MISTAKE 💙1

5.1K 312 63
                                        

"အိမ်ကြီးထဲကကို ဘယ်ကကလေကချေတေခေါ်လာတာလဲ "

ရှေ့မှာရပ်‌နေတဲ့ရိပေါ်ဖွားဖွားရဲ့ အသံမာမာကြောင့် ရှောင်းကျန့်ကြောက်ပြီးဘေးနားကညီလေးလက်ကိုဆုပ်ကိုင်လိုက်သည်။

"ဖွားဖွား ကျွန်တော်မှားသွားပါတယ် "

ရိပေါ်လဲဖွားဖွားကိုဒူးထောက်ကာ ပြောရသည်။ဖွားဖွားတစ်ခွန်းဆိုတစ်ခွန်းနာခံတက်သူမဟုတ်ပေမယ့် ခုကိစ္စကိုတော့ဖွားဖွားစကားနာခံရန်ဆုံးဖြတ်ထားသည်။

"ငါတို့ဂုဏ်သိက္ခာအတွက် မင်းနဲ့ငါ့မြေးနဲ့သဘောမတူနိုင်ဘူး ဒါပေမယ့်ကလေးမွေးပြီးတဲ့အထိတော့ ခြံနောက်ဘက်ကအိမ်ထဲမှာနေခွင့်ပြုမယ်"

သဘောမတူနိုင်ဘူးဆိုတာကြိုတွေးထားတာမို့ကိစ္စမရှိပေမယ့် ဖွားဖွားကိုတော့လန့်နေမိသည်။

"ကျေးဇူးတင်ပါတယ် ဖွားဖွား"

ရိပေါ်သည် ဖွားဖွားရှေ့တွင်ဒူးထောက်ထိုင်နေသော ရှောင်းကျန့်နှင့် သူ့ညီလေးကို ခေါ်ကာအိမ်သေးလေးဘက်ထွက်လာခဲ့သည်။ဖွားဖွားကြီးသဘောမတူဘူးဆိုတာအစထဲကကြိုတွက်ထားပြီးသာ သူကလဲဂရုမစိုက်ပေါင် မတော်တဆမှားခဲ့လို့တာဝန်ယူပေးရဝာာပဲ ကလေးမွေးပြီးရင် နှင်ထုတ်လိုက်ရုံပဲ။

"ဒီမှာမင်းနေရမယ့်အိမ်ပဲ လူမနေတာကြာတော့ ဖုန်တေတောင်တက်နေပြီသန့်ရှင်းရေးလုပ်ပြီးနေ"

"ဟုတ်"

ရိပေါ်လှည့်ထွက်သွားတာနဲ့ ရှောင်းကျန့်တစ်ယောက် ညီလေးလက်ကိုဆွဲကာအိမ်လေးထဲဝင်ခဲ့လိုက်သည်။အိမ်လေးဆိုတာ ရိပေါ်တို့အိမ်နဲ့ယှဉ်လို့သာ အိမ်လေးလို့ပြောရတာ တကယ်တော့ လူချမ်းသာတေနေတဲ့အိမ်လောက်တောင်ရှိမည်။အပေါ်ထပ်လဲရှိသည် အောက်ထပ်မှာလဲ ဧည့်ခန်း၊ထမင်းစားခန်း၊အိပ်ခန်းအစုံရှိသည်။ဧည့်ခန်းကြီးရဲ့အကျယ်က သူတို့ညီအကိုနှစ်ယောက်နေခဲ့တဲ့အိမ်လေးထက်တောင်ကျယ်နေသည်။

"ဟန်လေးခဏထိုင်နေအုံးနော် ကိုကိုအခန်းထဲသန့်ရှင်းရေးသွားလုပ်လိုက်အုံးမယ်"

"ဟုတ်ကိုကို ဟန်လေး အရုပ်လေးတေနဲ့ကစားနေမယ်နော်"

"အင်း"

MISTAKEDonde viven las historias. Descúbrelo ahora