အပိုင်း🍓၂၆🍓

Start from the beginning
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၂၆)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
        နောက်တစ်နေ့ရောက်တော့..လွန်း..ပုံမှန်အတိုင်း..လုပ်မြဲတိုင်း..အလုပ်တွေကို..လုပ်နေခဲ့သည်။
သို့ပေမယ့်..ခါးသက်ကို..မျက်နှာချင်းမဆိုင်မိအောင်..လွန်းကြိုးစားခဲ့သည်။
ခါးသက်အနေနဲ့လဲ..လွန်းကိုတမင်ရှောင်နေခဲ့လေသည်။ထိုနေ့ညက..ဖြစ်ခဲ့သည့်..ကိစ္စကြောင့်..ခါးသက်အနေနဲ့လဲ..လိပ်ပြာမလုံခဲ့..။ ထိုကြောင့်..လွန်းကိုရှောင်ခဲ့ခြင်းဖြစ်သည်။
❤❤❤
     ""ဧည့်သည်..ရောက်လာတာမြင်ရင်..ခရီးဦးကြိုဆိုရမယ်ဆိုတာကို ခင်ဗျားနားမလည်ဘူးလား...""
တိုက်ထဲကို..ဝင်ရောက်လာသည့်..နေလင်းသာက..ဧည့်ခန်းထဲမှာ တံမြတ်စည်းလှဲနေသည့်..လွန်းကို..ပြောလိုက်လေသည်။
     လွန်း နေလင်းသာကို..စိတ်ပျက်စွာကြည့်လိုက်ပြီး..
""ခါးသက်မရှိဘူး..""
လွန်း.ခပ်ပြတ်ပြတ်ဘဲ ပြောလိုက်သည်။ နေလင်းသာ..မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး..
"သိတယ်..ခဏနေရင်..ကိုကို..ပြန်လာမှာ..သွား..နေသောက်ဖို့အတွက်
..ကော်ဖီဖျော်​လာခဲ့..""
အထက်စီးဆန်ဆန်ပြောလာသည့်..
နေလင်းသာ.စကားကြောင့်..လွန်း..ရင်ထဲ..အောင့်ခနဲ့..။
နေလင်းသာကို..မကြည်သလိုစိုက်ကြည့်လိုက်တော့..နေလင်းသာက..မသိဟန်ပြုကာ..ဆိုဖာပေါ်ထိုင်လိုက်သည်။နောက်တော့..သူ့ရဲ့ခြေထောက်နှစ်ချောင်းကို..ရှေ့ကစားပွဲခုံပေါ် ပစ်တင်လိုက်သည်။ နေလင်းသာ၏အပြုမူများက..ရိုင်းဆိုင်းလွန်းလှသော်လည်း..လွန်း..မသိကျိုးကျွံပြုလိုက်သည်။
""သြော်..ဒါနဲ့..ကော်ဖီကို..ပူပူလေးဖျော်လာခဲ့နော်..​​ဖြစ်နိုင်ရင်..​ရေနွေးကို..လောလောလတ်တည်ပြီးမှ.ဖျော်လာခဲ့ပေး..""
နေလင်းသာ ၏အထက်စီးဆန်ဆန် ဆက်ဆံပုံတွေကို..လွန်းမကြိုက်..။.သို့ပေမယ့်..နေလင်းသာက..ခါးသက်ရဲ့ဧည့်သည်..။နောက်ပြီး..Dလင်းသာရဲ့ညီ..ဆိုပြီး..လွန်း သည်းခံပေးလိုက်သည်။ လွန်းမီးဖိုချောင်ထဲဝင်လာပြီး..ရေနွေးအိုးတည်လိုက်သည်။
ထိုအချိန်..ဧည့်ခန်းထဲမှာ..
""ဟာ..ကိုကိုပြန်လာပြီ..ပျော်လိုက်တာ..""
""အင်း..နေ.ခေါ်လိုက်လို့..အစ်ကိုပြန်လာတာ..ဘာပြောမလို့လဲ.နေ""
."ဟီး..ဘာမှမဟုတ်ပါဘူး..နေက ကိုကို့ကိုလွမ်းလို့..ခေါ်လိုက်တာ..""
