လက်ပြန်ကမ်းပေးမလာတာကြောင့် ကမ်းထားတဲ့လက်ကို ပြန်ရုတ်လိုက်ပြီး ကောင်းမြတ်ဟိန်းတစ်ယောက် အရှက်ပြေ ချောင်းသာဟန့်လိုက်ရသည်။ အငယ့်ကို ကြည့်လိုက်တော့လည်း အားနာနေသလို တစ်ခုခုပြောချင်နေသလို မျက်ဝန်းတွေနဲ့ ကောင်းမြတ်ဟိန်းကို စိုက်ကြည့်နေသည်။

" အငယ် . တစ်ခုခုပြောစရာရှိနေလို့လား ... နေဦး မပြောခင် တစ်ခုခုမှာလိုက်ပါဦး ... ဧည့်သည်အတွက်လည်း မှာလေ ... ဘာသောက်ကြမလဲ "

" ကိုယ်က ဧည့်သည်မဟုတ်ဘူး "

ကောင်းမြတ်ဟိန်းရဲ့ စကားအဆုံးမှာ တစ်ချိန်လုံးစကားမပြောပဲ ခပ်တည်တည်ထိုင်နေတဲ့ Daniel ရဲ့ အသံက ပြတ်ပြတ်သားသားထွက်လာသည်။ မျက်နှာခပ်တင်းတင်းနဲ့ ရောက်ကတည်းက ကျုံ့ထားသည့်မျက်မှောင်ကလဲ ယခုထိတိုင် ပြေလျော့ခြင်း မရှိသေးပေ။

" အစ်ကို ... ကျွန်တော်ပြောစရာရှိတယ် "

" အင်း ... ပြောလေ အငယ် "

အသိအမှတ်ပြုကြောင်း အငယ့်ကို အသိပေးလိုက်ပြီး စားပွဲပေါ်က ကော်ဖီခွက်ကို ကောင်းမြတ်ဟိန်းကောက်ကိုင်လိုက်သည်။

" ကျွန်တော်တို့ လမ်းခွဲကြရအောင် အစ်ကို "

မသောက်ရသေးသည့် လက်ထဲက ကော်ဖီခွက်လေးကို ကောင်းမြတ်ဟိန်း ခပ်တင်းတင်း ဆုပ်ကိုင်မိသွားသည်။ ရုတ်တရက်ဆန်လှသည့် အငယ့်စကားကြောင့် ရင်ထဲဗုံးပေါက်သွားသလို ဝုန်းဒိုင်းကြဲကုန်သည်။ မချစ်တာသိပေမယ့် သံယောဇဉ်ကြောင့် အငယ်က သူ့အနားမှာပဲ အမြဲရှိနေမယ်လို့ ထင်ထားတာ အခုတော့ မှားပြီထင်ပါရဲ့။

" အငယ် ဘာပြောလိုက်တာ "

" ကျွန်တော်နဲ့ Daniel က ချစ်သူတြွေဖစ်နေကြပြီ အစ်ကို "

" အဟက် . ကိုယ်ကရော အငယ် ... ကိုယ်နဲ့ကရော'

အငယ့်စကားအဆုံးမှာ အောင့်တက်လာတဲ့ ရင်အစုံကို လျစ်လျူရှုပြီး နာနာကျင်ကျင်မေးမိတော့ ပြန်မဖြေပဲ ခေါင်းငုံ့သွားသည်။ ဘေးက Daniel ကတော့ သူရှိနေတာတောင် အားနာပုံမရပဲ စားပွဲပေါ်မှာ တင်ထားတဲ့ အငယ့်ရဲ့လက်တစ်ဖက်ကို အပေါ်ကနေထပ်ကိုင်ကာ ထွေးဆုပ်ထားသည်။

Love Me Like The Way [Completed]Where stories live. Discover now