ်ဘက်ရင်အုံ လေးပေါ် လက်နဲ့ဖိထားလိုက်မိ‌တော့သည်။
တစ်ဖက်တွင် ရှက်သွေးလွှမ်းနေသည့်
လွန်းရဲ့မျက်နှာလေးကိုသာ ခါးသက်မြင်လိုက်ရပါလျှင်......။
💓💓💓
အပိုင်း🍓၃၁🍓မျှော်ပေးကြပါဦးနော်။ ပထမ ရေးပြီးသားလေ ပျက်သွားလို့ အချိန်ကြာသွားတာပါနော်။sorryပါ။
               ⭐ညှို့စက်ကွင်း⭐

ဝိုးတဝါးအိမ်မက်Where stories live. Discover now