နေလင်းသာကဆိုရင်း..ခါးသက်မိုးကိုဖက်လိုက်သည်။ ထိုအခြင်းရာကို.မီးဖိုချောင်ထဲက လွန်း..လှမ်းကြည့်နဲ့သွားဆုံလေသည်။ ခါးသက်က..နေလင်းသာရဲ့ကိုယ်လေးကို..အလိုက်သင့်ပြန်ဖက်ထားလိုက်သည်။ခါးသက်၏ မျက်နှာပေါ်မှာ နူးညံ့လှသည့်အပြုံးလေးတစ်ပွင့်..ပွင့်ဖူးသွားကာ..
""ကဲ..နေ. ကလေးဆိုးလေး..လုပ်မနေတော့နဲ့..အစ်ကိုအဝတ်စားသွားလဲလိုက်ဦးမယ်..အစ်ကို့ကိုလွှတ်ပေးတော့..ခဏနေရင်..နေ ကြိုက်တဲ့..ထမင်းပေါင်းလိုက်ကျွေးမယ်""
နူးညံ့စွာဆိုလိုက်သည်။
""ဟာ..ကိုကိုတကယ်ပြောနေတာလား..ကိုကို...နေကို..တကယ်ထမင်းပေါင်းလိုက်ကျွေးမှာလား..""
နေလင်းသာက..ပျော်ရွှင်မြူးတူးစွာခုန်ပေါက်ရင်းမေးလိုက်တော့..ခါးသက်က..ပြုံးရင်းခေါင်းညိတ်လိုက်သည်။
     လွန်း  ခါးသက်နဲ့နေလင်းသာကြည့်ရင်း..မျက်ရည်များဝေ့တက်လာခဲ့သည်။တစ်ချိန်က..ထစ်ချုန်း.နဲ့ပတ်သက်သည့်..အမှတ်တရတချို့ကို..ပြန်လည်သတိရသွားကာ..ရင်ထဲ မွန်းကြပ်သွားရလေသည်။အကြည့်တွေလွဲလိုက်ပြီး..လွန်း..ကော်ဖီတစ်ခွက်ဖျော်လိုက်သည်။
    ထိုကော်ဖီခွက်ကို ယူပြီး..နေလင်းသာရဲ့ရှေ့မှာ  ချပေးလိုက်ပြီး..ထွက်သွားဖို့ဟန်ပြင်လိုက်စဥ်..
""သြော်..နေဦး..နေ.ကကော်ဖီသောက်ပြီးရင်..ရေနွေးသောက်တတ်တဲ့အကျင့်ရှိတယ်..အဲ့ဒါ.ရေနွေးဓာတ်ဗူးသွားယူလာခဲ့ပေး..""
ဆက်လက်ပြီး အထွန့်တက်လာသည့်..နေလင်းသာ...။လွန်း..စိတ်ကိုအတတ်နိုင်ဆုံးလျော့ချလိုက်ပြီး..ရေနွေးဓာတ်ဗူးသွားယူပေးလိုက်သည်။
    နေလင်းသာက..ကော်ဖီကိုဇိပ်ခံသောက်နေလေသည်။ လွန်း..စားပွဲပေါ်..ဓာတ်ဗူးတင်ပေးလိုက်တော့..။နေလင်းသာက..ကြမ်းပြင်ပေါ်..ကော်ဖီတစ်ချို့..သွန်ချလိုက်ပြီး..
""အိုး..ပေကုန်ပြီ...ကိုလွန်းပုံရိပ်..ဒီနေရာကို..ရေဝတ်နဲ့.ကြမ်းတိုက်လိုက်ပါဦး..ကိုကိုက..အရမ်းအသန့်ကြိုက်တာ..သူ့ဧည့်ခန်းရဲ့ကြမ်းပြင်ညစ်ပတ်နေတာကိုမြင်ရင်..သူစိတ်တိုသွားလိမ့်မယ်..သိလား..""
နေလင်းသာ.က ခပ်ထေ့ထေ့လေး..ဆိုလိုက်သည်။ လွန်း..အနေနဲ့..အရာအားလုံးကို..လက်မြှောက်အရှုံးပေးထားသူဆိုတော့..။ဘာတစ်ခွန်းမှ..ပြန်မပြောတော့ဘဲ..။ချက်ချင်း  ထိုနေရာကို..ကြမ်းတိုက်လိုက်သည်။
     ""ကိုလွန်းပုံရိပ်..နေကို..ရေနွေးလေး..ထည့်ပေးဦး..""
