1

14K 350 29
                                        

Zawgyi>>>

မိတ်ဆုံစားပွဲတစ်ခုဟုထင်ရသော ထမင်းစားဝိုင်းတွင်...အသက်ကြီးကြီး လင်မယားစုံတွဲနှစ်ယောက်နှင့် ခပ်ငယ်ငယ်သာရှိသေးသော ကောင်လေးတစ်ယောက်တို့အတူရှိနေသည်...

ကောင်လေးက အသက်အားဖြင့် 19 နှစ်လောက်သာရှိဦးမည်ဖြစ်ပြီး ငွေမှင်ရောင်ဆံပင်တို့အား ခပ်အုပ်အုပ်ချထားသည်...

နှာခေါင်းလုံးလုံး ပါးလွှတဲ့နှုတ်ခမ်းပါးအသေးလေးက ပန်းနုရောင်သန်းပြီး ဝိုင်းစက်တဲ့မျက်ဝန်းလေးတွေနဲ့ လူကောင်ညှပ်ညှပ်ထိုကောင်လေးက အဆိပ်ပြင်းပြင်းမြွေဟောက်လေး...

တိတ်ဆိတ်စွာထိုင်နေသော်ငြား စိတ်မရှည်မှုကိုပြသော လက်ချောင်းရှည်သွယ်သွယ်တို့က ကိုင်ထားသောဖန်ခွက်ကိုတတောက်တောက် ခေါက်နေ၏... မျက်ခုံးတစ်ဖက်ကိုပင့်တင်ရင်း မျက်လုံးကိုမှေးစင်းကာအလိုမကျဟန်ပြုသည်ကပင် ဆွဲဆောင်မှုတစ်မျိုး...

သတိထားမိပုံမရသော လင်မယားနှစ်တွဲမှာတော့ စကားတွေဖောင်ဖွဲ့ကာပြောရင်း ငယ်ငယ်တည်းကသိပုံရတာကြောင့် ရင်းရင်းနှီးနှီးပင် ပျော်ရွှင်နေကြသည်..

ထိုင်နေတဲ့ကောင်လေးမှာတော့ အဲ့လိုမဟုတ်...ထမင်းကိုစိတ်မပါလက်မပါသာ ဝါးနေရင်း ဘာကိုမှစိတ်မဝင်စားဟန်ဝဋ်ကျေတန်းကျေပင် ထိုင်နေပုံ...

မိတ်ဆုံစားပွဲတစ်ခုတင်မကသော သူ၏စေ့စပ်ပွဲကို သိပ်တော့သဘောကျဟန်မရှိပေ...

လက်ထပ်ရမည်ဆိုသော လူမှာလည်းအခုချိန်ထိရောက်မလာသေး၍ သူ့စိတ်ကိုပို၍မကြည်မလင်ဖြစ်စေတယ်...

"သူလာပြီ Boss"

ထို့နောက် တံခါးဖွင့်သံတစ်ခုနှင့်အတူ ဝင်လာသော လူတစ်ယောက်...

ရှပ်အင်္ကျီကြယ်သီးများအား ဖြုတ်ထားတာကြောင့် ရင်ဘတ်အလယ်ထိပင်ပေါ်နေသည်...
အပြဲများစွာရှိသော
ဂျင်းဘောင်းဘီနှင့်အတူ ဖွာလန်ကြဲနေသော သူ၏အနီရောင်ဆံပင်များကို လက်တစ်ဖက်ဖြင့်ထိုးသွင်းဆွဲဖွလိုက်သေး၏...

ဘာတစ်ခုကိုမှဂရုစိုက်ပုံမပေါ်တဲ့စူးစူးနစ်နစ်အကြည့်တွေ...
ဂျာကင်တစ်ထည်ကိုပခုံးပေါ်တင်ရင်း လက်တစ်ဖက်ကဘောင်းဘီအိတ်ထဲထိုးထည့်ကာ ခေါင်းကိုမော့ရင်းလျှောက်လာသည်က တစ်မျိုးပင်ကြည့်ကောင်း၍ခန့်ညားသည်...

ETERNITY (BL×OC)Mga kuwentong kahuhumalingan mo. Tumuklas ngayon