သူ့ommaနဲ့ appa အခန်းထဲက ထွက်သွားသည်နဲ့ သူ့လက်က ဆေးလွှတ်ထားတဲ့အပ်တွေကို ဆွဲချွတ်လိုက်ရင်း အားလုံးကိုလွှင့်ပစ်လိုက်သည်။

သွားစမ်း..ဒီအပ်တွေ...။kookieတစ်ခုခုဖြစ်ရင် ငါ့ကိုယ်ငါဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး။

ကောင်းကောင်းမရပ်နိုင်သေးဘဲ ကယိုင်ကတိုင်ဖြင့်ပင် တစ်ခန်းဝင်တစ်ခန်းထွက် jungkookကိုလိုက်ရှာမိသည်။

သူ့ကို အထူးအဆန်းသဖွယ်ကြည့်နေကြတဲ့ ဆရာဝန်တွေ လူနာတွေကိုလည်း ဂရုမစိုက်နိုင်အား။jungkookကိုတွေ့ရမလားဆိုတဲ့စိတ်နဲ့ လိုက်ကြည့်မိပေမဲ့ အခန်းတွေသာစုံသွားတယ် ခုထိမတွေ့သေး။

"Jungkookလား"

အကျီအဖြူလေးနဲ့လူတစ်ယောက်ကို jungkookမှတ်ပြီး သူ့ဘက်ဆွဲလှည့်လိုက်တော့..သူတစ်ခါမှမမြင်ဖူးတဲ့မျက်နှာ...

"တောင်းပန်ပါတယ် ကျွန်တော်လူမှားသွားလို့်ပါ"

Jungkookie မင်းဘယ်မှာလဲ...ဘယ်ရောက်နေတာလဲ။

"ဒီမှာ လူနာ...ဘယ်သူ့ကိုရှာနေတာလဲဟင်"

သူနာပြုဆရာမလေးရဲ့စကားကြောင့်...

"လူနာ jungkookပါ..ကျွန်တော့်နဲ့မတိမ်းမယိမ်းလောက်ပဲရှိတယ်"

"ခဏ...ရှာကြည့်ပေးမယ်နော်"

သူနာပြု ဆရာမလေးက ကွန်ပျူတာမှာနှိပ်ရှာလိုက်ရင်း

"မရှိဘူးရှင့်...ရှင်ပြောတဲ့နာမည်မရှိဘူး"

"ဗျာ...ဘာတွေလဲ...ဘာတွေဖြစ်ကုန်ပြီလဲ"

"အခုတော့ရှင့်အခန်းကိုလိုက်ပို့ပေးမယ်နော် ပြန်နားလိုက်ပါဦး"

.............................................................................................

Jungkook နိုးလာလာချင်း အခန်းလေးတစ်ခန်းထဲရောက်နေသည်မို့ ဘေးဘီဝဲယာကြည့်မိသည်။သူ ဘယ်ရောက်နေတာလဲ။Hyungရော..ဘယ်မှာလဲ။

"လူလေး သတိရလာပြီလား "

စွတ်ပြုတ်ပန်းကန်လေးကိုင်ကာအသက်ကြီးကြီး အဖိုးအိုတစ်ယောက် ဝင်လာသည်။

"အဖိုး....ကျွန်တော်ဘယ်ရောက်နေတာလဲဟင်"

အသားဖြူဖြူ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ တော်တော်ချောချောကောင်လေးကိုကြည့်ရင်း အဖိုးအိုမှာ သနားမိသည်။ဒီကောင်လေးဟာ ဘယ်လိုဒုက္ခတွေများရောက်လာပါလိမ့်။

မြတ်နိုးမိသည်မှ.. အပ /မြတ်နိုးမိသည်မှ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓Where stories live. Discover now