နောက်ထပ် နေလင်းသာက..လွန်းကို.အထက်ဆန်ဆန်..ခိုင်းပြန်သည်။လွန်း..သက်ပြင်းကိုရှိုက်လိုက်ပြီး..
ဓာတ်ဗူးထဲကနေ..နေလင်းသာခွက်ထဲကိုရေနွေးတွေကိုလောင်းထည့်ပေးလိုက်သည်။ထိုအချိန်..အဝတ်စားလဲပြီးအောက်ထပ်ကိုဆင်းလာနေသည့်..ခါးသက်ကို နေလင်းသာမြင်လိုက်ရတော့..လှစ်ခနဲ့ပြုံးလိုက်ပြီး..ရေနွေးခံထားသည့်..ခွက်ကို..ဖယ်ပစ်လိုက်သည်။ ရုတ်တရက်..နေလင်းသာက..ခွက်ကိုဖယ်လိုက်တော့..ဓာတ်ဗူးထဲရေနွေးတွေ..ကြမ်းပြင်ပေါ်..ဖိတ်ကျကုန်လေသည်။လွန်းလဲ..
ရုတ်တရက်ကြီးဆိုတော့..ဓာတ်ဗူးကို..ပိတ်လိုက်ဖို့အချိန်မရလိုက်ပေ..။
""အား...ပူတယ်...ပူတယ်...ကိုလွန်းပုံရိပ်..ခင်ဗျား..ဒါဘာလုပ်တာလဲ..နေ..တော်ပြီလို့ပြောနေတာကို..
အား..ပူလိုက်တာ..ခင်​ဗျားတမင်တသက်သက်..နေ  ခြေထောက်ပေါ်ကို..ရေနွေးနဲ့လောင်းချတယ်..အဟင့်...အဟင့်....""
..နေလင်းသာက..ထပြီး..ငိုရှိုက်ကာပြောလိုက်တော့..လွန်း..လုံးဝကို..ကြောင်အသွားခဲ့ရလေသည်။
ကြမ်းပြင်ပေါ် ဖိတ်ကျသွားသည့်ရေနွေးတွေနဲ့..သူ့ခြေထောက်က အလွတ်ကြီး..။ရေနွေးတစ်စက်လေးမှမစင်ဘဲ..ထပြီး..သူ့ခြေထောက်​ပေါ်ကို..လွန်းကရေနွေးပူတွေနဲ့လောင်းချပါတယ်လို့အော်နေတော့..လွန်းလုံးဝကို..မှင်သက်သွားရလေသည်။
  ""ဟင်..ဘာဖြစ်တာလဲနေ...ခင်ဗျား..ဘာလုပ်လိုက်တာလဲ.."
ခါးသက်ရောက်လာပြီး..လွန်းကိုနောက်သို့တွန်းပစ်လိုက်ပြီး.နေလင်းသာ အနားကိုအလျှင်မြန်ရောက်သွားလေသည်။
     နေလင်းသာက..ခါးသက်ကိုတင်းကြပ်နေအောင်ဖက်ထားပြီး...လွန်းကို.လက်ညိုးထိုးကာ..
""အီး..ဟီး..ဟီး...ကိုကို..အဲ့လူကြီးက.နေကိုမုန်းနေတာ..နေကိုအမြင်ကပ်လို့ဆိုပြီး..နေရဲ့ခြေထောက်ပေါ်ကို..ရေနွေးပူတွေနဲ့လောင်းချတယ်..ကိုကို..အဟင်..အဟင့်..".
နေလင်းသာရဲ့ အကယ်ဒမီရှော့.ရိုက်ချက်တွေက..သြချလောက်စရာ..။လွန်းပါးစပ်အဟောင်း​သားလေးနဲ့..ဘာပြောပြန်ရမှန်းမသိတော့..။ခါးသက်က..လွန်းကို..စားမတတ်ဝါးမတတ်စူးစိုက်ကြည့်လိုက်သည်။
  ""မဟုတ်ဘူး...မဟုတ်ဘူးနော်..ခါးသက်မိုး..သူဟန်ဆောင်နေတာ..ငါသူ့ရဲ့ခြေထောက်ပေါ်ကို..ရေနွေးပူတွေမလောင်းချခဲ့သလို..သူခြေထောက်..အပူလောင်သွားတယ်ဆိုတာကလဲ..မဟုတ်ဘူး..""
