Part 2

469 41 0
                                    

ဤသို့ဖြင့်Yoongiနှင့်Yoonjiတို့နေပြန်ကောင်းလာကြသည်။

Yoonjiတို့မိဘများကတော့ဘ၀င်မကျပေ။အဘယ့်ကြောင့်ဆိုသော်Yoongiတို့ဘက်ကအလွန်ဆင်းရဲသောကြောင့်ဖြစ်သည်။

အမှန်စင်စစ်Yoonjiအမှတ်မှား၍ပြောလိုက်သော်လည်းမိဘများကအထင်လွဲသွားခြင်းဖြစ်သည်။

ထိုအကြောင်းကိုမူYoongiလုံး၀မသိချေ။ကျောင်းသိူ့နှစ်ယောက်လုံးမတက်ရသေးသောကြောင့်မတွေ့ရခြင်းဖြစ်သည်။

ယနေ့ကားYoongiနှင့်Yoonjiနှစ်ယောက်စလုံးကျောင်းပြန်တက်မည့်နေ့ပင်ဖြစ်သည်။ထို့ကြောင့်ထုံးစံအတိုင်းMin Yoongiတစ်ယောက်တည်းကျောင်းသို့သွားသည်။

ကျောင်းပေါက်၀သို့ရောက်သည့်အခါတွင်Yoonjiနှင့်တန်းတွေ့သည်။Yoonjiမှာလည်းသူမ၏ချစ်သူ၏အထင်မှားနေသောကြောင့်တွေ့တွေ့ချင်းပင်ပြေးဖက်လ်ုက်သည်။

"ကိုရယ်...ကို့ကိုလေသဲအရမ်းလွမ်းနေရတာ"

Min Yoongiအလွန်၀မ်းသာသွားသည်။
အဘယ့်ကြောင့်ဆိုသော်သူလေးနှစ်ကျော်ကြာဖွင့်မပြောရဲခဲ့သူကယခုပင်သူ့ကိုအရမ်းလွမ်းနေသည်ဟုပြောသောကြောင့်ဖြစ်သည်။

"သူငယ်ချင်း...မှားနေတယ်လေ။ငါနင့်ရည်းစားမဟုတ်ဘူး"

သူမ၏နောက်တွင်မိဘနှစ်ပါးကိုတွေ့လိုက်ရသောကြောင့်စပါးကိုအထိုက်အလျောက်ပြောလိုက်ခြင်းဖြစ်သည်။

"ကိုကိုကလဲ...သဲကိုမမှတ်မိတော့ဘူးလား။အရင်ကကိုကိုနဲ့တောင်လျှောက်လည်ဖူးတယ်လေ"

"အန်ကယ်စကားပြောလို့တယ်မလား"

"ရပါတယ်အန်ကယ်"

"မင်းနဲ့Yoonjiနဲ့ကတကယ်ချစ်သူတွေလား"

"အင်း.....ဒါပေမယ့်"

"ကိုကိုကလည်းဘာဒါပေမဲ့လဲ..အဖေကိုမပြောပြချင်လို့မပြောပြခဲ့တာ...သမီးနဲ့ကိုYoongiနဲ့တွဲနေတာကြာလှပြီ"

"ဟုတ်လား..မောင်ရင်"

ထိုအချိန်တွင်Yoonjကအကြည့်တစ်ချက်
ဖြင့်Yoongiကိုသနားခံသည်။သူမ၏စိတ်ထဲတွင်အမှန်စင်စစ်တွဲနေသည်ဟုထင်သောကြောင့်ဖြစ်သည်။

Second HeartWhere stories live. Discover now