" ပြီးပြီလား ... ခင်ဗျားလေး ပြောလို့ပြီးပြီလား "

" အင့် ... "

တစ်ခါမှ အခေါ်မခံရဖူးတဲ့နာမ်စားနဲ့ အခေါ်ခံလိုက်ရတာကြောင့် စစ်မင်း အင့်ခနဲ တစ်ချက်ရှိုက်မိကာ Daniel ကို မျက်လုံးအဝိုင်းသားနဲ့ မော့ကြည့်မိသည်။ စစ်မင်းကို စိုက်ကြည့်နေတဲ့ မျက်ဝန်းညိုတွေထဲမှာ စိတ်ပျက်နေဟန်တွေ မတွေ့ရပဲ အားမလိုအားမရဖြစ်နေဟန်တွေသာ တွေ့နေရသည်။

" ဘယ်နှစ်ခါပြောနေရဦးမှာလဲ baby . ကိုယ်က baby ကို ပစ်ထားခဲ့ရလောက်အောင် မယုံရဘူးလား ... ကိုယ့်ကိုမယုံကြည်ဘူးလား . အိမ်မှာ Leon ရှိနေလို့ သူ့အငွေ့အသက်တွေကနေ လွတ်အောင် baby ရှိတဲ့ဆီကိုပဲ ထွက်လာခဲ့တဲ့ကောင်လေ baby ရာ ... ပစ်ထားခဲ့ချင်မှတော့ Munich မှာ လုပ်ခဲ့တဲ့ ပုံစံတွေအတိုင်း မငြီးငွေ့မချင်းတွဲပြီး ငြီးငွေ့သွားလို့ အချိန်တန်ရင် ပစ်ချထားခဲ့မှာပေါ့ ... baby အပေါ်ကို ချစ်ပြပေးနေတာတွေက မလုံလောက်လို့ ကိုယ်က ပစ်ထားခဲ့မှာစိုးတဲ့ အတွေးဝင်နေတာလား . စချစ်ခဲ့ရတာကကိုယ်ဗျ . baby က စဖွင့်ပြောခဲ့ပေမယ့် စချစ်ခဲ့ရတာက ဒီကကောင် ... ဘယ်သူ့ကိုမှ စိတ်ထဲမထားတဲ့ ဒီကောင်က baby ကိုပဲ စိတ်ထဲရှိတာ . baby မလို့ . အကြောင်းပြချက်က Baby လေ ... မယုံကြည်ဘူးလား ... သေမယ့် စကားပြောနေရအောင် ကိုယ့်ကိုအရင်သေစေချင်နေလို့လား " 

" မဟုတ် . မဟုတ်ဘူးလေ ကလေးလေးရဲ့ ... ကိုကိုပြောချင်တာက ကိုကိုက ကလေးလေးထက်စာရင် အရာရာနိမ့်ကျတယ် ... ဘာကိုမှ မမက်မောပေမယ့် သူများအမြင်မှာ ကလေးလေးက မက်မောစရာတွေ အပြည့်နဲ့ လူငယ်လေးတစ်ယောက် ... ကိုကိုက အရင်ကတည်းက တစ်ယောက်ထဲမလို့ အကုန်လုံးကို ပစ်ချခဲ့နိုင်ပေမယ့် ကလေးလေးကတော့ မဟုတ်ဘူးလေ . Daniel ကောင်း ဆိုတဲ့ လူငယ်လေးရဲ့ အနာဂတ်က အများကြီး တောက်ပလာဦးမှာ ... ပြီးတော့ ကလေးလေးမှာ မိသားစုတွေ ရှိသေးတယ် ... ကိုကိုက ကလေးလေးအတွက် အထောက်အပံ့ ဘာမှမပေးနိုင်လို့ ပစ်ချထားခံခဲ့ရမှာ ကြောက်တယ် . ကလေးလေးက ကိုကို့ ကို ချစ်တယ်ဆိုတာကို ယုံတာပေါ့ . ကံကြမ္မာကိုမယုံရဲတာ ... မတွေးလည်း ဒါတွေကအမြဲလိုလို ဦးနှောက်ထဲရောက်လာတာ "

Love Me Like The Way [Completed]Where stories live. Discover now