လွန်း..ပြန်ပြောလိုက်တော့..နေလင်းသာ..ကွက်ခနဲ့မျက်နှာပျက်သွားလေသည်။သို့ပေမယ့်..ခါးသက်မိုးကတော့..လွန်းပြောစကားတွေကိုမယုံခဲ့ပေ..။
""တော်ပါတော့..ခင်ဗျား..တော်တော်အောက်တန်းကျတဲ့လူဘဲ..ဗြောင်လိမ်.ရဲသေးတယ်နော်..အခုချက်ချင်း..နေကိုပြန်ပြီးတောင်းပန်လိုက်.."".
ခါးသက်က..ခက်ထန်မာကြောစွာဆိုလာသည်။လွန်းအနေနဲ့..မိမိမလုပ်ခဲ့မိတဲ့.အရာတစ်ခုအတွက်နဲ့တော့..အောက်ကျို့ခံပြီး..မတောင်းပန်ချင်ခဲ့ပေ..။
""ဒီမှာ  ခါးသက်မိုး..ငါဘယ်တုန်းကမှ..မလိမ်ညာခဲ့ဖူးဘူး..အေး..ငါကဘဲ
ဗြောင်လိမ်နေတာလား..ဒါမှမဟုတ်..မင်းရဲ့အကောင်ကဘဲ..
လီဆယ်ပြီးဗြောင်လိမ်နေတာလားဆိုတာကို..မင်းသူ့ကိုမေးကြည့်လိုက်လေ...""
    လွန်းစကားများကြောင့်..ခါးသက်..ဒေါသထွက်သွားကာ..လွန်းရဲ့
အင်္ကျီကော်လံစကို..ဆွဲလိုက်ပြီး..
""ခင်ဗျားအခုချက်ချင်း..သူကိုပြန်ပြီးတောင်းပန်လိုက်..""
""မတောင်းပန်နိုင်ဘူး..""
လွန်း..ခါးသက်ကိုစိုက်ကြည့်လိုက်ပြီး..တစ်လုံးချင်းပြန်ပြောလိုက်သည်။
""ကျစ်...ခင်​ဗျားတော့နော်..."
ခါးသက်ဒေါသထွက်သွားပြီး..လွန်းကို.လက်သီးနဲ့ထိုးဖို့ရန် ဟန်ပြင်လိုက်သည်။
""ဘာလဲ..မင်းက..ငါ့ကိုလက်သီးနဲ့ထိုးမလို့လား..ထိုးလေ..ထိုး...ငါ့ဘာမှအမှားမလုပ်ခဲ့ဘူး..အဲ့ဒါကြောင့်..ငါ​လုံးဝ မတောင်းပန်နိုင်ဘူး.အေး..အဲ့ဒါကိုမင်းမကျေနပ်လို့..ငါ့ကိုလက်သီးနဲ့ထိုးမယ်ဆိုရင်.ထိုးလိုက်...""
လွန်း..စကားများကြောင့်..ခါးသက်မျက်နှာတင်းမာသွားကာ..လွန်းကိုယ်ကို အနောက်သို့ဆောင့်ပြီး.တွန်းလိုက်သည်။ လွန်းဟန်ချက်ပျက်ပြီး..ကြမ်းပြင်ပေါ်..လဲကျသွားသည်။
ခါးသက်က..​လွန်းကိုအေးစက်စွာစိုက်ကြည့်လိုက်ပြီး..
""ကိုလွန်းပုံရိပ်..ခင်ဗျား..သူ့ကိုအခုချက်ချင်း..ဒူးထောက်ပြီးတောင်းပန်ပါ..အဲ့လိုမှ မတောင်းပန်ဘူးဆိုရင်..
အခုလာမဲ့ တနင်္ဂနွေ နေ့မှာ..ခင်​ဗျားအဒေါ်ကို..သွားတွေ့ဖို့.အတွက်..ကျွန်တော်ခွင့်ပြုပေးမှာ မဟုတ်ဘူးနော်..""
ခါးသက်က လွန်းရဲ့တစ်ခုတည်းသောအားနည်းချက်ကို..ကိုင်ပြီး..ခြိမ်းခြောက်သလိုပြောလာလေသည်။ ခါးသက်စကားများကြောင့်..လွန်းနာကျင်စွာပြုံးလိုက်ပြီး..
