ပြီးတော့ ကြိုးကိုတွယ်ကာ အိမ်အောက်သို့ တတ်နိုင်သမျှအသံမကြားအောင်တွယ်ဆင်းလိုက်သည်။ကိုယ်ခန္ဓာက အားနည်းနေသည်မို့ ထင်သလောက် မလွယ်ကူ။အောက်မြေကြီးနဲ့ထုလုထိခင်ကျမှ ကြိုးကိုဆွဲထားသည့် လက်တို့မှာ မမြဲတော့ပဲ ပြုတ်ကျတော့သည်။

"အား....."

ခြေချင်းဝတ်က မျက်ကနဲ နာကျင်မှုကိုတောင် ဂရုမစိုက်နိုင်အားဘဲ အိမ်ရှေ့တံခါးကို အလျင်အမြန်ဖွင့်ကာ လမ်းမကြီးပေါ်က တက္ကစီ တစ်စီးကို တားလိုက်သည်။

"ဦးလေး...Konkuk uni ကို မြန်မြန်မောင်းပေးပါနော်..အရေးကြီးနေလို့ပါ"

တက္ကစီ ဦးလေးကြီးမှာလည်း Seokjinရဲ့ ဖြူဖတ်ဖြူရော်မျက်နှာကိုကြည့်ပြီး ရောင်ရမ်းကာ အတင်းခေါင်းညှိတ်ပြလိုက်သည်။

နောက်ကပြေးလိုက်လာသော လူတစ်စုမှာ ကားကိုမှီအောင်မလိုက်နိုင်တော့။ခေါင်းဆောင်ဖြစ်သူမှာ အိတ်ထဲက ဖုန်းကိုထုတ်လိုက်ကာ..

"Hello...Mrs..Kimလား..သခင်လေး ထွက်ပြေးသွားလို့"

.......................................................................................

Seokjinကျောင်းထဲရောက်တော့ နေ့လည် အားလပ်ချိန်မို့ Tae Hyungကိုအလွယ်တကူပဲရှာတွေ့ကာ ကန်န်တင်း သို့ခေါ်သွားလိုက်သည်။

"Jin hyungရယ် ဘယ်လိုဖြစ်တာလဲ ကျွန်တော်တို့ လေ့လာရေးခရီးက ပြန်လာကတည်းက ဘယ်လိုတောင် ဖြစ်ကုန်တာလဲ...ကျွန်တော်လည်းနားမလည်နိုင်တော့ဘူး..jungkookလည်း Busanကိုပြန်သွားပြီတဲ့. ကျောင်းလည်းဆက်မတက်တော့ဘူးတဲ့..ကျွန်တော့်ကိုတောင်နှုတ်ဆက်မသွားဘူး"

TaeHyungစကားတွေကြောင့် သူ့ရင်ဘတ်တွေ ထပ်ပြီးနာကျင်ရပြန်ပြီ။ဒါဆို Kookie က ဘူဆန်ကိုပြန်သွားပြီပေါ့...ကျောင်းလည်းဆက်မတက်တော့ဘူးတဲ့... ငါ့ကြောင့်...ငါ့ကြောင့်။

"အခု hyungကရော ဘယ်လိုလုပ်မှာလဲ hyungနဲ့ jungkookသတင်း ကျောင်းမှာ popularဖြစ်နေတာ"

"Tae.. hyungကို တစ်ခုတော့ ကူညီပါကွာ..သန်ဘက်ခါည Busanကိုသွားမဲ့ရထား လက်မှတ်ဝယ်ပေးပါကွာ..သန်ဘက်ခါည ၈နာရီ Hyungဘူတာကိုမရောက်ရောက်အောင်လာခဲ့မယ်နော် အကြောင်းစုံကိုနောက်မှရှင်းပြမယ်...Hyungပြန်တော့မယ်"

မြတ်နိုးမိသည်မှ.. အပ /မြတ်နိုးမိသည်မှ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓Where stories live. Discover now