အပိုင်း ၉
Unicode
"ညီငယ်....ဟင်းအိုးတူးနေပြီ။"
ပါးစပ်က လှမ်းအော်ရင်း မီးဖိုခလုတ်ကို အချိန်မီ ပိတ်လိုက်ရသည်။
ခေါင်ထက် အသံကြားတော့မှ သတိဝင်လာသူ တစ်ယောက်လို ထိုင်ရာမှ အပြေးထပြီး မီးဖိုခလုတ်ကို သွားပိတ်ဖို့ ပြင်လေသည်။
"အကို ပိတ်ပြီးပြီ။"
တူးနံ့ တထောင်းထောင်းနဲ့ ဒယ်အိုးထဲက ဟင်းတွေ အကုန်လုံး မည်းတူးနေပါပြီ။
သူ ရုံးကို ထမင်းချိုင့်ထည့်ယူသွားဖို့အတွက် မနက်စောစော ထချက်ပေးနေတာပါ။ကြက်သားပြုတ်ရည်နဲ့ ပဲပြား ဟင်းချိုချက်ပြီးပြီ။ပြုတ်ပြီးသား ကြက်သားတုံးတွေကိုကြက်သွန်နီ ပဲငံပြာရည် နဲ့အချိုနှပ်လေးချက်သည်။ပြီးတော့ ပဲလိပ်ပြာ ကို ကြက်သွန်နီလေးထည့်၊ ဆီထည့်၊ ပဲအိအိလေးဖြစ်စေဖို့ ရေသင့်တင့်ရုံထည့်ကာ မီးဖိုပေါ်နှပ်ထားရင် အနားရှိတဲ့ ခုံလေးမှာ ခဏထိုင်ရင်း အတွေးတွေဝင်နေမိတာ နှာခေါင်းထဲ တူးနံ့လည်းမရသလို မီးဖိုပေါ် ဟင်းအိုးတူးနေတာကိုလည်း မသိပါ။
ဒီရက်ပိုင်းအိပ်ရေးပျက်တဲ့ရက်တဲ့ရက်တွေများပြီး စိတ်တွေထွေနေတာတော့ အမှန်ပါပဲ။တစ်နေ့နေ့ တစ်ချိန်ချိန် ခေါင်ထက် သူ့ကို ပစ်သွားမလားဆိုတဲ့စိတ်နဲ့ စိုးရိမ်စိတ်ကြီးပြီး နေရတာ စိတ်ထဲအဆင်မပြေပေ။
ဒါကြောင့်လည်း တစ်ခါမှ မဖြစ်ဘူးတဲ့အမှားတွေကို သူ့ဘက်က ကျူးလွန်မိနေသည်။ဟိန်းစစ်၏ ထွေပြားတဲ့အပြုအမူတွေဟာ ခေါင်ထက် ကို ထူးဆန်းစေသည်ဆိုတာ ဟိန်းစစ် သိပါသည်။
တူးသွားတဲ့ဒယ်အိုးကို ဘေစင်ထဲမှာ ရေစိမ်ထားလိုက်သည်။
"ညီငယ် "
ခေါင်ထက်၏ ခေါ်သံကြောင့် ခေါင်းလှည့်ကြည့်လိုက်သည်။သူ တစ်ခုခု ပြောမည်ဆိုတာ သိပေမယ့် ဟိန်းစစ် အမှားအတွက်သာ အရင်တောင်းပန်လိုက်ပါသည်။
"ဆောရီးပါ။ကိုကို့အတွက် ထမင်းချိုင့်လုပ်ပေးနေတာ။ဟင်းတစ်ခွက်တူးသွားတော့ အခြားဟင်း နောက်တစ်မျိုး စီစဉ်ပေးလိုက်ပါ့မယ်။"
YOU ARE READING
ညီငယ် (ဒုတိယတွဲ) unicode and zawgyi