""အေးပေါ့..ငါရဲ့.အားနည်းချက်က.မင်းရဲ့လက်ထဲမှာဆိုတော့..မင်းကြိုက်သလို.လုပ်ပိုင်ခွင့်ရှိပါတယ်..
ဒါပေမယ့်..ငါ.မလုပ်ခဲ့ဖူးတဲ့အရာအတွက်နဲ့တော့..ဘယ်သူ့ကိုမှ..ငါ​တောင်းပန်မှာမဟုတ်ဘူးခါးသက်
..နောက်ပြီး..မင်းက..ငါကိုနာကျင်စေချင်တာမလား..ငါနာကျင်နေတာကို..မင်းမြင်ရင်..ပျော်တယ်မလား..အဲ့တစ်ခုကိုတော့..ငါလုပ်ပေးနိုင်တယ်..""
လွန်း..​ပြောပြောဆိုဆိုနဲ့..စားပွဲပေါ်က..ဓာတ်ဗူးကိုယူလိုက်ပြီး..တွေဝေမနေဘဲ..ချက်ချင်းဆိုသလို..ဓာတ်ဗူးထဲက..ရေနွေးပူတွေကို..သူ့ရဲ့ခြေထောက်ပေါ်..လောင်းချလိုက်သည်။
""အင်း...အ့...""
လွန်း..နာကျင်မှု
ကိုအံ့ကြိတ်ခံပြီး..မညည်းညူမိအောင်..အောက်နုတ်ခမ်းကိုဖိကိုက်ထားလိုက်သည်။
     ရုတ်တရက်..လွန်းက..သူ့ခြေထောက်ပေါ်ကို..ရေနွေးပူတွေနဲ့လောင်းချလိုက်တော့..ခါးသက်..အရမ်းကိုအံ့သြသွားခဲ့ရလေသည်။ထိုအတူ..နေလင်းသာလဲအံ့သြသွားလေသည်။
  ချက်ချင်း ရဲတက်လာသည့်..လွန်းရဲ့ခြေဖမိုးကိုကြည့်ရင်း..ခါးသက်..ခြောက်ခြားသွားကာ..
""ကိုလွန်းပုံရိပ်..ခင်ဗျားရူးနေတာလား..ဘာဖြစ်လို့..ခင်ဗျား..""
လွန်း..မျက်နှာပေါ်က..လှစ်ခနဲ့ပြုံးလိုက်သည့်..အပြုံးတစ်ပွင့်ကြောင့်..ခါးသက်ဆွံ့အသွားလေသည်။ထိုအပြုံး၏။ အဓိပ္ပာယ် ကိုခါးသက် ပုံမဖော်တတ်..။ သို့ပေမယ့်..လွန်းကိုစိတ်ပူသွားသည့်စိတ်တွေက ကြီးစိုးလာတာကြောင့်..ခါးသက်..ချက်ချင်း..လွန်းကိုယ်လေးကိုပွေ့ချီလိုက်သည်။ ခါးသက်၏အပြုမူများကြောင့်..လွန်းရော.နေလင်းသာပါမျက်လုံးပြူးသွာရလေသည်။
""ဒါ..ဒါ.ဘာလုပ်တာလဲ...""
လွန်း.ရုန်းရင်းဆိုလိုက်သည်။
""ငြိမ်ငြိမ်နေ...ခင်ဗျားကို..ဆေးခန်းသွားပြမှဖြစ်မှာပေါ့..ခင်ဗျားခြေထောက်..အ​ပူလောင်သွားတာအရမ်းဆိုးတယ်..""
""မင်းအပူမပါဘူး..ဘာဆေးခန်းမှ..သွားပြစရာမလိုဘူး..ငါ့ကိုအခုချက်ချင်း..အောက်ချပေး..""
လွန်း..ကအေးစက်စွာဆိုလိုက်သည်။
""ခင်ဗျားရူးနေတာလား..""
""အဟက်..ရူးနေတာကမင်းမဟုတ်ဘူးလား..ဘာမှ ဟန်ဆောင်ပြစရာမလိုဘူး..ခါးသက်မိုး..မင်းပျော်နေတယ်မလား..ငါနာကျင်နေတာကိုမြင်ရလို့..မင်းစိတ်ထဲမှာအရမ်းကိုကျေနပ်နေတာမဟုတ်ဘူးလား..".
