"လွမ်း"

22 2 0
                                    

ည၁၂ထိုးခံနီးမှ​ရော စုပြုံပြီးလွမ်းလို့ရသလား
တိတ်​တိတ်​​လေးလွမ်းရသလို ​ပေါ်​ပေါ်ထင်​ထင်​လဲ​ဆွေးရတယ်
က​ဗျာစာအုပ်​​လေးလှန်​တိုင်းတခုတ်​တရဦးတည်​တဲ့
အလွမ်းဖဲ့မှူး​တွေဟာ မင်းနာမ်​မည်​​လေးမှာမြစ်​ဖျားခံတယ်​အချစ်​ရယ်

အမှန်​တကယ်​​ဝေးကြပီတဲ့လား
ဆွဲထားတဲ့ လက်ေ​လးမပြုတ်​ဖို့
တွဲထားတဲ့ သံ​ယောဇဉ်​​လေးမြဲဖို့
ကြိုးစားခွင့်​​တွေကိုယ့်​မှာမရှိခဲ့
တကယ်​ဆို ကိုယ်​က​ငေး​မော​ချင်းသာသာကချစ်​ခဲ့တာ

လှစ်​လှပ်​ပြသခြင်းဆိုတဲ့နိယာမ​တွေ​တော့
ကိုယ်​ကမာယာပါပါမသုံးတက်​တာအမှန်
တစ်​​ယောက်​ထဲရုန်းကန်​​နေရတဲ့အချိန်​မျိုး​မှာဆိုရင်​​တောင်
မင်းဟာကိုယ့်​အ​တွေးထဲမဝင်​တဲ့​နေ့မရှိခဲ့ပါဘူး
ငေးကြည့်​ရုံသာသာက ချစ်​ခဲ့တဲ့ကျွန်​​တော်​ကလဲ
ည​ရောက်​တိုင်း​ဆွေးရတာဟာ
ကိုယ်​​ကျေ​ကျေနပ်​နပ်​လက်​ခံထားတဲ့တာဝန်​တစ်​ခု

ညခင်း​တွေမှာမင်းအိမ်​မက်​လှလှမက်​ပါ​စေ
မေတ္တာဓာတ်​​တွေလွှမ်းခြုံရင်း အကြည်​ဓာတ်​​လေးပြည့်​​စေဖို့
ကိုယ့်​အိမ်​မက်​​တွေထဲအလည်​လာတဲ့
မင်းသား​လေးဟာမင်းဖြစ်​ပါ​စေ

ဒီလိုပဲ ကိုယ်​ဟာအလွမ်း​တွေကို ​မေတ္တာ​တွေ​ပေါင်းရင်းမင်းကို​ထပ်​တိုးချစ်​ရပါတယ်​ အချစ်​ရယ်

စိတ်​ကူးတည့်​ရာ💚Where stories live. Discover now