" ဘာကိုဆိုလိုတာလဲ ... ချန်း "
" ကော ... "
အနောက်ဘက်ဆီက ပေါ်လာတဲ့ ခေါ်သံက ရင်းနှီးနေတဲ့ အသံရှင်ဖြစ်တာကြောင့် ရှောင်ကျန့် လှည့်ကြည့်မိတယ်။
ချန်းလည်းပဲ လှည့်ကြည့်မိတယ်။" ရိပေါ် ...မပြန်သေးဘဲ ဘာလုပ်နေတာလဲ"
ကျောင်းချိန်ပြီးသွားတာကြာနေပေမယ့် ရိပေါ်က ကျောင်းထဲမှာပဲရှိနေတာကြောင့် ရှောင်ကျန့်မေးလိုက်ခြင်းဖြစ်တယ်။
" စာအုပ်...ကျန်ခဲ့လို့ ပြန်လာယူတာ "
" ကျွန်တော်ပြန်တော့မယ် ကော "
" သေချာပြန်အုန်း "
" အင်း "
ပုံမှန်ခြေလှမ်းတွေနဲ့ ထွက်သွားတဲ့ ရိပေါ်ရဲ့ ခပ်သေးသေးကျောပြင်ကို ချန်း ကြည့်နေရင်း ဘေးဆီက ရှောင်ကျန့်က ခေါ်နေတာမို့ အကြည့်တွေရပ်ရင်း ရှောင်ကျန့်ဆီ အာရုံပြန်ရောက်တယ်။
" ရှောင်ကျန့် ... "
" အင်း "
" ခုနက ကျောင်းသားက မင်းနဲ့အရမ်း ရင်းနှီးလား "
နှစ်ယောက်ကြားအနည်းငယ်တိတ်ဆိတ်သွားပြီးတဲ့နောက်မှာ
ရှောင်ကျန့်က ပြုံးပြရင်း အင်း လို့သာဖြေတယ်။ တကယ်လည်း သူက ရိပေါ်နဲ့ ရင်းနှီးတာပဲ။.....
စာရွက်စာတမ်းတွေကြား ချန်း ခေါင်းမဖော်နိုင်ဖြစ်နေတယ်။ ပျောက်နေတာ ရက်အတော်ကြာလာတာကြောင့် စိတ်ပူတာတွေရော စိတ်ညစ်တာတွေရောနဲ့ စိတ်ရှုပ်နေရတယ်။
မောနီတာစခရင်ပေါ်က စီစီတီဗွီမှတ်တမ်းကို ထပ်ခါတလဲလဲကြည့်နေမိတယ်။ အနီရောင်စကတ်ရှည်နဲ့ ရှင်းက ပုံမှန်မဟုတ်ဘူးလို့ ချန်းထင်နေတယ်။ ထိုင်နေတဲ့ ထိုင်ခုံကို ကျောမှီချလိုက်ရင်း မျက်လုံးတွေမှိတ်လိုက်ရင်း ခဏအကြာမှ ပြန်ဖွင့်ရင်း သက်ပြင်းချမိတယ်။
ဘေးနားက ပရင့်ထုတ်ထားတဲ့ စီစီတီဗွီမှတ်တမ်းက ဓာတ်ပုံကို ချန်း ယူကြည့်မိလိုက်တယ်။ ရှင်းရဲ့ နောက်ကို လိုက်နေတဲ့ လူတစ်ယောက်ရှိကြောင်း ချန်းသိပြီးနောက် ထုတ်ယူထားတဲ့ အဲ့ဒီဓာတ်ပုံထဲက လူရဲ့ မျက်နှာကို ဝေေ၀ဝါးဝါးမြင်ရတယ်။
Chapter 21 ( Unicode )
Start from the beginning