လွန်းစကားများက..ခါးသက်ရင်ထဲကို.တိုက်ရိုက်ထိမှန်စေခဲ့သည်။
ခင်ဗျားနာကျင်တာကိုမြင်ရင်..
ကျွန်တော်ပျော်နေလိမ့်မယ်လို့..ခင်ဗျားကထင်နေတာလား..။
ကျွန်တော်လဲ..ခင်ဗျားပြောသလို..ဖြစ်ချင်တာပေါ့..။ဒါပေမယ့်..ခင်ဗျားနာကျင်နေတာကို..မြင်ရတိုင်း..ကျွန်တော်သာယာမနေဘူး..ကိုလွန်းပုံရိပ်  ။
""ခင်ဗျားကလေ..ရူးနေရုံတင်မဟုတ်ဘူး..လျှာကပါရှည်သေးတယ်..ခင်ဗျားမမေ့ပါနဲ့..ခင်ဗျားက.ကျွန်တော်ရဲ့..အိမ်ထောင်ဖက်..အများအမြင်မှာ.ခင်ဗျားက.ကျွန်တော်ရဲ့မိန်းမ..
နောက်ပြီး..ခင်ဗျားကိုကျွန်တော်ဂရုစိုက်ချင်လို့. ဂရုစိုက်နေတယ်လို့များထင်နေတာလား..အဟက်..ဝေးသေး..သူများအမြင်မှာ..ကျွန်တော်..လူဆိုးမဖြစ်ချင်လို့..
လုပ်ပေးနေတာ.ရှင်းပြီလား.""
ခါးသက်..ပါးစပ်ထဲရှိရာလျှောက်ပြောလိုက်တော့..လွန်းငြိမ်ကျသွားလေသည်။ ခါးသက်လည်း.အချိန်ဆွဲမနေတော့ဘဲ...ချက်ချင်း..လွန်းပွေ့ချီပြီး..ဆေးခန်းဆီကိုအမြန်သွားလေတော့သည်။
     နေလင်းသာ တစ်ယောက်တည်းသာ..ဒေါသတွေအတူကျန်ရစ်ခဲ့လေသည်။လက်သီးကို..ကျစ်ကျစ်ပါအောင်..ဆုပ်ကိုင်ထားရင်း..
""ကိုကိုညာနေတာ..ကိုကိုဘယ်တုန်းက.ပတ်ဝန်းကျင်ဆိုတဲ့အရာကြီးကို..ဂရုစိုက်ခဲ့ဖူးလို့လဲ..ဘာ..အများမြင်မှာ..လူဆိုးမဖြစ်ချင်လို့..ဟုတ်လား..အဟက်..အရမ်းကိုရယ်ရတဲ့..ဟာသတစ်ပုဒ်ဘဲ..ကိုကို..အဲ့လူကြီးကို..ချစ်မိ​သွားပြီလား..ဟင့်အင်း..အဲ့လိုမဖြစ်ရဘူး..
ကိုကို..အဲ့လူကြီးကို.မချစ်ရဘူး..
လုံးဝမချစ်ရဘူး...""
(အေး..အေး..မင်းအဲ့မှာအော်နေလိုက်.လျှာရှည်တာလေ..လွန်းကို.သွားပြီးရန်စနေတာ..မင်းသာ.ငြိမ်ငြိမ်လေးနေရင်..အခုလောက်ဆို..ခါးသက်နဲ့..ပျော်ပျော်ကြီးထမင်းပေါင်းစားနေရလောက်ပြီ🤭🤭🤭🤭)
❤❤❤❤
အပိုင်း🍓၂၇🍓မျှော်ပေးကြဦးမှာလားဟင်..။အခုတလောစာတင်တာ..နောက်ကျတဲ့ဦးကို..စိတ်ပျက်နေကြပြီလားဟင်..။ဦးလဲ.အတတ်နိုင်ဆုံး..ရေးပေးနေတာပါ..။၂ရက်တစ်ပိုင်းပုံမှန်တင်နိုင်အောင်...ကြိုးစားပေးပါ့မယ်😘။
                   ⭐ညှို့စက်ကွင်း⭐

ဝိုးတဝါးအိမ်မက်Where stories live. Discover now